ရဲစခန္း တိုက္ခိုက္ခံရၿပီး စခန္းမႉး၊ ဒုရဲအုပ္ အပါအဝင္ ရဲ ၁၁ ဦးေသဆုံးကာ လက္နက္ ၇ လက္ပါသြား၊ ရင္ခြဲ႐ုံသို႔ ရဲ ၁၁ ဦး အပါအဝင္ အ ေလာင္း ၁၂ ခု ေရာက္ရွိ

ရန္ကုန္၊ ေအာက္တိုဘာ ၃၀

မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ႕နယ္ ငါ့သေရာက္ၿမိဳ႕ ရဲစခန္းကို ေအာက္တိုဘာလ ၂၉ ရက္ေန႔ ညေန ၄ နာရီေက်ာ္အခ်ိန္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားက ဝိုင္းဝန္း တိုက္ခိုက္ရာ စခန္းမႉး၊ ဒုရဲအုပ္ အပါအဝင္ ရဲ ၁၁ ဦး ေသဆုံးၿပီး လက္နက္ ၇ လက္ ပါသြားေၾကာင္း သိရွိရသည္

ေအာက္တိုဘာလ ၂၉ ရက္ေန႔ ညေန ၄ နာရီေက်ာ္အခ်ိန္ PDF မဟာမိတ္တပ္ဖြဲ႕မ်ားက ငါ့သေရာက္ၿမိဳ႕ ရဲစခန္းကို ဝင္ေရာက္ တိုက္ခိုက္ခဲ့ေၾကာင္း၊ ည ေန ၅ နာရီဝန္းက်င္အထိ ရဲစခန္းကို လက္နက္ကိုင္မ်ားက ဝင္ေရာက္စီးနင္းသြားခဲ့ၿပီး ရဲစခန္းအတြင္းမွ ပစ္ခတ္မႈေၾကာင့္ လမ္းေပၚတြင္ လူ ၁ ဦး ေသဆုံးမႈရွိေၾကာင္း သိရွိရသည္

“မေန႔ ညေန ၄ နာရီေလာက္မွာ ငါ့သေရာက္ရဲစခန္းကို PDFေတြ မိနစ္ ၂၀ ခန႔္ အလစ္ဝင္ပစ္ၾကတယ္။ ရဲေခြးေတြ အမ်ားႀကီး ျပန္မပစ္ႏိုင္ဘူး။ စခန္းထဲက ရဲေတြ ထြက္မလာေတာ့ဘူး။ ညေန ၅ နာရီ ေက်ာ္ေလာက္မွာ စစ္ေခြးေတြအမ်ားႀကီးပဲ။ သန္ျမန္သူ နာေရး ကူညီေရးကားေတြ စခန္းထဲ အေခါက္အခါခါဝင္ေနခဲ့တယ္။ ရဲ ၁၁ ဦးေသပါတယ္” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္

ရန္ကုန္ေခတ္သစ္၏ စုံစမ္းမႈမ်ားအရ ရင္ခြဲ႐ုံ သို႔ အေလာင္း ၁၂ ေလာင္း ေရာက္ရွိလာေၾကာင္း သိရွိရသည္

ရဲစခန္းတိုက္ခိုက္မႈအၿပီး စစ္တပ္က စစ္ကားမ်ားစြာျဖင့္ ေရာက္ရွိလာသျဖင့္ ေဒသ ခံတခ်ိဳ႕မွာ ေၾကာက္ လန႔္သျဖင့္ ထြက္ေျပးၾကၿပီး အမ်ားစုမွာ စိုးရိမ္စိတ္မ်ားျဖင့္ ေနထိုင္ေနၾကရေၾကာင္း ေဒသခံမ်ားက ဆိုၾကသည္

“အမ်ိဳးရွိတဲ့လူေတြလည္း ေျပးၾကတယ္။ မေျပးႏိုင္တဲ့လူကလည္း ဘယ္အခ်ိန္ ငါတို႔ကို စစ္တပ္က ဒုကၡေပးမလဲဆိုၿပီး စိုးရိမ္ေနရတယ္။ အေျခအေန ဆိုးတယ္” ဟု ငါ့သေရာက္ၿမိဳ႕ ေဒသခံက ဆိုသည္

