အႏုၾကမ္းလာစီးသူတစ္ဦးကို အိမ္ရွင္အမ်ိဳးသမီးက ျပန္လည္တိုက္ခိုက္၍ ရဲလက္အပ္

CjPlatform🖋️ကိုေပါက္

ဖ်ာပုံၿမိဳ႕နယ္ အမွတ္ ၃ ရပ္ကြက္ အထက ၂ ေက်ာင္းေရွ႕ရွိ ေနအိမ္တစ္အိမ္ကို ယေန႔ နံနက္အေစာပိုင္းက အႏုၾကမ္းၾကမ္းစီးသူတစ္ဦးမွာ ဝင္ေရာက္လာစဥ္ အိမ္ရွင္အမ်ိဳးသမီးက ျပန္လည္ခုခံေနစဥ္ ပတ္ဝန္းက်င္မွ သိရွိသြားၿပီး ဝိုင္းဝန္းဖမ္းဆီးကာ ရဲလက္အပ္ႏွံခဲ့သည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္။

သားအမိႏွစ္ဦးတည္းေနထိုင္သည့္ ေနအိမ္ကို ယေန႔ နံနက္ေလးနာရီက အမည္မသိအမ်ိဳးသားတစ္ဦးက ဝင္ေရာက္၍ အိမ္ရွင္အမ်ိဳးသမီးကို ဓားေထာက္လုခဲ့ရာ အိမ္ရွင္အမ်ိဳးသမီးႏွင့္ သားျဖစ္သူမွ ျပန္လည္ခုံခံ၍ ဒဏ္ရာရရွိကာသူခိုးကို ရပ္ကြက္မွ ဖမ္းမိခဲ့ျခင္းျဖစ္သည္ဟု ၿမိဳ႕ခံတစ္ဦးက CJ Platform ကို ေျပာသည္။

“အမွန္က ဝင္ခိုးတာ အိမ္ရွင္ႏိုးေတာ့ မလြတ္ေတာ့ ဓားျပၿပီးလုတယ္ အိမ္ရွင္အမ်ိဳးသမီးက အိပ္ယာထဲ ေဆာင္ထားတဲံ ဓားရွည္နဲ႔ျပန္ခုတ္တာ အဲ့ဒီအခ်ိန္မွာ သူ႔သားေလးႏိုးသြားၿပီး ျပန္ခုခံတာ သားအမိႏွစ္ဦး ဒဏ္ရာရတယ္ ဒါေပမဲ့ ပတ္ဝန္းက်င္က သိသြားတယ္ သူခိုးေျပးလို႔ မလြတ္ဘူး မိတယ္ ရဲစခန္းကို အပ္ လိုက္တယ္”ဟု ေျပာသည္။

အိမ္ရွင္အမ်ိဳးသမီးမွာ လုယက္သူအမ်ိဳးသား၏ ဓားခ်က္ေၾကာင့္ ျပတ္ရွဒဏ္ရာတစ္ခ်က္ႏွင့္ သားျဖစ္သူတြင္လည္းျပတ္ရွဒဏ္ရာမ်ား ရရွိခဲ့ၿပီး ဖ်ာပုံၿမိဳနယ္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ထားသည္ဟု ရပ္မိရပ္ဖတစ္ဦးက CJ Platform ကို ေျပာသည္။

“အေတာ္သတၱိရွိတဲ့ အမ်ိဳးသမီး ဖ်ာပုံမွာကလဲ ၿပီးခဲ့တဲ့လေတြက ဓားျပမႈေတြျဖစ္တယ္ အခု အိမ္တိုင္း ဓားေဆာင္ ထားၾကတာ”ဟု ရွင္းျပသည္။

လက္ရွိအေျခအေနတြင္ ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသားကိုဖ်ာပုံၿမိဳ႕မရဲစခန္းတြင္ ဖမ္းဆီးထိန္းသိမ္းထားသည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္။

