ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော ဘုန်းလျှံကတော့ လတ်တလောမှာ သာသနာ့ဘောင်ကို ခေတ္တဝင်ရောက်သွားခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ဘုန်းလျှံကတော့ သာသနာ့ဘောင်ကို မြောက်ဦးဆရာတော်ကြီးရဲ့ အရိပ်အောက်မှာ ခိုလှုံရင်း တရားဘာဝနာကို ကျင့်ကြံပွားများအားထုတ်ခဲ့တာပဲဖြစ်ပါတယ်။

အခုလို သာသနာဘောင့်ကိုဝင်ရောက်ခဲ့တာကတော့ သူတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်အနေနဲ့ ဇနီးဖြစ်သူက တောင်းဆိုတာကြောင့် ဇနီးသည်ကယောဂီဝတ်၊ ဘုန်းလျှံက သင်္ကန်းဝတ်ကာ တရားစခန်းအတူတူဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ မြောက်ဦး ရတနာမာန်အောင် တရားရိပ်သာမှာ ဇနီးမောင်နှံနှစ်ယောက် သံသရာလွတ်မြောက်ကြောင်းတရားတွေကို အားထုတ်ခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ဘုန်းလျှံက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့တာပါ။

ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကုသိုလ်တွေအားလုံးကို ပရိသတ်တွေနဲ့ (၃၁)ဘုံသားတွေအကုန် ထပ်တူရရှိပါစေလို့လည်း ကုသိုလ်မျှဝေထားပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေလည်း အေးချမ်းလှတဲ့ ဘုန်းလျှံတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ တရားစခန်းဝင်ရောက်ခဲ့တဲ့ ပုံလေးတွေကိုလည်း CeleZone ကပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Bhone Hlyan

Leave a Reply

Your email address will not be published. Required fields are marked *