ရဲ ၁၁ ဦး ေသဆုံးခဲ့ေသာ ငါ့သေရာက္ၿမိဳ႕ ရဲစခန္း ဝင္စီးခံရမႈ ဗီဒီယို(႐ုပ္/သံ)

ရန္ကုန္၊ ေအာက္တိုဘာ ၃၀

မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ႕နယ္ ငါ့သေရာက္ၿမိဳ႕ ရဲစခန္းကို ေအာက္တိုဘာလ ၂၉ ရက္ေန႔ ညေန ၄ နာရီေက်ာ္ PDF မဟာမိတ္ တပ္ဖြဲ႕မ်ား ပူးေပါင္း တိုက္ ခိုက္ရာ စခန္းမႉး၊ ဒုရဲအုပ္ အပါအဝင္ ရဲ ၁၁ ဦး ေသဆုံးၿပီး လက္နက္ ၇ လက္ ရရွိေၾကာင္း၊ အဆိုပါတိုက္ခိုက္မႈသည္ ေျမာင္ၿမိဳ႕နယ္၊ ပရိမၼေက်း႐ြာရွိ ျမင္းၿခံခ႐ိုင္တပ္ရင္း ၃ ၏ စခန္းကို စစ္တပ္က ဝင္စီးမႈ အေပၚ လက္တုံ႔ျပန္ျခင္းျဖစ္ ေၾကာင္း ျမင္းၿခံခ႐ိုင္တပ္ရင္း ၃ ၏ ျပန္ၾကားေရးတာဝန္ရွိသူက ေျပာဆိုသည္

အဆိုပါတိုက္ခိုက္မႈကို ျမင္းၿခံခ႐ိုင္တပ္ရင္းအမွတ္ ၃ တပ္ခြဲ၂ TTA ေပ်ာက္က်ားတပ္(ေတာင္သာ)၊ ျမင္းၿခံခ႐ိုင္တပ္ရင္း အမွတ္ ၃၊ တပ္ခြဲ ၁ ေျမလတ္ PDF ၊ တပ္ခြဲ ၃ Seven Defense Force-MGN Black Tiger ၊ Scorpion People Defense Force၊ ျမင္းၿခံခ႐ိုင္တပ္ရင္းအမွတ္ ၁ 27 Revolution Force ၊ BAGAN OGRE Force၊ Natogyi Regional Defense Force အပါအဝင္ မဟာမိတ္တပ္ေပါင္းစုမ်ားက တိုက္ခိုက္ျခင္းျဖစ္သည္

ေအာက္တိုဘာ၊၂၉ရက္ည‌‌ေန ၄ နာရီ ၃၀ မိနစ္ အခ်ိန္ ေတာင္သာၿမိဳ႕ အေနာက္ဘက္ (၁၄)မိုင္အကြာ ငါးသေရာက္ နယ္ေျမရဲစခန္းကို ၄၅ မိနစ္ခန႔္ၾကာ ဝင္ေရာက္ စီးနင္းတိုက္ခိုက္ရာ ျမင္းၿခံခ႐ိုင္ တပ္ရင္းအမွတ္(၃)တပ္ခြဲ(၂) မွ တပ္ခြဲမႉး TTA-ေျပာက္က်ားတပ္ ဒုေခါင္းေဆာင္ State Agriculture institute (S.A.l)ပုသိမ္ႀကီး ပထမႏွစ္ေက်ာင္းသားေမာင္ေဝၿဖိဳး(ေခၚ) ဝင္းကိုရွိန္ အသက္ (၂၁)ႏွစ္ က်ဆုံးခဲ့ေၾကာင္း သိရွိရသည္

“က်ဆုံးသြားတဲ့ ဒုေခါင္းေဆာင္ရဲ႕ ဆႏၵကိုေျပာခ်င္ပါတယ္။ အခု ငါ့သေရာက္ရဲစခန္းကို တိုက္ခိုက္မႈက ေျမာင္ၿမိဳ႕ နယ္၊ ပရိမၼေက်း႐ြာမွာရွိတဲ့ ျမင္းၿခံခ႐ိုင္တပ္ရင္း ၃ စခန္းကို စစ္တပ္က ဝင္စီးတိုက္ခိုက္ခဲ့တာကို လက္တုံ႔ျပန္တာပါ” ဟု ျမင္းၿခံခ႐ိုင္တပ္ရင္း ၃ ျပန္ၾကားေရးတာဝန္ခံက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ရွင္းျပသည္

အဆိုပါတိုက္ခိုက္မႈတြင္ ရဲအုပ္ စခန္းမႉး ၊ ဒုရဲအုပ္၊ နယ္ထိန္းတပ္ၾကပ္ႀကီး အပါအဝင္ ရဲ ၁၁ ဦးလုံး ေသဆုံးခဲ့ေၾကာင္း ၊ လက္နက္ G 3 ၄ ဘက္ ၊ AK ၂ လက္ႏွင့္ ေျခာက္လုံးျပဴး ၁ လက္ စုစုေပါင္း ၇ လက္ သိမ္းဆည္းရရွိေၾကာင္း သိရွိရသည္

” ရဲစခန္းကို ဝင္သိမ္းတာ စခန္းမႉး၊ ဒုရဲအုပ္၊တပ္ၾကပ္ႀကီး ၊ ေနာက္ၿပီးေတာ့ ရဲေမ ၁ ေယာက္အပါ ၁၁ ေယာက္ေသတယ္။ လက္နက္က ၇ လက္ရတယ္။ G-3 ၄ လက္၊ AK ၂ လက္၊ ၆ လုံးျပဴး ၁ လက္ ၇ လက္ရတယ္။ စခန္းကို သိမ္းႏိုင္ခဲ့တာေပါ့။ စစ္ကိုင္းတို႔ ဘာတို႔လို ရဲစခန္းကို မီးရႈိ႕ေအာင္ပြဲခံႏိုင္တဲ့ အခ်ိန္မရွိတဲ့အတြက္ေၾကာင့္မို႔ပါ။ ျမန္ျမန္ျပန္ဆုတ္လာရတာပါ

ရဲစခန္းကို သိမ္းႏိုင္ခဲ့ပါတယ္။ ရဲစခန္းမွာရွိတဲ့ ရဲေတြလည္း ထြက္ေျပးတဲ့သူေတြက ေျပးၾကတယ္။ စခန္းမွာ က်န္ေနခဲ့တဲ့သူ အကုန္ေသတာေပါ့” ဟု ျမင္းၿခံခ႐ိုင္ တပ္ရင္းအမွတ္ (၃) ျပန္ၾကားေရးတာဝန္ရွိသူက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ရွင္းလင္းေျပာဆိုသည္

=========

ရဲ ၁၁ ဦး သေဆုံးခဲ့သော ငါ့သရောက်မြို့ ရဲစခန်း ဝင်စီးခံရမှု ဗီဒီယို(ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၃၀

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ရဲစခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော် PDF မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်း တိုက် ခိုက်ရာ စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် ရဲ ၁၁ ဦး သေဆုံးပြီး လက်နက် ၇ လက် ရရှိကြောင်း၊ အဆိုပါတိုက်ခိုက်မှုသည် မြောင်မြို့နယ်၊ ပရိမ္မကျေးရွာရှိ မြင်းခြံခရိုင်တပ်ရင်း ၃ ၏ စခန်းကို စစ်တပ်က ဝင်စီးမှု အပေါ် လက်တုံ့ပြန်ခြင်းဖြစ် ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ ၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ တပ်ခွဲ၂ TTA ပျောက်ကျားတပ်(တောင်သာ)၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် ၃၊ တပ်ခွဲ ၁ မြေလတ် PDF ၊ တပ်ခွဲ ၃ Seven Defense Force-MGN Black Tiger ၊ Scorpion People Defense Force၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ 27 Revolution Force ၊ BAGAN OGRE Force၊ Natogyi Regional Defense Force အပါအဝင် မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခြင်းဖြစ်သည်

အောက်တိုဘာ၊၂၉ရက်ည‌‌နေ ၄ နာရီ ၃၀ မိနစ် အချိန် တောင်သာမြို့ အနောက်ဘက် (၁၄)မိုင်အကွာ ငါးသရောက် နယ်မြေရဲစခန်းကို ၄၅ မိနစ်ခန့်ကြာ ဝင်ရောက် စီးနင်းတိုက်ခိုက်ရာ မြင်းခြံခရိုင် တပ်ရင်းအမှတ်(၃)တပ်ခွဲ(၂) မှ တပ်ခွဲမှူး TTA-ပြောက်ကျားတပ် ဒုခေါင်းဆောင် State Agriculture institute (S.A.l)ပုသိမ်ကြီး ပထမနှစ်ကျောင်းသားမောင်ဝေဖြိုး(ခေါ်) ဝင်းကိုရှိန် အသက် (၂၁)နှစ် ကျဆုံးခဲ့ကြောင်း သိရှိရသည်

“ကျဆုံးသွားတဲ့ ဒုခေါင်းဆောင်ရဲ့ ဆန္ဒကိုပြောချင်ပါတယ်။ အခု ငါ့သရောက်ရဲစခန်းကို တိုက်ခိုက်မှုက မြောင်မြို့ နယ်၊ ပရိမ္မကျေးရွာမှာရှိတဲ့ မြင်းခြံခရိုင်တပ်ရင်း ၃ စခန်းကို စစ်တပ်က ဝင်စီးတိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တာပါ” ဟု မြင်းခြံခရိုင်တပ်ရင်း ၃ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်

အဆိုပါတိုက်ခိုက်မှုတွင် ရဲအုပ် စခန်းမှူး ၊ ဒုရဲအုပ်၊ နယ်ထိန်းတပ်ကြပ်ကြီး အပါအဝင် ရဲ ၁၁ ဦးလုံး သေဆုံးခဲ့ကြောင်း ၊ လက်နက် G 3 ၄ ဘက် ၊ AK ၂ လက်နှင့် ခြောက်လုံးပြူး ၁ လက် စုစုပေါင်း ၇ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်

” ရဲစခန်းကို ဝင်သိမ်းတာ စခန်းမှူး၊ ဒုရဲအုပ်၊တပ်ကြပ်ကြီး ၊ နောက်ပြီးတော့ ရဲမေ ၁ ယောက်အပါ ၁၁ ယောက်သေတယ်။ လက်နက်က ၇ လက်ရတယ်။ G-3 ၄ လက်၊ AK ၂ လက်၊ ၆ လုံးပြူး ၁ လက် ၇ လက်ရတယ်။ စခန်းကို သိမ်းနိုင်ခဲ့တာပေါ့။ စစ်ကိုင်းတို့ ဘာတို့လို ရဲစခန်းကို မီးရှို့အောင်ပွဲခံနိုင်တဲ့ အချိန်မရှိတဲ့အတွက်ကြောင့်မို့ပါ။ မြန်မြန်ပြန်ဆုတ်လာရတာပါ

ရဲစခန်းကို သိမ်းနိုင်ခဲ့ပါတယ်။ ရဲစခန်းမှာရှိတဲ့ ရဲတွေလည်း ထွက်ပြေးတဲ့သူတွေက ပြေးကြတယ်။ စခန်းမှာ ကျန်နေခဲ့တဲ့သူ အကုန်သေတာပေါ့” ဟု မြင်းခြံခရိုင် တပ်ရင်းအမှတ် (၃) ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်းပြောဆိုသည်

Leave a Reply

Your email address will not be published. Required fields are marked *