၊ျမစ္ထဲကိုမၿပိဳက်မီ၊ေယာက္်ားေလး ၁၅-၂၀နီးပါးက တံတားကို လႈပ္ယမ္းခဲ့တဲ့ ဝမ္းနည္းဖြယ္႐ုပ္သံမွတ္တမ္း

အိႏၵိယ ႀကိဳးတံတားၿပိဳက်မႈေၾကာင့္ လူေသဆုံးမႈအေရအတြက္ ၁၃၀ ေက်ာ္အထိရွိလာ

အိႏၵိယ၊ ေအာက္တိုဘာ ၃၁

အိႏၵိယႏိုင္ငံက လူအစုလိုက္အၿပဳံလိုက္ စုေဝးေရာက္ရွိခဲ့ၿပီးေနာက္ ရာစုႏွစ္တစ္ခုၾကာသက္တမ္းရွိခဲ့ တဲ့ လူကူးႀကိဳးတံတားၿပိဳက်မႈေၾကာင့္ ေသဆုံးသူအေရ အတြက္ဟာ ဆက္လက္ျမင့္တက္လာခဲ့ တယ္လို႔ ေနာက္ဆက္တြဲ ထုတ္ျပန္တဲ့ သတင္းေတြအရ သိရပါတယ္။

သတင္းေတြရဲ႕ ေရးသား ေဖာ္ျပခ်က္အရ အခုထက္ထိကို ေသဆုံးသူအေရအတြက္ဟာ ၁၃၄ ဦး ရွိေနၿပီျဖစ္ေၾကာင္း ဆိုပါ တယ္။

လူမ်ားလြန္းတာေၾကာင့္ တံတားၿပိဳက်ခဲ့တယ္လို႔ တာဝန္ ရွိသူေတြက ေျပာၾကားခဲ့ပါ တယ္။ အိႏၵိယႏိုင္ငံ၊ အေနာက္ပိုင္း ဂူဂ်ာရတ္ျပည္နယ္က တံတားတစ္စင္း ဟာ မေန႔က ေအာက္တိုဘာလ ၃၀ ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ညေနခင္း ၆ နာရီ မိနစ္ ၄၀ ( ယူေကစံေတာ္ခ်ိန္ မြန္းလြဲ ၁ နာရီ ၁၀ မိနစ္) မွာ ၿပိဳက်ခဲ့ေၾကာင္း တာဝန္ရွိသူေတြက ေျပာၾကားခဲ့ ပါတယ္။

ႀကိဳးတံတားပ်က္က်မႈေၾကာင့္ ေမာ္ဘီၿမိဳ႕ မက္ကာခ်ဴးျမစ္ထဲ လူရာနဲ႔ခ်ီျပဳတ္က်ၿပီးေနာက္ ေသဆုံးသူ ၁၃၀ ေက်ာ္ ရွိၿပီး လူ ၁၀၀ ခန႔္လည္း ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။ တံတားေအာက္မွာလည္း အျခား လူ ၁၀၀ ခန႔္ ပိတ္မိႏိုင္ေၾကာင္း အာဏာပိုင္ေတြက တနဂၤေႏြေန႔မွာ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ လူေပါင္း ၉၀ ကို ထပ္မံ ကယ္တင္ႏိုင္ခဲ့ေၾကာင္းလည္း ကနဦးမွာ ဆိုပါတယ္။

အခင္းျဖစ္ပြားရာ ေနရာက ဗြီဒီယိုဖိုင္ထဲ ေရထဲမွာ ႀကိဳးတံတားရဲ႕ တစ္စိတ္တစ္ပိုင္းေပၚကို တြယ္တက္ဖို႔ ႀကိဳးစားေနတဲ့ သူေတြကို ျမင္ေတြ႕ရပါတယ္။ ပ်က္က်ခ်ိန္မွာႀကိဳးတံတားေပၚ လူ ၄၀၀ ခန႔္ရွိေၾကာင္းလည္း ေဒသတြင္း မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။ အဆိုပါ ေရွးေဟာင္းသမိုင္းဝင္ တံတားကို ျပဳျပင္မႈေတြလုပ္ေဆာင္ဖို႔ ေျခာက္လၾကာပိတ္ထားခဲ့ၿပီးေနာက္ ျပန္လည္ဖြင့္လွစ္ၿပီး ၄ ရက္အၾကာမွာ အခုလို မေတာ္တဆျဖစ္ရပ္ျဖစ္ပြားျခင္းျဖစ္ပါတယ္။

တံတားပ်က္က်ရျခင္းအေၾကာင္းအရင္းကို ရွင္းရွင္းလင္းလင္း မသိရေသးေသာ္လည္းပဲ ဒီပါဝလီ ပြဲေတာ္ေၾကာင့္ လူေတြျပည့္က်ပ္ေနျခင္းျဖစ္ႏိုင္ေၾကာင္း ေဒသဆိုင္ရာ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။

