ျမန္မာ့အိမ္နီးခ်င္း အိႏၵိယႏိုင္ငံမွာ တံတားပ်က္က်လို႔ အနည္းဆုံး လူ ၃ဝ ေသဆုံး

■ ျမန္မာအိမ္နီးခ်င္း အိႏၵိယႏိုင္ငံမွာ ႀကိဳးတံတားပ်က္က်လို႔ အနည္းဆုံး လူ ၃ဝ ေသဆုံးခဲ့ပါတယ္။

တနဂၤေႏြေန႔က အိႏၵိယႏိုင္ငံအေနာက္ပိုင္း Gujarat ျပည္နယ္ Machhu ျမစ္ေပၚက ႀကိဳးတံတားပ်က္က်ခဲ့တာပါ။ အဲ့အခ်ိန္က လူ ၄ဝဝ ေက်ာ္ေလာက္ တံတားေပၚမွာရွိေနခဲ့ပါတယ္

လတ္တေလာမွာ ၃ဝ ေလာက္ ေသဆုံးေၾကာင္းနဲ႔ ေတာ္ေတာ္မ်ားမ်ားကို ျမစ္ထဲကေန ကယ္ဆယ္ႏိုင္ေပမဲ့ တခ်ိဳ႕လည္း ေပ်ာက္ေနတုန္းပဲလို႔ ထိခိုက္ဒဏ္ရာရတဲ့သူေတြကို ေခၚေဆာင္သြားတဲ့ ေဆး႐ုံတာဝန္ရွိသူတစ္ဦးက Reuters သတင္းဌာနကို ေျပာပါတယ္

အခုပ်က္က်ခဲ့တဲ့ ႀကိဳးတံတားဟာ ၂၃ဝ မီတာရွည္ၿပီး ၁၉ ရာစုႏွစ္ အဂၤလိပ္ကိုလိုနီလက္ထက္က ေဆာက္ခဲ့တဲ့ သမိုင္းဝင္တံတား ျဖစ္ပါတယ္

ႏွစ္ေပါင္းမ်ားစြာ အိုမင္းေနၿပီျဖစ္တဲ့ ဒီတံတားကို ျပန္မြမ္းမံဖို႔ ၆ လေလာက္ ပိတ္ထားခဲ့ၿပီး၊ ၿပီးခဲ့တဲ့တပတ္ကမွ ျပန္ဖြင့္ေပးခဲ့တာျဖစ္ပါတယ္

Photo: Reuters

==============

မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ တံတားပျက်ကျလို့ အနည်းဆုံး လူ ၃ဝ သေဆုံး

■ မြန်မာအိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ကြိုးတံတားပျက်ကျလို့ အနည်းဆုံး လူ ၃ဝ သေဆုံးခဲ့ပါတယ်။

တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံအနောက်ပိုင်း Gujarat ပြည်နယ် Machhu မြစ်ပေါ်က ကြိုးတံတားပျက်ကျခဲ့တာပါ။ အဲ့အချိန်က လူ ၄ဝဝ ကျော်လောက် တံတားပေါ်မှာရှိနေခဲ့ပါတယ်

လတ်တလောမှာ ၃ဝ လောက် သေဆုံးကြောင်းနဲ့ တော်တော်များများကို မြစ်ထဲကနေ ကယ်ဆယ်နိုင်ပေမဲ့ တချို့လည်း ပျောက်နေတုန်းပဲလို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ခေါ်ဆောင်သွားတဲ့ ဆေးရုံတာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနကို ပြောပါတယ်

အခုပျက်ကျခဲ့တဲ့ ကြိုးတံတားဟာ ၂၃ဝ မီတာရှည်ပြီး ၁၉ ရာစုနှစ် အင်္ဂလိပ်ကိုလိုနီလက်ထက်က ဆောက်ခဲ့တဲ့ သမိုင်းဝင်တံတား ဖြစ်ပါတယ်

နှစ်ပေါင်းများစွာ အိုမင်းနေပြီဖြစ်တဲ့ ဒီတံတားကို ပြန်မွမ်းမံဖို့ ၆ လလောက် ပိတ်ထားခဲ့ပြီး၊ ပြီးခဲ့တဲ့တပတ်ကမှ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်

Photo: Reuters

Leave a Reply

Your email address will not be published. Required fields are marked *