စစ္တပ္အိမ္ရာဝင္းကို လုံၿခဳံေရးဝန္ထမ္း ၅ ေယာက္က ဓားျပဝင္တိုက္

ဘန္ေကာက္၊ ေအာက္တိုဘာ ၃၁

ဘန္ေကာက္ၿမိဳ႕က စစ္တပ္အိမ္ရာဝင္းတခုကို ဓားျပဝင္တိုက္ခဲ့တဲ့ လုံၿခဳံေရးဝန္ထမ္း ၅ ေယာက္ကို တနဂၤေႏြေန႔က ဖမ္းဆီးရမိခဲ့ပါတယ္။

သူတို႔က ဘတ္ ၂ သိန္းတန္ဖိုးရွိ မိုးႀကိဳးလႊဲ ၄ ေခ်ာင္းကို ခိုးယူခဲ့ၿပီး ေမွာင္ခိုေဈးကြက္မွာျပန္လည္ေရာင္းခ်ခ်ိန္ တခုစီအတြက္ ဘတ္ ၁၆၀၀၀ သာ ရခဲ့ပါတယ္။

အဲဒီအုပ္စုကို စစ္ေဆးရာမွာ မူးယစ္ေဆးသုံးစြဲထားေၾကာင္းလည္း ေတြ႕ရပါတယ္။လုံၿခဳံေရးကင္မရာေတြကို စစ္ေဆးၿပီးေနာက္ ဘန္ေကာက္ၿမိဳ႕၊ ဒြန္ေမာင္းနယ္ေျမမွာရွိတဲ့ စစ္တပ္ဝင္းလုံၿခဳံေရးတာဝန္ယူထားတဲ့ စစ္သားတေယာက္က ရဲတပ္ဖြဲ႕ဆီ အမႈဖြင့္တိုင္ၾကားခဲ့တာပါ။

ရဲေတြက စုံစမ္းစစ္ေဆးခဲ့ရာမွာ ေအာက္တိုဘာ ၁၅ ရက္နဲ႔ ၂၄ ရက္တို႔မွာ အဲဒီလူ ၅ ေယာက္က ကြန္ဒို ၄ ခုထဲခိုးဝင္ၿပီး ေခါင္မိုးေတြေပၚတက္ကာ မိုးႀကိဳးလႊဲေတြကို အစိတ္စိတ္အႁမြာႁမြာျဖစ္ေအာင္ လုပ္ၿပီး အိတ္ေတြထဲထည့္ကာ အနားမွာႀကိဳတင္ရပ္ထားခဲ့တဲ့ ဗန္ကားထဲထည့္ၿပီး ထြက္ေျပးခဲ့ၾကတယ္လို႔ ေတြ႕ရပါတယ္။

အိမ္ရာဝင္းနဲ႔ ၅ ကီလိုမီတာအကြာေလာက္မွာေနထိုင္တဲ့ ကားပိုင္ရွင္ ပန္ယာ ဆမ္ဆီေသာင္ရဲ႕အိမ္ကို ရဲေတြဝင္‌ေရာက္စီးနင္းခဲ့ရာ ေနာက္ထပ္ ၄ ေယာက္ကိုပါ ဖမ္းမိခဲ့ပါတယ္။

အဲဒီ ၅ ေယာက္စလုံးကို ခိုးမႈနဲ႔စြဲခ်က္တင္ထားၿပီး ေထာင္ ၃ ႏွစ္နဲ႔ ဒဏ္ေငြဘတ္ ၆၀၀၀ ေက်ာ္ေပးေဆာင္ရဖို႔ရွိေနပါတယ္။

Source – The Thaiger

MeKongNews

==========

စစ်တပ်အိမ်ရာဝင်းကို လုံခြုံရေးဝန်ထမ်း ၅ ယောက်က ဓားပြဝင်တိုက်

ဘန်ကောက်၊ အောက်တိုဘာ ၃၁

ဘန်ကောက်မြို့က စစ်တပ်အိမ်ရာဝင်းတခုကို ဓားပြဝင်တိုက်ခဲ့တဲ့ လုံခြုံရေးဝန်ထမ်း ၅ ယောက်ကို တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

သူတို့က ဘတ် ၂ သိန်းတန်ဖိုးရှိ မိုးကြိုးလွှဲ ၄ ချောင်းကို ခိုးယူခဲ့ပြီး မှောင်ခိုဈေးကွက်မှာပြန်လည်ရောင်းချချိန် တခုစီအတွက် ဘတ် ၁၆၀၀၀ သာ ရခဲ့ပါတယ်။

အဲဒီအုပ်စုကို စစ်ဆေးရာမှာ မူးယစ်ဆေးသုံးစွဲထားကြောင်းလည်း တွေ့ရပါတယ်။လုံခြုံရေးကင်မရာတွေကို စစ်ဆေးပြီးနောက် ဘန်ကောက်မြို့၊ ဒွန်မောင်းနယ်မြေမှာရှိတဲ့ စစ်တပ်ဝင်းလုံခြုံရေးတာဝန်ယူထားတဲ့ စစ်သားတယောက်က ရဲတပ်ဖွဲ့ဆီ အမှုဖွင့်တိုင်ကြားခဲ့တာပါ။

ရဲတွေက စုံစမ်းစစ်ဆေးခဲ့ရာမှာ အောက်တိုဘာ ၁၅ ရက်နဲ့ ၂၄ ရက်တို့မှာ အဲဒီလူ ၅ ယောက်က ကွန်ဒို ၄ ခုထဲခိုးဝင်ပြီး ခေါင်မိုးတွေပေါ်တက်ကာ မိုးကြိုးလွှဲတွေကို အစိတ်စိတ်အမြွာမြွာဖြစ်အောင် လုပ်ပြီး အိတ်တွေထဲထည့်ကာ အနားမှာကြိုတင်ရပ်ထားခဲ့တဲ့ ဗန်ကားထဲထည့်ပြီး ထွက်ပြေးခဲ့ကြတယ်လို့ တွေ့ရပါတယ်။

အိမ်ရာဝင်းနဲ့ ၅ ကီလိုမီတာအကွာလောက်မှာနေထိုင်တဲ့ ကားပိုင်ရှင် ပန်ယာ ဆမ်ဆီသောင်ရဲ့အိမ်ကို ရဲတွေဝင်‌ရောက်စီးနင်းခဲ့ရာ နောက်ထပ် ၄ ယောက်ကိုပါ ဖမ်းမိခဲ့ပါတယ်။

အဲဒီ ၅ ယောက်စလုံးကို ခိုးမှုနဲ့စွဲချက်တင်ထားပြီး ထောင် ၃ နှစ်နဲ့ ဒဏ်ငွေဘတ် ၆၀၀၀ ကျော်ပေးဆောင်ရဖို့ရှိနေပါတယ်။

Source – The Thaiger

MeKongNews

Leave a Reply

Your email address will not be published. Required fields are marked *