PDF အေၾကာင္း စစ္အုပ္စုကို ဖုန္းဆက္သတင္းေပးတဲ့ အုပ္ႀကီးႏွင့္ ပ်ဴကို ရွင္းလင္း၊

MFP ၊ ေအာက္တိုဘာ – ၂၉

မႏၲေလးတိုင္း စဥ့္ကူးၿမိဳ႕နယ္မွာ PDF ေတြ မိုင္းေထာင္ေနေၾကာင္း စစ္အုပ္စုကို ဖုန္းဆက္ သတင္းေပးတဲ့ ထီးက်င္ေတာင္႐ြာက စစ္ေကာင္စီခန႔္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး သိန္းဝင္း ဆိုသူႏွင့္ ငပ်ဥ္းအင္း႐ြာက စကစ သတင္းေပး ဖိုးေအး ဆိုသူတို႔ကို ရွင္းလင္းခဲ့တယ္လို႔ ျပင္ဦးလြင္ခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ – ပကဖ ဗိုလ္လင္းယုန္ အဖြဲ႕က သတင္း ထုတ္ျပန္ပါတယ္

ေအာက္တိုဘာ(၂၈)ရက္ မနက္ပိုင္းက စစ္အုပ္စု စစ္ေၾကာင္းကို မိုင္းေထာင္ေဖာက္ခြဲဖို႔ ႀကိဳးစားေနခ်ိန္ ေက်း႐ြာအုပ္ႀကီးနဲ႔ သတင္းေပးတို႔က စစ္အုပ္စုထံ ဖုန္းဆက္ သတင္းေပးတဲ့အတြက္ ဖမ္းဆီးရွင္းလင္းတာလို႔ ဆိုပါတယ္

“မိမိတို႔ရဲေဘာ္မ်ားမွ စကစမ်ား လာရာလမ္းေၾကာင္းကို ေဖာက္ခြဲတိုက္ခိုက္ရန္ အတြက္ ႀကိဳပြိဳင့္ေစာင့္ေနစဥ္ ငပ်ဥ္းအင္း႐ြာသား ဒလန္ဖိုးေအးႏွင့္ ထီးက်င္ေတာင္ စကစခန႔္ အုပ္ႀကီး သိန္းဝင္းတို႔သည္ မိမိတို႔ ရဲေဘာ္မ်ား၏ လႈပ္ရွားမႈမ်ားကို စဥ့္ကူးစခန္းမႉး၊

တံတားဗိုလ္ႀကီးႏွင့္ ပင္လည္ႀကီး ဂိတ္မႉးမ်ားကို သတင္းေပး ဒလန္လုပ္ၿပီး မိမိတို႔ ရဲေဘာ္မ်ား၏ တည္ေနရာကို အတိအက် သတင္းေပးေနစဥ္ အခ်ိန္မွာပဲ ရဲေဘာ္မ်ား သိရွိ၍ ခ်က္ခ်င္း ခ်ဳပ္ေႏွာင္ဖမ္းဆီးခဲ့သည္” လို႔ ဗိုလ္လင္းယုန္ ပကဖ က ေဖာ္ျပပါတယ္

အဲ့ဒီေနာက္ ပစ္ခတ္ရွင္းလင္းခဲ့တယ္လို႔ ဆိုၿပီး စဥ့္ကူးၿမိဳ႕နယ္ႏွင့္ သပိတ္က်င္းၿမိဳ႕နယ္က စစ္ေကာင္စီ သၥစာခံ အုပ္ႀကီးေတြ၊ ပ်ဴေတြ၊ သတင္းေပးေတြကို ဆက္လက္ ရွင္းလင္းမယ္လို႔ ဆိုပါတယ္

စဥ့္ကူးႏွင့္ သပိတ္က်င္း အပါအဝင္ မႏၲေလးတိုင္းထဲ စစ္အုပ္စုက ေဒသခံျပည္သူေတြကို ဥပေဒမဲ့ ထင္တိုင္းက်ဲ ဖမ္းဆီး သတ္ျဖတ္ ေငြညႇစ္ေနသလို စစ္အုပ္စုႏွင့္ ဆက္စပ္သူေတြကိုလည္း ေဒသကာကြယ္ေရ တပ္ဖြဲ႕ေတြက ပစ္မွတ္ထား တိုက္ခိုက္ေနတာ ျဖစ္ပါတယ္

===========

PDF အကြောင်း စစ်အုပ်စုကို ဖုန်းဆက်သတင်းပေးတဲ့ အုပ်ကြီးနှင့် ပျူကို ရှင်းလင်း၊

MFP ၊ အောက်တိုဘာ – ၂၉

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ PDF တွေ မိုင်းထောင်နေကြောင်း စစ်အုပ်စုကို ဖုန်းဆက် သတင်းပေးတဲ့ ထီးကျင်တောင်ရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး သိန်းဝင်း ဆိုသူနှင့် ငပျဉ်းအင်းရွာက စကစ သတင်းပေး ဖိုးအေး ဆိုသူတို့ကို ရှင်းလင်းခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ဗိုလ်လင်းယုန် အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်

အောက်တိုဘာ(၂၈)ရက် မနက်ပိုင်းက စစ်အုပ်စု စစ်ကြောင်းကို မိုင်းထောင်ဖောက်ခွဲဖို့ ကြိုးစားနေချိန် ကျေးရွာအုပ်ကြီးနဲ့ သတင်းပေးတို့က စစ်အုပ်စုထံ ဖုန်းဆက် သတင်းပေးတဲ့အတွက် ဖမ်းဆီးရှင်းလင်းတာလို့ ဆိုပါတယ်

“မိမိတို့ရဲဘော်များမှ စကစများ လာရာလမ်းကြောင်းကို ဖောက်ခွဲတိုက်ခိုက်ရန် အတွက် ကြိုပွိုင့်စောင့်နေစဉ် ငပျဉ်းအင်းရွာသား ဒလန်ဖိုးအေးနှင့် ထီးကျင်တောင် စကစခန့် အုပ်ကြီး သိန်းဝင်းတို့သည် မိမိတို့ ရဲဘော်များ၏ လှုပ်ရှားမှုများကို စဉ့်ကူးစခန်းမှူး၊

တံတားဗိုလ်ကြီးနှင့် ပင်လည်ကြီး ဂိတ်မှူးများကို သတင်းပေး ဒလန်လုပ်ပြီး မိမိတို့ ရဲဘော်များ၏ တည်နေရာကို အတိအကျ သတင်းပေးနေစဉ် အချိန်မှာပဲ ရဲဘော်များ သိရှိ၍ ချက်ချင်း ချုပ်နှောင်ဖမ်းဆီးခဲ့သည်” လို့ ဗိုလ်လင်းယုန် ပကဖ က ဖော်ပြပါတယ်

အဲ့ဒီနောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပြီး စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီ သ္စစာခံ အုပ်ကြီးတွေ၊ ပျူတွေ၊ သတင်းပေးတွေကို ဆက်လက် ရှင်းလင်းမယ်လို့ ဆိုပါတယ်

စဉ့်ကူးနှင့် သပိတ်ကျင်း အပါအဝင် မန္တလေးတိုင်းထဲ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ် ငွေညှစ်နေသလို စစ်အုပ်စုနှင့် ဆက်စပ်သူတွေကိုလည်း ဒေသကာကွယ်ရေ တပ်ဖွဲ့တွေက ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *