“မႏၲေလးတြင္ အခ်ဳပ္ကားလုံၿခဳံေရး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ကင္းလွည့္စစ္ကားမိုင္းျဖင့္တိုက္ခိုက္ခံရ၊ စလင္းၿမိဳ႕အဝင္ဂိတ္တြင္ ေပါက္ကြဲမႈျဖစ္ၿပီး စစ္သား ၂ ဦးေသဆုံး၊ေျမာင္ၿမိဳ႕နယ္ေထြ/အုပ္႐ုံးႏွင့္ဘီးလင္းၿမိဳ႕တိုးဂိတ္ တိုက္ခိုက္ခံရ”

ရန္ကုန္၊ ႏိုဝင္ဘာ ၁

မႏၲေလးၿမိဳ႕တြင္ ယေန႔ မိုင္းခြဲတိုက္ခိုက္မႈ ၂ ခုျဖစ္ပြားၿပီး အမွတ္ ၁၁ ရဲစခန္းအနီးတြင္ အခ်ဳပ္ကားလုံၿခဳံေရး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား မိုင္းခြဲခံရျခင္း၊ ေအာင္ေျမသာစံတြင္ ကင္းလွည့္ေနသည့္ စစ္ကား ၃ စီး မိုင္းဆြဲခံရျခင္းတို႔ ျဖစ္ပြားေၾကာင္း သိရွိရသည္။

ႏိုဝင္ဘာလ ၁ ရက္ေန႔ နံနက္ ၉ နာရီ ၃၀ မိနစ္ဝန္းက်င္အခ်ိန္ ၇၈ လမ္း ၄၂ ေထာင့္၊ အမွတ္ ၁၁ ရဲစခန္းအနီး အခ်ဳပ္ကားဗုံးထုခံရေၾကာင္း၊ အခ်ဳပ္ကားေမာင္း ရဲ ၂ ဦးႏွင့္ အရပ္ဝတ္ ရဲ တခ်ိဳ႕ ထိခိုက္ဒဏ္ရာရကာ လူနာတင္ယာဥ္ျဖင့္ေခၚေဆာင္သြားေၾကာင္း၊ စစ္တပ္က ပိတ္ဆို႔စစ္ေဆးေနေၾကာင္း မႏၲေလးသတင္းရင္းျမစ္ VOMDY၏ သတင္းေဖာ္ျပခ်က္ ႏွင့္ ေဒသခံမ်ား၏ ေျပာဆိုခ်က္အရ သိရွိရသည္။

“CCTV ဘယ္အိမ္မွာရွိလဲဆိုၿပီး လိုက္ေမးေနတယ္။ မွတ္တမ္းလိုက္ေတာင္းေနတယ္။ ဗုံးထုတဲ့သူ ဒီလမ္းေတြ အိမ္ေတြ ဝင္ေျပးတယ္ဆိုတာမ်ိဳးလည္းေျပာတယ္။ အဲဒီဗုံးထုခံရတဲ့အနားတဈဝိုက်ကို ပိတ္ၿပီး စစ္တပ္နဲ႔ရဲက စစ္ေနတာပါ”ဟု မႏၲေလးေဒသခံတစ္ဦးက ေျပာဆိုသည္။

အလားတူ ႏိုဝင္ဘာလ ၁ ရက္ေန႔ နံနက္ ၆ နာရီခြဲအခ်ိန္ မႏၲေလး ၊ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ ကင္းလွည့္ေနသည့္ စစ္ကား ၃ စီးကို မိုင္းျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း မႏၲေလးၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ Generation Z Power က သတင္းထုတ္ျပန္သည္။

ေျမာက္ျပင္ရပ္ ၁၂လမ္း ႏွင့္ ၈၆လမ္းေထာင့္တြင္ ကင္းလွည့္လာသည့္ စစ္ကား ၂ စီး ၊ ရဲကား ၁ စီးတို႔ကို ပေဒသာမိုင္း ၃ လုံးျဖင့္ တိုက္ခိုက္ခဲ္ေၾကာင္း၊စစ္ေကာင္စီဘက္မွ ထိခိုက္ေသဆုံးမႈ ရွိႏိုင္ေသာ္လည္းအတိအက် မသိရွိရေၾကာင္း၊ တိုက္ခိုက္မႈကို Generation Z Power ၊ ပုသိမ္ႀကီးပကဖ၊ G 6 Star ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕တို႔က ပူးေပါင္းတိုက္ခိုက္ျခင္းျဖစ္ေၾကာင္း ၊ ကား ၂ စီး ထိုးရပ္သြားၿပီး ေအာ္ငိုသံၾကားရသည္ဟု သတင္းထုတ္ျပန္ထားသည္။

အလားတူ ေအာက္တိုဘာလ ၃၁ ရက္ေန႔ မြန္းတည့္ ၁၂ နာရီ ၁၅ မိနစ္အခ်ိန္ စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္ ေထြအုပ္႐ုံးအနီးတြင္ ပါဆယ္မိုင္း သုံးလုံး ေပါက္ကြဲရာ စစ္တပ္က အသုံးျပဳေနသည့္ နစ္ဆန္း AD ဗင္ကား ထိခိုက္ပ်က္စီးသြားေၾကာင္း ၊ မိုင္းခြဲမႈကို ေဒါင္းညီေနာင္ႏွင့္ မဟာမိတ္တာေတႀကီးအဖြဲ႕က ပူးေပါင္း တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ထို႔အတူ ႏိုဝင္ဘာလ ၁ ရက္ေန႔ နံနက္ ၉ နာရီ ၁၅ မိနစ္အခ်ိန္ မေကြးတိုင္း၊ စလင္းႀကီးၿမိဳ႕နယ္ ၊ ကန္ျပားလမ္းဆုံ၊ ေျမာက္ဘက္ဂိတ္တြင္ ဗုံးေပါက္ကြဲၿပီး စစ္သား ၂ ဦး ေသဆုံးၿပီး ၁ ဦး အျပင္းအထန္ဒဏ္ရာရေၾကာင္း၊ မည္သည့္အဖြဲ႕က တိုက္ခိုက္သည္ကို မသိရွိရေသးေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကသည္။

ထို႔ျပင္ မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္ တိုးဂိတ္အေဟာင္းတြင္ ေအာက္တို ဘာလ ၃၁ ရက္ေန႔ ည ၉ နာရီ အခ်ိန္က စစ္ေကာင္စီတပ္မ်ားကို အမည္မသိ လက္နက္ကိုင္မ်ားက လာေရာက္ပစ္ခတ္သျဖင့္ တိုက္ပြဲ ျဖစ္ပြားေၾကာင္း၊

ဘီးလင္းရဲစခန္းမွ ရဲမ်ား၏ ဇနီးႏွင့္ကေလးမ်ားက အထုပ္မ်ားဆြဲကာ ရပ္ကြက္မ်ားအတြင္း ထြက္ေျပးၾကေၾကာင္း၊ ဘီးလင္းတိုးဂိတ္အေဟာင္းတြင္ တိုက္ပြဲ ျပင္း ထန္ခဲ့ၿပီး ႏွစ္ဖက္ လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ နာရီဝက္နီးပါး အျပန္အလွန္ ပစ္ခတ္ၾကေၾကာင္း ၊ ႏွစ္ဖက္ ထိခိုက္က်ဆုံးမႈ အေျခအေန မသိရွိရေသးေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္။

Khit Thit (1 Nov 2022)

============

“မန္တလေးတွင် အချုပ်ကားလုံခြုံရေး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကင်းလှည့်စစ်ကားမိုင်းဖြင့်တိုက်ခိုက်ခံရ၊ စလင်းမြို့အဝင်ဂိတ်တွင် ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊မြောင်မြို့နယ်ထွေ/အုပ်ရုံးနှင့်ဘီးလင်းမြို့တိုးဂိတ် တိုက်ခိုက်ခံရ”

ရန်ကုန်၊ နိုဝင်ဘာ ၁

မန္တလေးမြို့တွင် ယနေ့ မိုင်းခွဲတိုက်ခိုက်မှု ၂ ခုဖြစ်ပွားပြီး အမှတ် ၁၁ ရဲစခန်းအနီးတွင် အချုပ်ကားလုံခြုံရေး စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲခံရခြင်း၊ အောင်မြေသာစံတွင် ကင်းလှည့်နေသည့် စစ်ကား ၃ စီး မိုင်းဆွဲခံရခြင်းတို့ ဖြစ်ပွားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ၇၈ လမ်း ၄၂ ထောင့်၊ အမှတ် ၁၁ ရဲစခန်းအနီး အချုပ်ကားဗုံးထုခံရကြောင်း၊ အချုပ်ကားမောင်း ရဲ ၂ ဦးနှင့် အရပ်ဝတ် ရဲ တချို့ ထိခိုက်ဒဏ်ရာရကာ လူနာတင်ယာဉ်ဖြင့်ခေါ်ဆောင်သွားကြောင်း၊ စစ်တပ်က ပိတ်ဆို့စစ်ဆေးနေကြောင်း မန္တလေးသတင်းရင်းမြစ် VOMDY၏ သတင်းဖော်ပြချက် နှင့် ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

“CCTV ဘယ်အိမ်မှာရှိလဲဆိုပြီး လိုက်မေးနေတယ်။ မှတ်တမ်းလိုက်တောင်းနေတယ်။ ဗုံးထုတဲ့သူ ဒီလမ်းတွေ အိမ်တွေ ဝင်ပြေးတယ်ဆိုတာမျိုးလည်းပြောတယ်။ အဲဒီဗုံးထုခံရတဲ့အနားတဈဝိုကျကို ပိတ်ပြီး စစ်တပ်နဲ့ရဲက စစ်နေတာပါ”ဟု မန္တလေးဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မန္တလေး ၊အောင်မြေသာစံမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကား ၃ စီးကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ Generation Z Power က သတင်းထုတ်ပြန်သည်။

မြောက်ပြင်ရပ် ၁၂လမ်း နှင့် ၈၆လမ်းထောင့်တွင် ကင်းလှည့်လာသည့် စစ်ကား ၂ စီး ၊ ရဲကား ၁ စီးတို့ကို ပဒေသာမိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ်ကြောင်း၊စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်းအတိအကျ မသိရှိရကြောင်း၊ တိုက်ခိုက်မှုကို Generation Z Power ၊ ပုသိမ်ကြီးပကဖ၊ G 6 Star ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၊ ကား ၂ စီး ထိုးရပ်သွားပြီး အော်ငိုသံကြားရသည်ဟု သတင်းထုတ်ပြန်ထားသည်။

အလားတူ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ထွေအုပ်ရုံးအနီးတွင် ပါဆယ်မိုင်း သုံးလုံး ပေါက်ကွဲရာ စစ်တပ်က အသုံးပြုနေသည့် နစ်ဆန်း AD ဗင်ကား ထိခိုက်ပျက်စီးသွားကြောင်း ၊ မိုင်းခွဲမှုကို ဒေါင်းညီနောင်နှင့် မဟာမိတ်တာတေကြီးအဖွဲ့က ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်း၊ စလင်းကြီးမြို့နယ် ၊ ကန်ပြားလမ်းဆုံ၊ မြောက်ဘက်ဂိတ်တွင် ဗုံးပေါက်ကွဲပြီး စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရကြောင်း၊ မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကို မသိရှိရသေးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တိုးဂိတ်အဟောင်းတွင် အောက်တို ဘာလ ၃၁ ရက်နေ့ ည ၉ နာရီ အချိန်က စစ်ကောင်စီတပ်များကို အမည်မသိ လက်နက်ကိုင်များက လာရောက်ပစ်ခတ်သဖြင့် တိုက်ပွဲ ဖြစ်ပွားကြောင်း၊

ဘီးလင်းရဲစခန်းမှ ရဲများ၏ ဇနီးနှင့်ကလေးများက အထုပ်များဆွဲကာ ရပ်ကွက်များအတွင်း ထွက်ပြေးကြကြောင်း၊ ဘီးလင်းတိုးဂိတ်အဟောင်းတွင် တိုက်ပွဲ ပြင်း ထန်ခဲ့ပြီး နှစ်ဖက် လက်နက်ကြီး လက်နက်ငယ်များဖြင့် နာရီဝက်နီးပါး အပြန်အလှန် ပစ်ခတ်ကြကြောင်း ၊ နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။

Khit Thit (1 Nov 2022)

Leave a Reply

Your email address will not be published. Required fields are marked *