တ႐ုတ္ဘက္က ေဈးေကာင္းေပးဝယ္ေနလို႔ ပူတာအိုေဒသတြင္ ေက်ာက္ဂ်ပိုးရွာေဖြသူမ်ားျပားေနၿပီး ႏို႔ဆီဘူးတစ္ဘူးလွ်င္ က်ပ္တစ္ေသာင္းအထိ ေဈးရေနကာ ေက်ာက္ဂ်ပိုးတစ္ပိႆာလွ်င္ သိန္းခ်ီအထိေဈးရေနတာျဖစ္တယ္လို႔ ပူတာအိုေဒသခံမ်ားထံမွ သိရပါတယ

အခုတေလာ ပူတာအိုေဒသမွာ ေက်ာက္ဂ်ပိုးေတြရွာ ေနၾကတယ္။ သူက ေက်ာက္တုံး၊ေက်ာက္ခဲေတြၾကားမွာကပ္ေနတဲ့အေကာင္ေလးေတြေပါ့

ေဘခ်ီဥရွာသေလာက္ေတာ့ သူက အႏၲရာယ္မမ်ားဘူး။ ေက်ာက္ဂ်ပိုးက ျမစ္စပ္ေတြ ေခ်ာင္းစပ္ေတြမွာရွာရတာေပါ့။ ေက်ာက္ဂ်ပိုးက ေဆးဘက္ဝင္တယ္

ဘီပိုး၊စီပိုးအတြက္ေကာင္းတယ္ေျပာတယ္ ရန္ကုန္အေခၚက ႏို႔ဆီတစ္ဘူးေပါ့ ပူတာအိုအေခၚက တစ္ခြက္ေပါ့ တစ္ခြက္ကို ေဈးက တစ္ေသာင္းေပးဝယ္တယ္လို႔ ေျပာပါတယ္ လို႔ ပူတာအို ေဒသခံတစ္ဦးက ေျပာျပပါတယ္

ေက်ာက္ဂ်ပိုးကို တ႐ုတ္လုပ္ငန္းရွင္မ်ားက ေဈးေကာင္းေပးဝယ္ၾကၿပီး တစ္ပိႆာလွ်င္ ေငြက်ပ္တစ္သိန္းေက်ာ္ခန႔္ရရွိကာ တစ္ခါတစ္ရံ ရွာေဖြသူအလြန္မ်ားျပားသျဖင့္ ပိုးေကာင္ရွားပါးမႈႏွင့္ ႀကဳံရတယ္လို႔ ေဒသခံေတြရဲ႕ ေျပာျပမႈအရ သိရပါတယ္

ေက်ာက္ဂ်ပိုးကို ပူတာအိုေဒသရွိ မူလာရွီးဒီးေခ်ာင္းထဲတြင္အမ်ားဆုံးရွာေဖြၾကတယ္လို႔ သိရၿပီး ေက်ာက္ဂ်ပိုးကို ညေနပိုင္းအခ်ိန္တြင္ ေခ်ာင္းမ်ားအနီးရွိ သဲေသာင္ျပင္ႏွင့္ ေက်ာက္တုံးေက်ာက္ခဲမ်ား ေအာက္တြင္လိုက္လံ ရွာေဖြ ဖမ္းဆီးၾကရတာျဖစ္တယ္လို႔ ဆိုပါတယ္

ပူတာအိုၿမိဳ႕တြင္ ပုံမွန္အားျဖင့္ ေက်ာက္ဂ်ပိုးကို ႏိုဝင္ဘာလႏွင့္ ဒီဇင္ဘာလ ႏွစ္လအတြင္း ရွာေဖြရၿပီး ၂၀၁၉ ခုႏွစ္မွ စတင္ကာ တ႐ုတ္ဘက္မွ လုပ္ငန္းရွင္မ်ားက ေဈးေကာင္းေပးဝယ္ယူလာသည့္ အတြက္ ရွာေဖြမႈ ေတြ ပိုမိုမ်ားျပားလာျခင္းခဲ့ၾကျခင္းျဖစ္တယ္လို႔လည္း သိရပါတယ္