မီတာ ၂၃၀ ရွည္လ်ားတဲ့ သမိုင္းဝင္ႀကိဳးတံတားကို အိႏၵိယဟာ ၿဗိတိသွ် အင္ပါယာရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ခ်ိန္ ၁၉ ရာစုအတြင္း ေဆာက္လုပ္ခဲ့တာလို႔ သိရပါတယ္။ ေမြးရပ္ျပည္နယ္ကို အလည္အပတ္ ေရာက္ရွိေနတဲ့ ဝန္ႀကီးခ်ဳပ္ နာရင္ဒရာ မိုဒီကလည္း ကယ္ဆယ္ေရးလုပ္ငန္း ခ်က္ခ်င္းလုပ္ေဆာင္ဖို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ အားေျပာၾကားခဲ့ပါတယ္။

===========

၊မြစ်ထဲကိုမပြိုကျမီ၊ယောက်ျားလေး ၁၅-၂၀နီးပါးက တံတားကို လှုပ်ယမ်းခဲ့တဲ့ ဝမ်းနည်းဖွယ်ရုပ်သံမှတ်တမ်း

အိန္ဒိယ ကြိုးတံတားပြိုကျမှုကြောင့် လူသေဆုံးမှုအရေအတွက် ၁၃၀ ကျော်အထိရှိလာ

အိန္ဒိယ၊ အောက်တိုဘာ ၃၁

အိန္ဒိယနိုင်ငံက လူအစုလိုက်အပြုံလိုက် စုဝေးရောက်ရှိခဲ့ပြီးနောက် ရာစုနှစ်တစ်ခုကြာသက်တမ်းရှိခဲ့ တဲ့ လူကူးကြိုးတံတားပြိုကျမှုကြောင့် သေဆုံးသူအရေ အတွက်ဟာ ဆက်လက်မြင့်တက်လာခဲ့ တယ်လို့ နောက်ဆက်တွဲ ထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။

သတင်းတွေရဲ့ ရေးသား ဖော်ပြချက်အရ အခုထက်ထိကို သေဆုံးသူအရေအတွက်ဟာ ၁၃၄ ဦး ရှိနေပြီဖြစ်ကြောင်း ဆိုပါ တယ်။

လူများလွန်းတာကြောင့် တံတားပြိုကျခဲ့တယ်လို့ တာဝန် ရှိသူတွေက ပြောကြားခဲ့ပါ တယ်။ အိန္ဒိယနိုင်ငံ၊ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်က တံတားတစ်စင်း ဟာ မနေ့က အောက်တိုဘာလ ၃၀ ရက်နေ့ ဒေသစံတော်ချိန် ညနေခင်း ၆ နာရီ မိနစ် ၄၀ ( ယူကေစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်) မှာ ပြိုကျခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ ပါတယ်။

ကြိုးတံတားပျက်ကျမှုကြောင့် မော်ဘီမြို့ မက်ကာချူးမြစ်ထဲ လူရာနဲ့ချီပြုတ်ကျပြီးနောက် သေဆုံးသူ ၁၃၀ ကျော် ရှိပြီး လူ ၁၀၀ ခန့်လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ တံတားအောက်မှာလည်း အခြား လူ ၁၀၀ ခန့် ပိတ်မိနိုင်ကြောင်း အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပြီး နောက်ထပ် လူပေါင်း ၉၀ ကို ထပ်မံ ကယ်တင်နိုင်ခဲ့ကြောင်းလည်း ကနဦးမှာ ဆိုပါတယ်။

အခင်းဖြစ်ပွားရာ နေရာက ဗွီဒီယိုဖိုင်ထဲ ရေထဲမှာ ကြိုးတံတားရဲ့ တစ်စိတ်တစ်ပိုင်းပေါ်ကို တွယ်တက်ဖို့ ကြိုးစားနေတဲ့ သူတွေကို မြင်တွေ့ရပါတယ်။ ပျက်ကျချိန်မှာကြိုးတံတားပေါ် လူ ၄၀၀ ခန့်ရှိကြောင်းလည်း ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ရှေးဟောင်းသမိုင်းဝင် တံတားကို ပြုပြင်မှုတွေလုပ်ဆောင်ဖို့ ခြောက်လကြာပိတ်ထားခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ပြီး ၄ ရက်အကြာမှာ အခုလို မတော်တဆဖြစ်ရပ်ဖြစ်ပွားခြင်းဖြစ်ပါတယ်။

တံတားပျက်ကျရခြင်းအကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်းပဲ ဒီပါဝလီ ပွဲတော်ကြောင့် လူတွေပြည့်ကျပ်နေခြင်းဖြစ်နိုင်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

မီတာ ၂၃၀ ရှည်လျားတဲ့ သမိုင်းဝင်ကြိုးတံတားကို အိန္ဒိယဟာ ဗြိတိသျှ အင်ပါယာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ချိန် ၁၉ ရာစုအတွင်း ဆောက်လုပ်ခဲ့တာလို့ သိရပါတယ်။ မွေးရပ်ပြည်နယ်ကို အလည်အပတ် ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကလည်း ကယ်ဆယ်ရေးလုပ်ငန်း ချက်ချင်းလုပ်ဆောင်ဖို့ ပြည်နယ်ဝန်ကြီးချုပ် အားပြောကြားခဲ့ပါတယ်။

ရုပ်သံကြည့်ရန်👇👇👇

Leave a Reply

Your email address will not be published. Required fields are marked *