မႏၲေလးၿမိဳ႕ေပၚမွာ စစ္ကားတန္းနဲ႔ အခ်ဳပ္ကား ႏွစ္ေနရာ ေဖာက္ခြဲတိုက္ခိုက္ခံရ၊

ထိခိုက္မႈရွိၿပီး စစ္အုပ္စုက ေသာင္းက်န္းရမ္းကား ပစ္ခတ္ေန၊

MFP ၊ ႏိုဝငာၻ – ၁

မႏၲေလးၿမိဳ႕မွာ ဒီေန႔ ႏိုဝင္ဘာ (၁) ရက္ မနက္(၆)နာရီႏွင့္ (၉)နာရီဝန္းက်င္ေတြမွာ စစ္အုပ္စုရဲ႕ ကားတန္းနဲ႔ အခ်ဳပ္ကားေတြ ႏွစ္ေနရာမွာ ေဖာက္ခြဲ တိုက္ခိုက္ခံရၿပီး စစ္အုပ္စု ေသာင္းက်န္းရမ္းကား ပစ္ခတ္ေနတယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက ေျပာပါတယ္။

ဒီမနက္ (၆)နာရီခြဲက မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ (၁၂)လမ္းနဲ႔ (၈၈)လမ္းေထာင့္မွာ ၿမိဳ႕အနံ႔လွည့္ကာ ျပည္သူကို ရန္ျပဳေသာင္းက်န္းေနတဲ့ စစ္အုပ္စု အင္အား (၃၀)ေလာက္ပါတဲ့ Double Cup တစ္စီး၊ Faw ကားတစ္စီးနဲ႔ ရဲကားတစ္စီးကို ပေဒသာမိုင္း သုံးလုံးနဲ႔ ေဖာက္ခြဲတိုက္ခိုက္ခဲ့ၿပီး စခနဲ႔ ရခ အမ်ားအျပား ထိခိုက္ေသဆုံးႏိုင္ကာ ကားႏွစ္စီး ရပ္တန႔္ပ်က္စီးသြားတယ္လို႔ GZP (Mandalay) က ထုတ္ျပန္ပါတယ္။

အဲ့ဒီ တိုက္ခိုက္မႈကို GZP(Mandalay)၊ ပုသိမ္ႀကီးၿမိဳ႕နယ္ (ပကဖ)၊ G 6 Star ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕တို႔က ပူးေပါင္းေဆာင္႐ြက္ခဲ့တာလို႔ ေဖာ္ျပထားပါတယ္။

“အုံးခံရသည့္ကားကို အေရွ႕မွ စခကားျဖင့္ ကြယ္ထားၿပီး အင္အား အမ်ားအျပား ေရာက္ေနေသာေၾကာင့္ ေခြးအထိခိုက္ကို မသိရေသးပါ”လို႔ မႏၲေလး ေျမျပင္ကင္းေထာက္ Vomdy က ေဖာ္ျပပါတယ္။

ဒါ့အျပင္ ဒီမနက္ (၉)နာရီခြဲဝန္းက်င္မွာလည္း မႏၲေလးၿမိဳ႕၊ (၇၈)လမ္းနဲ႔ (၄၂)ခုံးေက်ာ္တံတား၊ စစ္အုပ္စု အမွတ္ (၁၁) ရဲစခန္းအနီးမွာ ေပါက္ကြဲသံ အက်ယ္ႀကီး ၾကားခဲ့ရၿပီးေနာက္ ေသနတ္ပစ္ခတ္သံေတြ ဆက္တိုက္ ၾကားခဲ့ရတယ္လို႔ Vomdy က ေဖာ္ျပထားပါတယ္။

“အမွတ္(၁၁)ရဲစခန္းနားရွိ အခ်ဳပ္ကား ဗုံးထုခံရေၾကာင္း သိရွိရသည္။ အခ်ဳပ္ကားေမာင္း ႏွစ္ေယာက္ႏွင့္ ေနာက္လိုက္ ဆိုင္ကယ္ အရပ္ဝတ္ တစ္ေယာက္ ထိခိုက္ကာ လူနာတင္ယာဥ္ျဖင့္ ေခၚေဆာင္သြားေၾကာင္း သိရွိရသည္။ ငရဲေရာက္မေရာက္ မသိရွိရေသးေပ။

ယခု စခကားတစ္စီး ေရာက္လာၿပီး ေခြးအေကာင္ (၃၀)ျဖင့္ လမ္းၾကားထဲ ပတ္ရွာေနေၾကာင္း သိရ။ လာတဲ့သူမွန္သမွ်ကို ပစ္လႊတ္ေနၿပီး စခမ်ားဖက္က ေကာင္မေလးေတြကို အဓိကထား လိုက္ရွာေန” လို႔ Vomdy က ဆိုပါတယ္။

အမွတ္(၁၁)စခန္းအနီး ေပါက္ကြဲမႈျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး အေသးစိတ္ အေျခအေနကိုေတာ့ မသိရေသးပါဘူး။

ဒါ့အျပင္ ဒီမနက္ပိုင္း မႏၲေလးၿမိဳ႕သစ္ (၅၅)လမ္းနဲ႔ မေနာ္ဟရီလမ္းေထာင့္ ယာဥ္ထိန္း႐ုံးမွာ စစ္အာဏာရွင္ ဆန႔္က်င္ေရး စာတန္း ခ်ိတ္ဆြဲခဲ့ၿပီး စစ္ေကာင္စီ သစၥာခံ အရပ္ဝတ္လက္နက္ကိုင္ေတြ လာျဖဳတ္တဲ့အခ်ိန္ ေဖာက္ခြဲခဲ့ေပမယ့္ ပစၥည္း Error ျဖစ္ၿပီးေတာ့ မကြဲခဲ့ဘူးလို႔လည္း Voice of Mandalay က ေဖာ္ျပထားပါတယ္။