အၾကမ္းဖက္ စစ္တပ္က ငါ့သေရာက္ၿမိဳ႕ တစ္ခုလုံးကို ပိတ္ဆို႔ထားၿပီး စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရွိရသည္

===========
ရဲစခန်း တိုက်ခိုက်ခံရပြီး စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် ရဲ ၁၁ ဦးသေဆုံးကာ လက်နက် ၇ လက်ပါသွား၊ ရင်ခွဲရုံသို့ ရဲ ၁၁ ဦး အပါအဝင် အ လောင်း ၁၂ ခု ရောက်ရှိ

ရန်ကုန်၊ အောက်တိုဘာ ၃၀

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ရဲစခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် လက်နက်ကိုင်တပ်ဖွဲ့များက ဝိုင်းဝန်း တိုက်ခိုက်ရာ စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် ရဲ ၁၁ ဦး သေဆုံးပြီး လက်နက် ၇ လက် ပါသွားကြောင်း သိရှိရသည်

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် PDF မဟာမိတ်တပ်ဖွဲ့များက ငါ့သရောက်မြို့ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ည နေ ၅ နာရီဝန်းကျင်အထိ ရဲစခန်းကို လက်နက်ကိုင်များက ဝင်ရောက်စီးနင်းသွားခဲ့ပြီး ရဲစခန်းအတွင်းမှ ပစ်ခတ်မှုကြောင့် လမ်းပေါ်တွင် လူ ၁ ဦး သေဆုံးမှုရှိကြောင်း သိရှိရသည်

“မနေ့ ညနေ ၄ နာရီလောက်မှာ ငါ့သရောက်ရဲစခန်းကို PDFတွေ မိနစ် ၂၀ ခန့် အလစ်ဝင်ပစ်ကြတယ်။ ရဲခွေးတွေ အများကြီး ပြန်မပစ်နိုင်ဘူး။ စခန်းထဲက ရဲတွေ ထွက်မလာတော့ဘူး။ ညနေ ၅ နာရီ ကျော်လောက်မှာ စစ်ခွေးတွေအများကြီးပဲ။ သန်မြန်သူ နာရေး ကူညီရေးကားတွေ စခန်းထဲ အခေါက်အခါခါဝင်နေခဲ့တယ်။ ရဲ ၁၁ ဦးသေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်

ရန်ကုန်ခေတ်သစ်၏ စုံစမ်းမှုများအရ ရင်ခွဲရုံ သို့ အလောင်း ၁၂ လောင်း ရောက်ရှိလာကြောင်း သိရှိရသည်

ရဲစခန်းတိုက်ခိုက်မှုအပြီး စစ်တပ်က စစ်ကားများစွာဖြင့် ရောက်ရှိလာသဖြင့် ဒေသ ခံတချို့မှာ ကြောက် လန့်သဖြင့် ထွက်ပြေးကြပြီး အများစုမှာ စိုးရိမ်စိတ်များဖြင့် နေထိုင်နေကြရကြောင်း ဒေသခံများက ဆိုကြသည်

“အမျိုးရှိတဲ့လူတွေလည်း ပြေးကြတယ်။ မပြေးနိုင်တဲ့လူကလည်း ဘယ်အချိန် ငါတို့ကို စစ်တပ်က ဒုက္ခပေးမလဲဆိုပြီး စိုးရိမ်နေရတယ်။ အခြေအနေ ဆိုးတယ်” ဟု ငါ့သရောက်မြို့ ဒေသခံက ဆိုသည်

အကြမ်းဖက် စစ်တပ်က ငါ့သရောက်မြို့ တစ်ခုလုံးကို ပိတ်ဆို့ထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်

Leave a Reply

Your email address will not be published. Required fields are marked *