PDFမ်ားက ငါ့သေရာက္စခန္းစီးနင္းမႈ ႐ုပ္သံထုတ္ျပန္

စစ္ေကာင္စီတပ္ႏွင့္ရဲတပ္ဖြဲ႕ဝင္ ထိခိုက္က်ဆုံးမႈမ်ားခဲ့သည့္ မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ႕နယ္၊ ငါ့ သေရာက္ၿမိဳ႕ရဲစခန္းအားPDFမ်ားက တိုက္ခိုက္မႈ႐ုပ္သံမွတ္တမ္းအား ေတာင္သာအေျခစိုက္ TTA ေျပာက္က်ားတပ္က ထုတ္ျပန္သည္

ယမန္ေန႔ ေအာက္တိုဘာလ ၂၉ ရက္ ညေန ၄ နာရီခြဲအခ်ိန္က ေတာင္သာ-ေညာင္ဦးအစပ္ရွိ ငါ့သေရာက္ၿမိဳ႕ရဲစခန္းအား ျမင္းၿခံခ႐ိုင္တပ္ရင္း၃
ေတာင္သာအေျခစိုက္အဖြဲ႕တို႔က ဝင္ေရာက္တိုက္ခိုက္ခဲ့သည္

၄၅ မိနစ္ခန႔္ၾကာျမင့္ခဲ့ၿပီး ညေန ၅ နာရီခြဲအခ်ိန္တြင္ စခန္းကို သိမ္းပိုက္ႏိုင္ခဲ့သည္ စခန္းမႉး၊ ဒုရဲအုပ္၊ တပ္ၾကပ္ ရဲေမတစ္ဦးအပါအဝင္ စစ္တပ္ႏွင့္ရဲတပ္ဖြဲ႕ဝင္ ၁၁ ဦး thayဆုံးခဲ့ေၾကာင္း TTA ေျပာက္က်ားတပ္က ျပန္ၾကားေရးတာဝန္ခံက ေျပာသည္

ငါ့သေရာက္ရဲစခန္းကိုတိုက္စဥ္ ေတာ္လွန္ေရး အင္အားစုမွ တပ္ခြဲမႉး ေဝၿဖိဳး(TTA) က်ဆုံးခဲ့သည္။ က်ဆုံးသူမွာ ျမင္းၿခံခ႐ိုင္ တပ္ရင္းအမွတ္(၃)တပ္ခြဲ(၂) မွ တပ္ခြဲမႉး

TTA-ေျပာက္က်ားတပ္ ဒုေခါင္းေဆာင္ State Agriculture institute (S.A.l)ပုသိမ္ႀကီး ပထမႏွစ္ေက်ာင္းသား အသက္ ၂၁ ႏွစ္အ႐ြယ္ ေမာင္ေဝၿဖိဳး(ေခၚ) ဝင္းကိုရွိန္ ျဖစ္သည္

က်န္ရဲေဘာ္မ်ား အထိအခိုက္မရွိဆုတ္ခြာႏိုင္ခဲ့ေၾကာင္း၊ စခန္းသိမ္းတိုက္ပြဲတြင္ တပ္ရင္း၃ႏွင့္အတူ 27Revolution Force ၊ Bagan Ogre Force ၊ Black Tiger ၊ Natogyi Regional Force၊ တပ္ခြဲ ၁ ေျမလတ္ PDF၊ တပ္ခြဲ ၂ TTA ေျပာက္က်ားတပ္(ေတာင္သာ)၊ Seven People Defense Force၊ MGN Black Tiger တို႔ ပူးေပါင္းတိုက္ခိုက္ခဲ့ေၾကာင္း အသိေပးထားသည္

==========

PDFများက ငါ့သရောက်စခန်းစီးနင်းမှု ရုပ်သံထုတ်ပြန်

စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင် ထိခိုက်ကျဆုံးမှုများခဲ့သည့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့ သရောက်မြို့ရဲစခန်းအားPDFများက တိုက်ခိုက်မှုရုပ်သံမှတ်တမ်းအား တောင်သာအခြေစိုက် TTA ပြောက်ကျားတပ်က ထုတ်ပြန်သည်

ယမန်နေ့ အောက်တိုဘာလ ၂၉ ရက် ညနေ ၄ နာရီခွဲအချိန်က တောင်သာ-ညောင်ဦးအစပ်ရှိ ငါ့သရောက်မြို့ရဲစခန်းအား မြင်းခြံခရိုင်တပ်ရင်း၃
တောင်သာအခြေစိုက်အဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်

၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ညနေ ၅ နာရီခွဲအချိန်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့သည် စခန်းမှူး၊ ဒုရဲအုပ်၊ တပ်ကြပ် ရဲမေတစ်ဦးအပါအဝင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၁၁ ဦး thayဆုံးခဲ့ကြောင်း TTA ပြောက်ကျားတပ်က ပြန်ကြားရေးတာဝန်ခံက ပြောသည်

ငါ့သရောက်ရဲစခန်းကိုတိုက်စဉ် တော်လှန်ရေး အင်အားစုမှ တပ်ခွဲမှူး ဝေဖြိုး(TTA) ကျဆုံးခဲ့သည်။ ကျဆုံးသူမှာ မြင်းခြံခရိုင် တပ်ရင်းအမှတ်(၃)တပ်ခွဲ(၂) မှ တပ်ခွဲမှူး

TTA-ပြောက်ကျားတပ် ဒုခေါင်းဆောင် State Agriculture institute (S.A.l)ပုသိမ်ကြီး ပထမနှစ်ကျောင်းသား အသက် ၂၁ နှစ်အရွယ် မောင်ဝေဖြိုး(ခေါ်) ဝင်းကိုရှိန် ဖြစ်သည်

ကျန်ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲတွင် တပ်ရင်း၃နှင့်အတူ 27Revolution Force ၊ Bagan Ogre Force ၊ Black Tiger ၊ Natogyi Regional Force၊ တပ်ခွဲ ၁ မြေလတ် PDF၊ တပ်ခွဲ ၂ TTA ပြောက်ကျားတပ်(တောင်သာ)၊ Seven People Defense Force၊ MGN Black Tiger တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်

Leave a Reply

Your email address will not be published. Required fields are marked *