မႏၲေလးမွာ စစ္အုပ္စုက ျပည္သူကို ဥပေဒမဲံ ထင္တိုင္းက်ဲ ဖမ္းဆီးသတ္ျဖတ္ေနသလို စစ္အုပ္စုနဲ႔ ဆက္စပ္တဲ့ ေနရာေတြကိုလည္း ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ေတြက တိုက္ခိုက္ေနတာ ျဖစ္ပါတယ္။

=========

မန္တလေးမြို့ပေါ်မှာ စစ်ကားတန်းနဲ့ အချုပ်ကား နှစ်နေရာ ဖောက်ခွဲတိုက်ခိုက်ခံရ၊

ထိခိုက်မှုရှိပြီး စစ်အုပ်စုက သောင်းကျန်းရမ်းကား ပစ်ခတ်နေ၊

MFP ၊ ႏိုဝင္ဘာ – ၁

မန္တလေးမြို့မှာ ဒီနေ့ နိုဝင်ဘာ (၁) ရက် မနက်(၆)နာရီနှင့် (၉)နာရီဝန်းကျင်တွေမှာ စစ်အုပ်စုရဲ့ ကားတန်းနဲ့ အချုပ်ကားတွေ နှစ်နေရာမှာ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်အုပ်စု သောင်းကျန်းရမ်းကား ပစ်ခတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီမနက် (၆)နာရီခွဲက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၁၂)လမ်းနဲ့ (၈၈)လမ်းထောင့်မှာ မြို့အနံ့လှည့်ကာ ပြည်သူကို ရန်ပြုသောင်းကျန်းနေတဲ့ စစ်အုပ်စု အင်အား (၃၀)လောက်ပါတဲ့ Double Cup တစ်စီး၊ Faw ကားတစ်စီးနဲ့ ရဲကားတစ်စီးကို ပဒေသာမိုင်း သုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စခနဲ့ ရခ အများအပြား ထိခိုက်သေဆုံးနိုင်ကာ ကားနှစ်စီး ရပ်တန့်ပျက်စီးသွားတယ်လို့ GZP (Mandalay) က ထုတ်ပြန်ပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို GZP(Mandalay)၊ ပုသိမ်ကြီးမြို့နယ် (ပကဖ)၊ G 6 Star ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

“အုံးခံရသည့်ကားကို အရှေ့မှ စခကားဖြင့် ကွယ်ထားပြီး အင်အား အများအပြား ရောက်နေသောကြောင့် ခွေးအထိခိုက်ကို မသိရသေးပါ”လို့ မန္တလေး မြေပြင်ကင်းထောက် Vomdy က ဖော်ပြပါတယ်။

ဒါ့အပြင် ဒီမနက် (၉)နာရီခွဲဝန်းကျင်မှာလည်း မန္တလေးမြို့၊ (၇၈)လမ်းနဲ့ (၄၂)ခုံးကျော်တံတား၊ စစ်အုပ်စု အမှတ် (၁၁) ရဲစခန်းအနီးမှာ ပေါက်ကွဲသံ အကျယ်ကြီး ကြားခဲ့ရပြီးနောက် သေနတ်ပစ်ခတ်သံတွေ ဆက်တိုက် ကြားခဲ့ရတယ်လို့ Vomdy က ဖော်ပြထားပါတယ်။

“အမှတ်(၁၁)ရဲစခန်းနားရှိ အချုပ်ကား ဗုံးထုခံရကြောင်း သိရှိရသည်။ အချုပ်ကားမောင်း နှစ်ယောက်နှင့် နောက်လိုက် ဆိုင်ကယ် အရပ်ဝတ် တစ်ယောက် ထိခိုက်ကာ လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ငရဲရောက်မရောက် မသိရှိရသေးပေ။

ယခု စခကားတစ်စီး ရောက်လာပြီး ခွေးအကောင် (၃၀)ဖြင့် လမ်းကြားထဲ ပတ်ရှာနေကြောင်း သိရ။ လာတဲ့သူမှန်သမျှကို ပစ်လွှတ်နေပြီး စခများဖက်က ကောင်မလေးတွေကို အဓိကထား လိုက်ရှာနေ” လို့ Vomdy က ဆိုပါတယ်။

အမှတ်(၁၁)စခန်းအနီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် ဒီမနက်ပိုင်း မန္တလေးမြို့သစ် (၅၅)လမ်းနဲ့ မနော်ဟရီလမ်းထောင့် ယာဉ်ထိန်းရုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲခဲ့ပြီး စစ်ကောင်စီ သစ္စာခံ အရပ်ဝတ်လက်နက်ကိုင်တွေ လာဖြုတ်တဲ့အချိန် ဖောက်ခွဲခဲ့ပေမယ့် ပစ္စည်း Error ဖြစ်ပြီးတော့ မကွဲခဲ့ဘူးလို့လည်း Voice of Mandalay က ဖော်ပြထားပါတယ်။

မန္တလေးမှာ စစ်အုပ်စုက ပြည်သူကို ဥပဒေမဲံ ထင်တိုင်းကျဲ ဖမ်းဆီးသတ်ဖြတ်နေသလို စစ်အုပ်စုနဲ့ ဆက်စပ်တဲ့ နေရာတွေကိုလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *