႐ုပ္သံကိုသာ ရႈိးလိုက္ေတာ့….ဒီပြဲကေတာ့ရွယ္ပဲ….လပ္တီးက စခ ေတြရဲ႕ဖုန္းနံပါတ္ေတကလည္း မနဲဘူးပဲ😊
https://d3times.com/archives/32047aမုံ႐ြာ လဝက ႐ုံးမွာ လာသမွ်လူ ေငြညႇစ္ေနတဲ့၊ မုံ႐ြာ နႏၵဝန္ရပ္ကြက္ အုပ္ႀကီး ျမတ္ႏိုးေက်ာ္ကို သုတ္သင္ရွင္းလင္း၊

ျမတ္ႏိုးေက်ာ္က မေသခင္ ဗုံးနဲ႔ျပန္ထုလို႔ ရဲေဘာ္တစ္ဦး ဒဏ္ရာရ၊

MFP ၊ ေအာက္တိုဘာ – ၃၀

စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕၊ နႏၵဝန္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးျဖစ္သလို၊ မုံ႐ြာ ၿမိဳ႕နယ္ လဝက ႐ုံးမွာ ႀကီးစိုးေသာင္းက်န္းေနၿပီး လာသမွ်လူ လက္ဘက္ရည္ဖိုးေတာင္း ေငြညႇစ္ကာ စကစဝန္ထမ္းေတြနဲ႔ ခြဲယူေနတဲ့ ျမတ္ႏိုးေက်ာ္ ဆိုသူကို မေန႔က မနက္ပိုင္းမွာ ပစ္ခတ္သုတ္သင္ ရွင္းလင္းခဲ့တယ္လို႔ Myingyan Black Tiger (MBT) က သတင္း ထုတ္ျပန္ပါတယ္

ေအာက္တိုဘာ(၂၉)ရက္ မနက္(၁၁)နာရီက မုံ႐ြာၿမိဳ႕ နႏၵဝန္ရပ္ကြက္ အုပ္ႀကီး ျမတ္ႏိုးေက်ာ္ကို ပစ္ခတ္ရွင္းလင္းခဲ့တာ ျဖစ္ၿပီး ျမတ္ႏိုးေက်ာ္က မေသခင္ လက္ပစ္ဗုံးႏွစ္လုံးနဲ႔ ျပန္ထုလို႔ MBT တပ္ဖြဲ႕ဝင္ ရဲေဘာ္တစ္ဦး ထိခိုက္ဒဏ္ရာ ရတယ္လို႔ ဆိုပါတယ္

“မုံ႐ြာၿမိဳ႕နယ္၊ လဝက႐ုံးတြင္ စစ္ေကာင္စီ၏ အားကိုးရသူ ပ်ဴေစာထီး ေခါင္းေဆာင္မ်ားအား အုပ္ခ်ဳပ္သူ နႏၵဝန္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ျမတ္ႏိုးေက်ာ္ အား ေအာက္တိုဘာ(၂၉)ရက္ ေန႔လယ္(၁၁)နာရီ ဝန္းက်င္တြင္ ဝင္ေရာက္ပစ္ခတ္ ရွင္းလင္းခဲ့သည္

ပစ္ခတ္မႈ ျဖစ္စဥ္တြင္ ပ်ဴေစာထီး ေခါင္းေဆာင္မ်ား အုပ္ခ်ဳပ္သူ ျမတ္ႏိုးေက်ာ္မွ လက္ပစ္ဗုံး ႏွစ္လုံးျဖင့္ ပစ္ခတ္ခဲ့ေသာေၾကာင့္ Myingyan Black Tiger (MBT)မွ ရဲေဘာ္တစ္ဦး လက္ပစ္ဗုံး ထိမွန္၍ ဒဏ္ရာရရွိခဲ့သည္” လို႔ MBT က ေဖာ္ျပပါတယ္

ေအာက္တိုဘာ(၂၇)ရက္ ညေန(၆)နာရီေက်ာ္ကလည္း စစ္အုပ္စုနဲ႔ ေပါင္းကာ ျပည္သူကို အႏိုင္က်င့္ရန္ျပဳ ေသာင္းက်န္းေနတဲ့ မုံ႐ြာၿမိဳ႕ ေ႐ႊကြမ္းၿခံရပ္က စစ္ေကာင္စီ သတင္းေပး ပ်ဴေခါင္းေဆာင္ ေက်ာ္လင္း ဆိုသူကို Myingyan Black Tiger (MBT)ႏွင့္ ညီေနာင္မဟာမိတ္ Black Dragon အဖြဲ႕တို႔ ပူးေပါင္းၿပီး ရွင္းလင္းသုတ္သင္ခဲ့ေသးတယ္လို႔ MBT က ထုတ္ျပန္ပါတယ္
မုံ႐ြာ လဝက ႐ုံးက ဝန္ထမ္းတခ်ိဳ႕ (ပုံေဟာင္း)/Photo – CJ

==========

ရုပ်သံကိုသာ ရှိုးလိုက်တော့….ဒီပွဲကတော့ရှယ်ပဲ….လပ်တီးက စခ တွေရဲ့ဖုန်းနံပါတ်တေကလည်း မနဲဘူးပဲ😊
https://d3times.com/archives/32047aမုံရွာ လဝက ရုံးမှာ လာသမျှလူ ငွေညှစ်နေတဲ့၊ မုံရွာ နန္ဒဝန်ရပ်ကွက် အုပ်ကြီး မြတ်နိုးကျော်ကို သုတ်သင်ရှင်းလင်း၊

မြတ်နိုးကျော်က မသေခင် ဗုံးနဲ့ပြန်ထုလို့ ရဲဘော်တစ်ဦး ဒဏ်ရာရ၊

MFP ၊ အောက်တိုဘာ – ၃၀

စစ်ကိုင်းတိုင်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သလို၊ မုံရွာ မြို့နယ် လဝက ရုံးမှာ ကြီးစိုးသောင်းကျန်းနေပြီး လာသမျှလူ လက်ဘက်ရည်ဖိုးတောင်း ငွေညှစ်ကာ စကစဝန်ထမ်းတွေနဲ့ ခွဲယူနေတဲ့ မြတ်နိုးကျော် ဆိုသူကို မနေ့က မနက်ပိုင်းမှာ ပစ်ခတ်သုတ်သင် ရှင်းလင်းခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်း ထုတ်ပြန်ပါတယ်

အောက်တိုဘာ(၂၉)ရက် မနက်(၁၁)နာရီက မုံရွာမြို့ နန္ဒဝန်ရပ်ကွက် အုပ်ကြီး မြတ်နိုးကျော်ကို ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပြီး မြတ်နိုးကျော်က မသေခင် လက်ပစ်ဗုံးနှစ်လုံးနဲ့ ပြန်ထုလို့ MBT တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်

“မုံရွာမြို့နယ်၊ လဝကရုံးတွင် စစ်ကောင်စီ၏ အားကိုးရသူ ပျူစောထီး ခေါင်းဆောင်များအား အုပ်ချုပ်သူ နန္ဒဝန်ရပ်ကွက် အုပ်ချုပ်ရေးမှူး မြတ်နိုးကျော် အား အောက်တိုဘာ(၂၉)ရက် နေ့လယ်(၁၁)နာရီ ဝန်းကျင်တွင် ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့သည်

ပစ်ခတ်မှု ဖြစ်စဉ်တွင် ပျူစောထီး ခေါင်းဆောင်များ အုပ်ချုပ်သူ မြတ်နိုးကျော်မှ လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် Myingyan Black Tiger (MBT)မှ ရဲဘော်တစ်ဦး လက်ပစ်ဗုံး ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်” လို့ MBT က ဖော်ပြပါတယ်

အောက်တိုဘာ(၂၇)ရက် ညနေ(၆)နာရီကျော်ကလည်း စစ်အုပ်စုနဲ့ ပေါင်းကာ ပြည်သူကို အနိုင်ကျင့်ရန်ပြု သောင်းကျန်းနေတဲ့ မုံရွာမြို့ ရွှေကွမ်းခြံရပ်က စစ်ကောင်စီ သတင်းပေး ပျူခေါင်းဆောင် ကျော်လင်း ဆိုသူကို Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ် Black Dragon အဖွဲ့တို့ ပူးပေါင်းပြီး ရှင်းလင်းသုတ်သင်ခဲ့သေးတယ်လို့ MBT က ထုတ်ပြန်ပါတယ်
မုံရွာ လဝက ရုံးက ဝန်ထမ်းတချို့ (ပုံဟောင်း)/Photo – CJ

Leave a Reply

Your email address will not be published. Required fields are marked *