ၿမိတ္ကိုသြားသည့္ စစ္ယာဥ္တန္း မိုင္းဆြဲ ပစ္ခတ္တိုက္ခိုက္ခံရ(႐ုပ္/သံ)

ရန္ကုန္၊ ေအာက္တိုဘာ ၃၀

တနသၤာရီတိုင္း၊ ထားဝယ္ဘက္ကေန ၿမိတ္ဘက္ကို ထြက္ခြာလာတဲ့ ကား ၁၃ စီးပါ စစ္ယာဥ္တန္းကို ႏွစ္ႀကိမ္တိတိ မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀ ဦးထက္မနည္း ေသဆုံးခဲ့တယ္လို႔ ေတာႀကီး ေႁမြေဟာက္အဖြဲ႕က ဒီကေန႔ သတင္းထုတ္ျပန္ပါတယ္။

ေအာက္တိုဘာ ၂၈ ရက္ေန႔ မြန္းလြဲ ၃ နာရီဝန္းက်င္မွာ မင္းထိန္႐ြာနဲ႔ ပဝတ္ကုန္း႐ြာၾကားမွာ မိုင္းဆြဲတိုက္ခိုက္ခဲ့ခ်ိန္မွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀ ဦးထက္မနည္းေသဆုံးကာ ၁၀ ဦးထက္မနည္း ထိခိုက္ဒဏ္ရာရခဲ့တယ္ ေတာႀကီး ေႁမြေဟာက္အဖြဲ႕က ဆိုပါတယ္။

ရန္ကုန္ေခတ္သစ္အေနနဲ႔ေတာ့ ေျမျပင္အေျခအေနမွာ စစ္သားေတြ ေသဆုံးမႈ အေျခအေနကိုေတာ့အတည္မျပဳႏိုင္ေသးပါဘူး

တိုက္ခိုက္ခံရတဲ့ အဆိုပါယာဥ္တန္းဟာ ည ၁၀ နာရီခြဲဝန္းက်င္မွာလည္း စက္ေတာ္ရာ႐ြာအနီးမွာ ပေဒသာမိုင္းနဲ႔ ဆက္လက္တိုက္ခိုက္ခံခဲ့ရၿပီး စစ္ကား ၂ စီးထိခိုက္ပ်က္စီးကာ စစ္သား ထိခိုက္ေသဆုံးရွိခဲ့ေပမဲ့ အတိအက်ကိုေတာ့အတည္မျပဳႏိုင္ေသးဘူးလို႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္

အဆိုပါတိုက္ခိုက္မႈကို ေတာႀကီးေႁမြေဟာက္အဖြဲ႕နဲ႔ ဗိုလ္ေခါင္းျဖဴစစ္ေၾကာင္းတို႔ ပူးေပါင္းတိုက္ခိုက္ခဲ့တာျဖစ္ပါတယ္

အဲဒီ စစ္ယာဥ္တန္းဟာ ပုေလာၿမိဳ႕နယ္အေျခစိုက္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ တိုက္ခိုက္မႈကို မင္းထိန္႐ြာအနီးမွာလည္း ခံခဲ့ရေသးတယ္လို႔ သိရပါတယ္

=======

မြိတ်ကိုသွားသည့် စစ်ယာဉ်တန်း မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရ(ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၃၀

တနင်္သာရီတိုင်း၊ ထားဝယ်ဘက်ကနေ မြိတ်ဘက်ကို ထွက်ခွာလာတဲ့ ကား ၁၃ စီးပါ စစ်ယာဉ်တန်းကို နှစ်ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တောကြီး မြွေဟောက်အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ မင်းထိန်ရွာနဲ့ ပဝတ်ကုန်းရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ် တောကြီး မြွေဟောက်အဖွဲ့က ဆိုပါတယ်။

ရန်ကုန်ခေတ်သစ်အနေနဲ့တော့ မြေပြင်အခြေအနေမှာ စစ်သားတွေ သေဆုံးမှု အခြေအနေကိုတော့အတည်မပြုနိုင်သေးပါဘူး

တိုက်ခိုက်ခံရတဲ့ အဆိုပါယာဉ်တန်းဟာ ည ၁၀ နာရီခွဲဝန်းကျင်မှာလည်း စက်တော်ရာရွာအနီးမှာ ပဒေသာမိုင်းနဲ့ ဆက်လက်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကား ၂ စီးထိခိုက်ပျက်စီးကာ စစ်သား ထိခိုက်သေဆုံးရှိခဲ့ပေမဲ့ အတိအကျကိုတော့အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်

အဆိုပါတိုက်ခိုက်မှုကို တောကြီးမြွေဟောက်အဖွဲ့နဲ့ ဗိုလ်ခေါင်းဖြူစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်

အဲဒီ စစ်ယာဉ်တန်းဟာ ပုလောမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကို မင်းထိန်ရွာအနီးမှာလည်း ခံခဲ့ရသေးတယ်လို့ သိရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *