ဗုံးခြဲခံရမွာေၾကာက္လို႔ CCTV တပ္ဆင္ထားတဲ့ စည္ပင္ဥကၠဌေနအိမ္ ဗုံးေပါက္ကြဲ

ဧရာဝတီတိုင္းမ္

ေအာက္တိုဘာလ ၃၀ ရက္

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕မွာ ေအာက္တိုဘာလ ၂၉ ရက္ေန႔ ညပိုင္းက ဗုံးခြဲခံရမွာေၾကာက္လို႔ CCTV တပ္ဆင္ထားတဲ့ စည္ပင္ဥကၠဌ ေနအိမ္ဗုံးေပါက္ကြဲခဲ့တယ္လို႔ သိရပါတယ္

နန္းထိုက္ေအာင္ စစ္ဆင္ေရးအျဖစ္ ပုသိမ္ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕က ည ၈ နာရီေလာက္မွာ စည္ပင္ဥကၠဌ ဦးစိုးပိုင္ေနအိမ္ကို ည ၈ နာရီေလာက္မွာ ဗုံးခြဲတိုက္ခိုက္ခဲ့တာလို႔ ေျပာက္က်ားတပ္ဖြဲ႕တာဝန္ရွိသူကေျပာပါတယ္

” နန္းထိုက္ေအာင္စစ္ဆင္ေရးအျဖစ္ ဒုတိယအႀကိမ္လုပ္တာ စည္ပင္လူႀကီးအိမ္ကို ဗုံးခြဲတိုက္ခိုက္တာ အဓိကေတာ့ လုပ္ပိုင္ခြင့္ထက္ေက်ာ္လြန္ၿပီး ျပည္သူေတြကို ဖိႏွိပ္ေနလို႔ လုပ္တာ”လို႔ ပုသိမ္ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ရဲ႕တာဝန္ရွိသူက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္

စည္ပင္ဥကၠဌ ဦးစိုးပိုင္ဆိုသူဟာ အခြန္နဲ႔ပတ္သက္တဲ့ကိစၥေတြမွာ လုပ္ပိုင္ခြင့္ထက္ေက်ာ္လြန္ၿပီး ေဈးဆိုင္ေတြကိုအခြန္ေကာက္တာ စိတ္မထင္ရင္ တရားစြဲဆိုတာေတြေၾကာင့္ ေဖာက္ခြဲတိုက္ခိုက္တာလို႔လည္း သတင္းထုတ္ျပန္ထားပါတယ္

ဗုံးခြဲတိုက္ခိုက္ခံရၿပီးေနာက္ပိုင္း လမ္းေတြပိတ္ကာစစ္ေဆးတာေတြ ျပဳလုပ္ခဲ့သလို လူနာတင္ယာဥ္လည္းေရာက္လာတာေတြ႕ရတယ္လို႔ ေဒသခံေတြကေျပာပါတယ္

==========

ဗုံးခွဲခံရမှာကြောက်လို့ CCTV တပ်ဆင်ထားတဲ့ စည်ပင်ဥက္ကဌနေအိမ် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၃၀ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းက ဗုံးခွဲခံရမှာကြောက်လို့ CCTV တပ်ဆင်ထားတဲ့ စည်ပင်ဥက္ကဌ နေအိမ်ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်

နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ည ၈ နာရီလောက်မှာ စည်ပင်ဥက္ကဌ ဦးစိုးပိုင်နေအိမ်ကို ည ၈ နာရီလောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်

” နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဒုတိယအကြိမ်လုပ်တာ စည်ပင်လူကြီးအိမ်ကို ဗုံးခွဲတိုက်ခိုက်တာ အဓိကတော့ လုပ်ပိုင်ခွင့်ထက်ကျော်လွန်ပြီး ပြည်သူတွေကို ဖိနှိပ်နေလို့ လုပ်တာ”လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်

စည်ပင်ဥက္ကဌ ဦးစိုးပိုင်ဆိုသူဟာ အခွန်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ လုပ်ပိုင်ခွင့်ထက်ကျော်လွန်ပြီး ဈေးဆိုင်တွေကိုအခွန်ကောက်တာ စိတ်မထင်ရင် တရားစွဲဆိုတာတွေကြောင့် ဖောက်ခွဲတိုက်ခိုက်တာလို့လည်း သတင်းထုတ်ပြန်ထားပါတယ်

ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း လမ်းတွေပိတ်ကာစစ်ဆေးတာတွေ ပြုလုပ်ခဲ့သလို လူနာတင်ယာဉ်လည်းရောက်လာတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *