KTV တြင္ ေပ်ာ္ပါးေနသည့္ ​ငါန္းျမာရဲစခန္းမႉး ဒုရဲအုပ္ ရာဇာဝင္းျမင့္ႏွင့္ ပစ္ခတ္ခံရရဲတပ္သား သူေအာင္တို႔ ပစ္ခတ္ခံရၿပီး ၁ ဦး ေသဆုံးကာ ၁ ဦးဒဏ္ရာရ

ရန္ကုန္၊ ေအာက္တိုဘာ ၃၀

မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္၊ ငါန္းျမာ ရဲစခန္းမႉး ဒုရဲအုပ္ရာဇဝင္းျမင့္ႏွင့္ ရဲတပ္သား ေအာင္သူတို႔ ယမန္ေန႔ ညေနပိုင္း KTV တြ ေပ်ာ္ပါးေနစဥ္ PDF တပ္ဖြဲ႕က ဝင္ေရာက္ပစ္ခတ္သျဖင့္ ၁ ဦးေသဆုံးၿပီး ၁ ဦးဒဏ္ရာရရွိေၾကာင္း ရဲသတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္

ေအာက္တိုဘာလ ၂၉ ရက္ေန႔ ညေန ၄ နာရီ အခ်ိန္ ငါန္းဇြန္ၿမိဳ႕နယ္၊ ငါန္းျမာရဲကင္းစခန္းမွ ရဲကင္းစခန္းမႉး ဒုရဲအုပ္ ရာဇာဝင္းျမင့္၊ ရဲတပ္သား သူေအာင္တို႔ ၂ ဦးသည္ ငါန္းဇြန္ၿမိဳ႕၊ နဝရတ္ေက်း႐ြာထိပ္ရွိ “ဝါဆိုဦး” KTV တြင္ ဝင္ေရာက္ ေပ်ာ္ပါးေနခဲ့ေၾကာင္း၊

ထိုအခ်ိန္ PDF ၄ ဦးခန႔္မွ ၎ KTV အခန္းအတြင္း ဝင္ေရာက္၍ ေသနတ္ျဖင့္ပစ္ျခင္း၊ လက္ပစ္ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းမ်ား လုပ္ေဆာင္ၾကရာ ရဲတပ္သား သူေအာင္တြင္ ရင္ၫႊန္က်ည္ဝင္ဒဏ္ရာ ၁ ခ်က္ျဖင့္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း၊ ဒုရဲအုပ္ ရာဇာဝင္းျမင့္တြင္ ေျခေထာက္ ၂ ဖက္ မိုင္းစထိမွန္ဒဏ္ရာမ်ားျဖင့္ မစိုးရိမ္ရ ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရွိရသည္

အၾကမ္းဖက္စစ္ေကာင္စီဘက္မွ ဗိုလ္မႉး မိုးမင္းဦးအဖြဲ႕က နဝတ္ရတ္ေက်း႐ြာအနီးတြင္ PDF မ်ားကို ရွာေဖြလ်က္ရွိေၾကာင္း၊ ပိတ္ဆို႔ စစ္ေဆးမႈမ်ားလုပ္ ေဆာင္ ေနေၾကာင္း ရဲသတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္

ဓာတ္ပုံ- အၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕

Photo-AP

===========

KTV တွင် ပျော်ပါးနေသည့် ​ငါန်းမြာရဲစခန်းမှူး ဒုရဲအုပ် ရာဇာဝင်းမြင့်နှင့် ပစ်ခတ်ခံရရဲတပ်သား သူအောင်တို့ ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၃၀

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာ ရဲစခန်းမှူး ဒုရဲအုပ်ရာဇဝင်းမြင့်နှင့် ရဲတပ်သား အောင်သူတို့ ယမန်နေ့ ညနေပိုင်း KTV တွ ပျော်ပါးနေစဉ် PDF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်သဖြင့် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ အချိန် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာရဲကင်းစခန်းမှ ရဲကင်းစခန်းမှူး ဒုရဲအုပ် ရာဇာဝင်းမြင့်၊ ရဲတပ်သား သူအောင်တို့ ၂ ဦးသည် ငါန်းဇွန်မြို့၊ နဝရတ်ကျေးရွာထိပ်ရှိ “ဝါဆိုဦး” KTV တွင် ဝင်ရောက် ပျော်ပါးနေခဲ့ကြောင်း၊

ထိုအချိန် PDF ၄ ဦးခန့်မှ ၎င်း KTV အခန်းအတွင်း ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခြင်း၊ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်ကြရာ ရဲတပ်သား သူအောင်တွင် ရင်ညွှန်ကျည်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဒုရဲအုပ် ရာဇာဝင်းမြင့်တွင် ခြေထောက် ၂ ဖက် မိုင်းစထိမှန်ဒဏ်ရာများဖြင့် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်

အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်မှူး မိုးမင်းဦးအဖွဲ့က နဝတ်ရတ်ကျေးရွာအနီးတွင် PDF များကို ရှာဖွေလျက်ရှိကြောင်း၊ ပိတ်ဆို့ စစ်ဆေးမှုများလုပ် ဆောင် နေကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့

Photo-AP

Leave a Reply

Your email address will not be published. Required fields are marked *