ဖ်ာပုံၿမိဳ႕ အမွတ္ ၉ ရပ္ကြက္တြင္ ၂၀၂၂ ခုႏွစ္ မတ္ လ ၉ရက္ေန႔က ေနအိမ္တစ္အိမ္ကို အမည္မသိအမ်ိဳးသားေတြက ဓားျပတိုက္ခဲ့ရာ ေ႐ႊ ၂၀ သားႏွင့္ ေငြက်ပ္ သိန္း ၃၀၀ ပါသြားခဲ့သည့္ ျဖစ္စဥ္လည္း ရွိခဲ့သည္။

==========

အနုကြမ်းလာစီးသူတစ်ဦးကို အိမ်ရှင်အမျိုးသမီးက ပြန်လည်တိုက်ခိုက်၍ ရဲလက်အပ်

CjPlatform🖋️ကိုပေါက်

ဖျာပုံမြို့နယ် အမှတ် ၃ ရပ်ကွက် အထက ၂ ကျောင်းရှေ့ရှိ နေအိမ်တစ်အိမ်ကို ယနေ့ နံနက်အစောပိုင်းက အနုကြမ်းကြမ်းစီးသူတစ်ဦးမှာ ဝင်ရောက်လာစဉ် အိမ်ရှင်အမျိုးသမီးက ပြန်လည်ခုခံနေစဉ် ပတ်ဝန်းကျင်မှ သိရှိသွားပြီး ဝိုင်းဝန်းဖမ်းဆီးကာ ရဲလက်အပ်နှံခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

သားအမိနှစ်ဦးတည်းနေထိုင်သည့် နေအိမ်ကို ယနေ့ နံနက်လေးနာရီက အမည်မသိအမျိုးသားတစ်ဦးက ဝင်ရောက်၍ အိမ်ရှင်အမျိုးသမီးကို ဓားထောက်လုခဲ့ရာ အိမ်ရှင်အမျိုးသမီးနှင့် သားဖြစ်သူမှ ပြန်လည်ခုံခံ၍ ဒဏ်ရာရရှိကာသူခိုးကို ရပ်ကွက်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကို ပြောသည်။

“အမှန်က ဝင်ခိုးတာ အိမ်ရှင်နိုးတော့ မလွတ်တော့ ဓားပြပြီးလုတယ် အိမ်ရှင်အမျိုးသမီးက အိပ်ယာထဲ ဆောင်ထားတဲံ ဓားရှည်နဲ့ပြန်ခုတ်တာ အဲ့ဒီအချိန်မှာ သူ့သားလေးနိုးသွားပြီး ပြန်ခုခံတာ သားအမိနှစ်ဦး ဒဏ်ရာရတယ် ဒါပေမဲ့ ပတ်ဝန်းကျင်က သိသွားတယ် သူခိုးပြေးလို့ မလွတ်ဘူး မိတယ် ရဲစခန်းကို အပ် လိုက်တယ်”ဟု ပြောသည်။

အိမ်ရှင်အမျိုးသမီးမှာ လုယက်သူအမျိုးသား၏ ဓားချက်ကြောင့် ပြတ်ရှဒဏ်ရာတစ်ချက်နှင့် သားဖြစ်သူတွင်လည်းပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ဖျာပုံမြိုနယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားသည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကို ပြောသည်။

“အတော်သတ္တိရှိတဲ့ အမျိုးသမီး ဖျာပုံမှာကလဲ ပြီးခဲ့တဲ့လတွေက ဓားပြမှုတွေဖြစ်တယ် အခု အိမ်တိုင်း ဓားဆောင် ထားကြတာ”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် ပြစ်မှုကျူးလွန်သူ အမျိုးသားကိုဖျာပုံမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု မြို့ခံတွေဆီက သိရသည်။

ဖျာပုံမြို့ အမှတ် ၉ ရပ်ကွက်တွင် ၂၀၂၂ ခုနှစ် မတ် လ ၉ရက်နေ့က နေအိမ်တစ်အိမ်ကို အမည်မသိအမျိုးသားတွေက ဓားပြတိုက်ခဲ့ရာ ရွှေ ၂၀ သားနှင့် ငွေကျပ် သိန်း ၃၀၀ ပါသွားခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *