အိပ္မက္ထဲမွာ ဂဏန္း(၆)လုံးကို ဒဲ့လာေပး၍ ထီ ႏွစ္ေစာင္ထိုးရာ ထိုင္းဘတ္ (၁၂) သန္း ထီေပါက္သြားတဲ့ အမႈိက္ေကာက္သူတစ္ဦး

ထိုင္းႏိုင္ငံ ဖိစႏုလို႔ၿမိဳ႕မွာေနထိုင္တဲ့ အသက္ (၅၅) ႏွစ္အ႐ြယ္ Prayak Romsantiea သည္ ယမန္ေန႔ညေန ၁၆:၃၀ ခ်ိန္တြင္

ထိုင္းအစိုးရရဲ႕ ထီလက္မွတ္ ႏွစ္ေစာင္ကိုကိုင္ကာ ပထုန္ဌာနီခ႐ိုင္ ခေလာင္းဟာ့ရဲတပ္ဖြဲ႕စခန္းထဲဝင္လာၿပီး ထီပထမဆုႀကီးျဖစ္တဲ့

ထီနံပါတ္ 347258 ႏွစ္ေစာင္ ဘတ္ ၁၂ သန္းေပါက္ေၾကာင္း လာေရာက္သတင္းပို႔ကာ ရဲစခန္းတြင္မွတ္တမ္းေရးသြင္းခဲ့တယ္လို႔သိရပါတယ္

သူဟာဘန္ေကာက္ၿမိဳ႕ႏွင့္မနီးမေဝး ပထုန္ဌာနီခ႐ိုင္တြင္လာေရာက္၍ မိသားစုစားဝတ္ေနေရးအတြက္ အမႈိက္ပုံမ်ားတြင္

စြန႔္ပစ္ပစၥည္းအေဟာင္းမ်ားလိုက္လံစုေဆာင္းေကာက္ယူၿပီးကီလိုအေဟာင္းဆိုင္တြင္ျပန္ေရာင္းေလ့ရွိသူတစ္ဦးျဖစ္ပါသည္

ဒီထီနံပါတ္ကိုေတာ့ သူ႔ရဲ႕အိပ္မက္ထဲတြင္ ဂဏန္း ၆ လုံးစလုံး ဒဲ့လာေရာက္ေပးခဲ့သျဖင့္ ထိုးျဖစ္ခဲ့တာျဖစ္ေၾကာင္းသိရွိရပါတယ္ ။

===========

အိပ်မက်ထဲမှာ ဂဏန်း(၆)လုံးကို ဒဲ့လာပေး၍ ထီ နှစ်စောင်ထိုးရာ ထိုင်းဘတ် (၁၂) သန်း ထီပေါက်သွားတဲ့ အမှိုက်ကောက်သူတစ်ဦး

ထိုင်းနိုင်ငံ ဖိစနုလို့မြို့မှာနေထိုင်တဲ့ အသက် (၅၅) နှစ်အရွယ် Prayak Romsantiea သည် ယမန်နေ့ညနေ ၁၆:၃၀ ချိန်တွင်

ထိုင်းအစိုးရရဲ့ ထီလက်မှတ် နှစ်စောင်ကိုကိုင်ကာ ပထုန်ဌာနီခရိုင် ခလောင်းဟာ့ရဲတပ်ဖွဲ့စခန်းထဲဝင်လာပြီး ထီပထမဆုကြီးဖြစ်တဲ့

ထီနံပါတ် 347258 နှစ်စောင် ဘတ် ၁၂ သန်းပေါက်ကြောင်း လာရောက်သတင်းပို့ကာ ရဲစခန်းတွင်မှတ်တမ်းရေးသွင်းခဲ့တယ်လို့သိရပါတယ်

သူဟာဘန်ကောက်မြို့နှင့်မနီးမဝေး ပထုန်ဌာနီခရိုင်တွင်လာရောက်၍ မိသားစုစားဝတ်နေရေးအတွက် အမှိုက်ပုံများတွင်

စွန့်ပစ်ပစ္စည်းအဟောင်းများလိုက်လံစုဆောင်းကောက်ယူပြီးကီလိုအဟောင်းဆိုင်တွင်ပြန်ရောင်းလေ့ရှိသူတစ်ဦးဖြစ်ပါသည်

ဒီထီနံပါတ်ကိုတော့ သူ့ရဲ့အိပ်မက်ထဲတွင် ဂဏန်း ၆ လုံးစလုံး ဒဲ့လာရောက်ပေးခဲ့သဖြင့် ထိုးဖြစ်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *