မတၱရာတြင္ စစ္ေကာင္စီသတင္းေပးဟု သတ္မွတ္ခံထားရသူ နာမည္ႀကီး ၫႊန႔္ကိုကို သြားေရာက္ဖမ္းဆီးစဥ္ ထြက္ေျပး သျဖင့္ ပစ္ခတ္ရာမွ ေသဆုံး

ရန္ကုန္၊ ႏိုဝင္ဘာ ၁

မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္၊ငယ္တိုးေက်း႐ြာတြင္ စစ္ေကာင္စီသတင္းေပးဟု သတ္မွတ္ နာမည္ႀကီးသူ ၫႊန႔္ကိုကို သြားေရာက္ဖမ္းဆီးစဥ္ ထြက္ေျပးသျဖင့္ ပစ္ခတ္ရာမွ ေသဆုံးသြားေၾကာင္း သိရွိရသည္။

ေအာက္တိုဘာလ ၃၁ ရက္ ည ၆ နာရီ ၃၀ မိနစ္အခ်ိန္တြင္ မဟာမိတ္မ်ားျဖစ္ေသာ Unicorn Guerrilla Force ႏွင့္ SKY HERO-Madaya အဖြဲ႕က စစ္ေကာင္စီကိုသတင္းေပးေနသည့္ ငယ္တိုးေက်း႐ြာမွ ၫႊန႔္ကို သြားေရာက္ ဖမ္းဆီးေၾကာင္း၊

စစ္တပ္ကို ၎က ေထာက္ကူေပးေနသည့္အ ခ်က္အလက္မ်ားကို ေမးျမန္းရန္အတြက္ ေကာင္းမြန္စြာပင္ ဖမ္းဆီးထိန္းသိမ္းခဲ့ေသာ္လည္း အဖမ္းမခံဘဲ ထြက္ေျပးခဲ့ေၾကာင္း၊ မေျပးရန္ ပစ္ခတ္ဖမ္းဆီးရာမွ ၫႊန႔္ကို ေသဆုံးသြားခဲ့ေၾကာင္း သိရွိရသည္။

ၫြန႔္ကို သည္ မတၱရာၿမိဳ႕နယ္ ဧရာဝတီျမစ္ေၾကာင္းတစ္ေလ်ာက္ရွိ ႐ြာမ်ားအား စစ္ေၾကာင္းေခၚ၍ ျပည္သူမ်ားကို ဒုကၡေပးျခင္း၊ ေက်း႐ြာေနျပည္သူမ်ားထံမွ မီတာခမ်ား အဓမၼေကာက္ခံျခင္း၊

စကစႏွင့္ ေပါင္း၍ အျပစ္မရွိေသာ သူမ်ားကို PDF ဟုစြပ္စြဲကာ ေနအိမ္မ်ားကို လိုက္လံျပသျခင္း၊ စစ္တပ္ထံ သတင္းေပးျခင္းစသည့္ အေၾကာင္းအရာမ်ားေၾကာင့္ ဖမ္းဆီးရန္ ျပင္ဆင္ေနစဥ္ ထြက္ေျပးျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“က်ေနာ္တို႔က သူ႔ဆီက အခ်က္အလက္လိုခ်င္တာပါ သူက ထြက္ေျပးတာ။ က်ေနာ္တို႔က သူ႔ကို ဘာမွ မလုပ္ဘူးဆိုတာလည္း ေျပာတယ္။ အဲဒါကို သူက အခ်က္အလက္ေတြ မေပးဘဲ ထြက္ေျပးတာ” ဟု ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက ေျပာဆိုသည္။

========

မတ္တရာတွင် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ နာမည်ကြီး ညွှန့်ကိုကို သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေး သဖြင့် ပစ်ခတ်ရာမှ သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ငယ်တိုးကျေးရွာတွင် စစ်ကောင်စီသတင်းပေးဟု သတ်မှတ် နာမည်ကြီးသူ ညွှန့်ကိုကို သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

အောက်တိုဘာလ ၃၁ ရက် ည ၆ နာရီ ၃၀ မိနစ်အချိန်တွင် မဟာမိတ်များဖြစ်သော Unicorn Guerrilla Force နှင့် SKY HERO-Madaya အဖွဲ့က စစ်ကောင်စီကိုသတင်းပေးနေသည့် ငယ်တိုးကျေးရွာမှ ညွှန့်ကို သွားရောက် ဖမ်းဆီးကြောင်း၊

စစ်တပ်ကို ၎င်းက ထောက်ကူပေးနေသည့်အ ချက်အလက်များကို မေးမြန်းရန်အတွက် ကောင်းမွန်စွာပင် ဖမ်းဆီးထိန်းသိမ်းခဲ့သော်လည်း အဖမ်းမခံဘဲ ထွက်ပြေးခဲ့ကြောင်း၊ မပြေးရန် ပစ်ခတ်ဖမ်းဆီးရာမှ ညွှန့်ကို သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ညွန့်ကို သည် မတ္တရာမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျောက်ရှိ ရွာများအား စစ်ကြောင်းခေါ်၍ ပြည်သူများကို ဒုက္ခပေးခြင်း၊ ကျေးရွာနေပြည်သူများထံမှ မီတာခများ အဓမ္မကောက်ခံခြင်း၊

စကစနှင့် ပေါင်း၍ အပြစ်မရှိသော သူများကို PDF ဟုစွပ်စွဲကာ နေအိမ်များကို လိုက်လံပြသခြင်း၊ စစ်တပ်ထံ သတင်းပေးခြင်းစသည့် အကြောင်းအရာများကြောင့် ဖမ်းဆီးရန် ပြင်ဆင်နေစဉ် ထွက်ပြေးခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့က သူ့ဆီက အချက်အလက်လိုချင်တာပါ သူက ထွက်ပြေးတာ။ ကျနော်တို့က သူ့ကို ဘာမှ မလုပ်ဘူးဆိုတာလည်း ပြောတယ်။ အဲဒါကို သူက အချက်အလက်တွေ မပေးဘဲ ထွက်ပြေးတာ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *