“ရွမ္းေျမာက္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ သားမ်ား မွားယြင္း ပစ္ခတ္ခံရ”
—– —– —–

ေအာက္တိုဘာ ၃၀၊ ၂၀၂၂

သံလြင္ခက္

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ စစ္ေကာင္စီဂိတ္စခန္းတစ္ခုတြင္ ဆိုင္ကယ္ မရပ္ေပးသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ သားအပါအဝင္ လူငယ္ သုံးဦး မွားယြင္း ပစ္ခတ္ခံခဲ့ရသည္ဟု ေဒသခံမ်ားထံမွ သိရသည္

ေအာက္တိုဘာ ၂၈ ရက္ ည ၉ နာရီဝန္းက်င္ခန႔္က စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းၿပီး ကြတ္ခိုင္ေဆး႐ုံအေရွ႕၌ လမ္းသြားလမ္းလာ ျပည္သူမ်ားကို စစ္ေဆးေနစဥ္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္သည္

အဆိုပါျဖစ္စဥ္ကို မ်က္ျမင္ေတြ႕ရွိခဲ့သည့္ ေဒသခံအမ်ိဳးသား တစ္ဦးက “ည ၈ နာရီ ၅၀ မိနစ္ေလာက္ ကြတ္ခိုင္ေဆး႐ုံအေရွ႕မွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြနဲ႔ ရဲပူးေပါင္းၿပီး လမ္းမႀကီးေပၚမွာ လာတဲ့ ကားေတြ၊ ဆိုင္ကယ္ေတြ စစ္တယ္။ အဲဒီအခ်ိန္ လူငယ္ သုံးေယာက္က ဆိုင္ကယ္တစ္စီးနဲ႔ အေရွ႕ကေန ျဖတ္ေမာင္းတာကို အေနာက္ကေန ပစ္လိုက္တာ” ဟု သံလြင္ခက္ကို ေျပာသည္

ပစ္ခတ္ခံရမႈေၾကာင့္ အသက္ ၂၀ ေက်ာ္အ႐ြယ္ လူငယ္ သုံးဦးမွာ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး စစ္ေဆးမႈမ်ားျပဳလုပ္ရာ အဆိုပါလူငယ္မ်ားတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ သားမ်ား ပါဝင္ေနသည္ဟု ေဒသခံတစ္ဦးက ေျပာသည္

ကြတ္ခိုင္ၿမိဳ႕ခံတစ္ဦးက “စစ္ၾကည့္လိုက္ေတာ့ သူတို႔ မိဘေတြက စစ္သားနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ ျဖစ္ေနတယ္။ ေရွ႕ဆုံးကေန ေမာင္းတဲ့ ေကာင္ေလးက ဘာမွ မျဖစ္ဘူး။ အလယ္ကေနတဲ့ ေကာင္ေလးက နည္းနည္း ထိတယ္။ အေနာက္ကေနတဲ့ ေကာင္ေလးကေနာက္ေက်ာကေန ရင္ဘတ္ ေပါက္ထြက္သြားတယ္” ဟု ေျပာသည္

လက္ရွိအခ်ိန္တြင္ အဆိုပါ လူငယ္ သုံးဦးသည္ ကြတ္ခိုင္ၿမိဳ႕ စစ္ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူလ်က္ရွိသည္ဟု ေဒသခံမ်ား ထံမွ သိရသည္

သံလြင္ခက္ (30 Oct 2022)

=============

“ရှမ်းမြောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သားများ မှားယွင်း ပစ်ခတ်ခံရ”
—– —– —–

အောက်တိုဘာ ၃၀၊ ၂၀၂၂

သံလွင်ခက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် စစ်ကောင်စီဂိတ်စခန်းတစ်ခုတွင် ဆိုင်ကယ် မရပ်ပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သားအပါအဝင် လူငယ် သုံးဦး မှားယွင်း ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်

အောက်တိုဘာ ၂၈ ရက် ည ၉ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကွတ်ခိုင်ဆေးရုံအရှေ့၌ လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးနေစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်

အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံအမျိုးသား တစ်ဦးက “ည ၈ နာရီ ၅၀ မိနစ်လောက် ကွတ်ခိုင်ဆေးရုံအရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲပူးပေါင်းပြီး လမ်းမကြီးပေါ်မှာ လာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ စစ်တယ်။ အဲဒီအချိန် လူငယ် သုံးယောက်က ဆိုင်ကယ်တစ်စီးနဲ့ အရှေ့ကနေ ဖြတ်မောင်းတာကို အနောက်ကနေ ပစ်လိုက်တာ” ဟု သံလွင်ခက်ကို ပြောသည်

ပစ်ခတ်ခံရမှုကြောင့် အသက် ၂၀ ကျော်အရွယ် လူငယ် သုံးဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ရာ အဆိုပါလူငယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ သားများ ပါဝင်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်

ကွတ်ခိုင်မြို့ခံတစ်ဦးက “စစ်ကြည့်လိုက်တော့ သူတို့ မိဘတွေက စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်နေတယ်။ ရှေ့ဆုံးကနေ မောင်းတဲ့ ကောင်လေးက ဘာမှ မဖြစ်ဘူး။ အလယ်ကနေတဲ့ ကောင်လေးက နည်းနည်း ထိတယ်။ အနောက်ကနေတဲ့ ကောင်လေးကနောက်ကျောကနေ ရင်ဘတ် ပေါက်ထွက်သွားတယ်” ဟု ပြောသည်

လက်ရှိအချိန်တွင် အဆိုပါ လူငယ် သုံးဦးသည် ကွတ်ခိုင်မြို့ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်ဟု ဒေသခံများ ထံမှ သိရသည်

သံလွင်ခက် (30 Oct 2022)

Leave a Reply

Your email address will not be published. Required fields are marked *