ပုလဲမှာ ခိုးရာပါပစ္စည်း နွားလှည်းနဲ့ သယ်တဲ့ စစ်အုပ်စုကို တိုက်ခိုက်၊
▪️စစ်အုပ်စု ထွက်ပြေးသွားရာ နွားလှည်း၊ ဆီပေပါနှင့် ရိက္ခာတချို့ သိမ်းဆည်းရရှိ၊

အောက်တိုဘာ – ၃၀

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းကနေ အင်မထီးပျူစခန်း ရှိရာဘက်ကို နွားလှည်းတွေနဲ့ ခိုးရာပါပစ္စည်း သယ်လာတဲ့ စစ်အုပ်စုကို မနေ့က မနက်ပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စကစတွေ အထိနာပြီး ထွက်ပြေးသွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း(၇) – Royal Eagle PDF က သတင်း ထုတ်ပြန်ပါတယ်

အောက်တိုဘာ(၂၉)ရက် မနက်(၁၁)နာရီက ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ကန့်ဒေါင့်နယ်မြေရဲစခန်းကနေ အင်ပင်ထီးပျူစခန်းဘက်ကို နွားလှည်အစီး(၄၀)ကျော်၊ စကစနှင့်ပျူ အင်အား(၉၀)ကျော်နဲ့ ရိက္ခာ၊ အသုံးဆောင်ပစ္စည်တွေ သယ်ဆောင်လာချိန် ပုလဲမြို့နယ်အခြေစိုက် မဟာမိတ် တပ်ပေါင်းစုတွေဖြစ်တဲ့ ယင်းမာ

ပင်ခရိုင် တပ်ရင်း(၇) – Royal Eagle PDF၊ ခရိုင်တပ်ရင်း(၈) – Head Quarters၊ ခရိုင်တပ်ရင်း(၉) – PRA၊ ခရိုင်တပ်ရင်း(၁၂)- Guerilla Ranger၊ ခရိုင်တပ်ရင်း(၁၃)-PRA၊ ခရိုင်တပ်ရင်း(၁၉)-Pale Joker နှင့် ဒေသခံ PDF တွေ ပူးပေါင်းပြီး ကြားဖြတ် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်

“စကစ+ပျူ များစွာ ထိခိုက် သေဆုံး များနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသော စကစ များကို လှည်ပေါ် စုပုံထပ်တင်ပြီး ခွေးပြေး၊ ဝက်ပြေး၊ နွားပြေး (လှည်နဲ့ဆိုတော့လေ) ပြေးသွားခဲ့ပါတယ်

ကျွန်တော်တို့ Royal Eagle PDF မှ ရဲဘော်တစ်ယောက် လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရပါ။ အကြမ်းဖက် စကစထံမှ လှည်သုံးစီး၊ လောင်စာဆီပေပါ လေးလုံး၊ စားဆီ တစ်ပုံး၊ ဆန် နှစ်အိတ် သိမ်းဆည်း ရရှိခဲ့ပါတယ်” လို့ Royal Eagle က ဖော်ပြပါတယ်

ယင်းမာပင်ခရိုင် တပ်ရင်း(၇) – Royal Eagle PDF အပါအဝင် ပုလဲဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ စစ်အုပ်စုနဲ့ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကျည်ဆံဖိုး အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။
*တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတော့ ကျည်အရေးပေါ် လိုအပ်နေ ပါတယ်။ နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီ အားဖြည့်ပေးကြပါလို့ တောင်းဆိုပါတယ်ဗျ* လို့ Royal Eagle က ဖော်ပြပါတယ်

စစ်အုပ်စုဟာ ပုလဲနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ဖမ်းဆီးငွေညှစ်၊ ဖောက်ထွင်းခိုးယူပြီး ခိုးရာပါ ပစ္စည်းတွေကို ပြန်လည်ရောင်းချတာ၊ ပျူတွေကို ခွဲဝေပေးတာတွေ လုပ်ဆောင်နေပါတယ်
MFP – Hlaing Info

ရုပ်သံကြည့်ရန်👇👇👇

Leave a Reply

Your email address will not be published. Required fields are marked *