ပုံစာ – ေက်ာက္ဂ်ပိုးရွာေဖြေနၾကသည့္ ပူတာအိုေဒသခံမ်ားအား ေတြ႕ရစဥ္

==========

တရုတ်ဘက်က ဈေးကောင်းပေးဝယ်နေလို့ ပူတာအိုဒေသတွင် ကျောက်ဂျပိုးရှာဖွေသူများပြားနေပြီး နို့ဆီဘူးတစ်ဘူးလျှင် ကျပ်တစ်သောင်းအထိ ဈေးရနေကာ ကျောက်ဂျပိုးတစ်ပိဿာလျှင် သိန်းချီအထိဈေးရနေတာဖြစ်တယ်လို့ ပူတာအိုဒေသခံများထံမှ သိရပါတယ

အခုတလော ပူတာအိုဒေသမှာ ကျောက်ဂျပိုးတွေရှာ နေကြတယ်။ သူက ကျောက်တုံး၊ကျောက်ခဲတွေကြားမှာကပ်နေတဲ့အကောင်လေးတွေပေါ့

ဘေချီဥရှာသလောက်တော့ သူက အန္တရာယ်မများဘူး။ ကျောက်ဂျပိုးက မြစ်စပ်တွေ ချောင်းစပ်တွေမှာရှာရတာပေါ့။ ကျောက်ဂျပိုးက ဆေးဘက်ဝင်တယ်

ဘီပိုး၊စီပိုးအတွက်ကောင်းတယ်ပြောတယ် ရန်ကုန်အခေါ်က နို့ဆီတစ်ဘူးပေါ့ ပူတာအိုအခေါ်က တစ်ခွက်ပေါ့ တစ်ခွက်ကို ဈေးက တစ်သောင်းပေးဝယ်တယ်လို့ ပြောပါတယ် လို့ ပူတာအို ဒေသခံတစ်ဦးက ပြောပြပါတယ်

ကျောက်ဂျပိုးကို တရုတ်လုပ်ငန်းရှင်များက ဈေးကောင်းပေးဝယ်ကြပြီး တစ်ပိဿာလျှင် ငွေကျပ်တစ်သိန်းကျော်ခန့်ရရှိကာ တစ်ခါတစ်ရံ ရှာဖွေသူအလွန်များပြားသဖြင့် ပိုးကောင်ရှားပါးမှုနှင့် ကြုံရတယ်လို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်

ကျောက်ဂျပိုးကို ပူတာအိုဒေသရှိ မူလာရှီးဒီးချောင်းထဲတွင်အများဆုံးရှာဖွေကြတယ်လို့ သိရပြီး ကျောက်ဂျပိုးကို ညနေပိုင်းအချိန်တွင် ချောင်းများအနီးရှိ သဲသောင်ပြင်နှင့် ကျောက်တုံးကျောက်ခဲများ အောက်တွင်လိုက်လံ ရှာဖွေ ဖမ်းဆီးကြရတာဖြစ်တယ်လို့ ဆိုပါတယ်

ပူတာအိုမြို့တွင် ပုံမှန်အားဖြင့် ကျောက်ဂျပိုးကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလ နှစ်လအတွင်း ရှာဖွေရပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ တရုတ်ဘက်မှ လုပ်ငန်းရှင်များက ဈေးကောင်းပေးဝယ်ယူလာသည့် အတွက် ရှာဖွေမှု တွေ ပိုမိုများပြားလာခြင်းခဲ့ကြခြင်းဖြစ်တယ်လို့လည်း သိရပါတယ်

ပုံစာ – ကျောက်ဂျပိုးရှာဖွေနေကြသည့် ပူတာအိုဒေသခံများအား တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *