ဆိုးလ္ၿမိဳ႕ ေဟာလိုးဝင္းပြဲအတြင္း လူအုပ္ၿပိဳ၍ ေသဆုံးသူ ၁၄၉ ဦး ရွိလာ

ဧရာဝတီ၊ ေအာက္တိုဘာ ၃၀၊ ၂၀၂၂

ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ အီထယ္ဝန္ရပ္ကြက္၌ က်င္းပသည့္ ေဟာလိုးဝင္းပြဲ (Halloween) အတြင္း လူအုပ္ၿပိဳ၍ ေသဆုံးရသူဦးေရမွာ အနည္းဆုံး ၁၄၀ ေက်ာ္ ရွိလာၿပီ ျဖစ္ေၾကာင္း ႐ိုက္တာ သတင္းဌာနက ေဖာ္ျပ ထားသည္

ယမန္ေန႔ည ၁၀ နာရီ မိနစ္ ၂၀ ခန႔္က ဆိုးလ္ၿမိဳ႕၏ ဘားမ်ား၊ ကလပ္မ်ားရွိသည့္ လမ္းတခုအတြင္း ေဟာလိုးဝင္းပြဲ ဆင္ႏႊဲရန္ လူအုပ္ႀကီးသည္ လမ္းၾကားတခုအတြင္းသို႔ တိုးဝင္လာခ်ိန္တြင္ ႐ုတ္တရက္ တိုးႀကိတ္ခဲ့ၾကသည့္ အတြက္ လူပိကာ ၁၄၉ ဦးထက္မနည္း ေသဆုံးရၿပီး၊ ဒဏ္ရာရသူဦးေရမွာလည္း ၁၀၀ ေက်ာ္ရွိကာ၊ ေသဆုံးသူမ်ားမွာ ဆယ္ေက်ာ္သက္အ႐ြယ္ႏွင့္ ၂၀ ေက်ာ္အ႐ြယ္ လူငယ္အမ်ားစု ျဖစ္ၾကေၾကာင္း တာဝန္ရွိသူမ်ားက ဆိုသည္

အဆိုပါ ပြဲမွာ ေတာင္ကိုရီးယားႏိုင္ငံတြင္ ကိုဗစ္ကပ္ေရာဂါ ကန႔္သတ္ခ်က္မ်ား ႐ုပ္သိမ္းၿပီးေနာက္ ဆိုးလ္ၿမိဳ႕တြင္ ပထမဆုံး က်င္းပခဲ့သည့္ ေဟာလိုးဝင္းပြဲတခုလည္း ျဖစ္သည္

မီးသတ္ အရာရွိမ်ားႏွင့္ မ်က္ျမင္ေတြ႕သူမ်ား၏ ေျပာၾကားခ်က္အရ လူမ်ား စုပုံေနၿပီး က်ဥ္းေျမာင္းသည့္ လမ္းၾကားထဲသို႔ ေလွ်ာဆင္းေနခ်ိန္၌ လမ္းထိပ္ရွိ လူမ်ားမွာ ျပဳတ္က်ကာ ေအာက္ေျခရွိ လူမ်ားေပၚသို႔ ပိက်ကုန္ သည္ဟု ေျပာဆိုၾကသည္

အီထယ္ဝန္သည္ ေတာင္ကိုရီးယားလူငယ္မ်ားႏွင့္ ႏိုင္ငံ ျခားသားမ်ားၾကား ေရပန္းစားသည့္ အပန္းေျဖေနရာ တခုလည္း ျဖစ္ၿပီး ေသဆုံးသူမ်ားထဲတြင္ ႏိုင္ငံျခားသား ၂ ဦးလည္း ပါဝင္ခဲ့ေၾကာင္း သိရသည္။

ဓာတၸဳံ- stirea zilei

===========

ဆိုးလ်မြို့ ဟောလိုးဝင်းပွဲအတွင်း လူအုပ်ပြို၍ သေဆုံးသူ ၁၄၉ ဦး ရှိလာ

ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၂

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ အီထယ်ဝန်ရပ်ကွက်၌ ကျင်းပသည့် ဟောလိုးဝင်းပွဲ (Halloween) အတွင်း လူအုပ်ပြို၍ သေဆုံးရသူဦးရေမှာ အနည်းဆုံး ၁၄၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြ ထားသည်

ယမန်နေ့ည ၁၀ နာရီ မိနစ် ၂၀ ခန့်က ဆိုးလ်မြို့၏ ဘားများ၊ ကလပ်များရှိသည့် လမ်းတခုအတွင်း ဟောလိုးဝင်းပွဲ ဆင်နွှဲရန် လူအုပ်ကြီးသည် လမ်းကြားတခုအတွင်းသို့ တိုးဝင်လာချိန်တွင် ရုတ်တရက် တိုးကြိတ်ခဲ့ကြသည့် အတွက် လူပိကာ ၁၄၉ ဦးထက်မနည်း သေဆုံးရပြီး၊ ဒဏ်ရာရသူဦးရေမှာလည်း ၁၀၀ ကျော်ရှိကာ၊ သေဆုံးသူများမှာ ဆယ်ကျော်သက်အရွယ်နှင့် ၂၀ ကျော်အရွယ် လူငယ်အများစု ဖြစ်ကြကြောင်း တာဝန်ရှိသူများက ဆိုသည်

အဆိုပါ ပွဲမှာ တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက် ဆိုးလ်မြို့တွင် ပထမဆုံး ကျင်းပခဲ့သည့် ဟောလိုးဝင်းပွဲတခုလည်း ဖြစ်သည်

မီးသတ် အရာရှိများနှင့် မျက်မြင်တွေ့သူများ၏ ပြောကြားချက်အရ လူများ စုပုံနေပြီး ကျဉ်းမြောင်းသည့် လမ်းကြားထဲသို့ လျှောဆင်းနေချိန်၌ လမ်းထိပ်ရှိ လူများမှာ ပြုတ်ကျကာ အောက်ခြေရှိ လူများပေါ်သို့ ပိကျကုန် သည်ဟု ပြောဆိုကြသည်

အီထယ်ဝန်သည် တောင်ကိုရီးယားလူငယ်များနှင့် နိုင်ငံ ခြားသားများကြား ရေပန်းစားသည့် အပန်းဖြေနေရာ တခုလည်း ဖြစ်ပြီး သေဆုံးသူများထဲတွင် နိုင်ငံခြားသား ၂ ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ဓာတ္ပုံ- stirea zilei

Leave a Reply

Your email address will not be published. Required fields are marked *