Korea မွာရွိတဲ့ ေ႐ႊျမန္မာေတြအားလုံး အသြားအလာ ဂ႐ုစိုက္ၾကပါ

ေဟာလိုးဝင္းဆို အရမ္းစည္တဲ့ အီထယ္ဝန္မွာ ဒီေန႔ လူပိတဲ့ျဖစ္စဥ္ျဖစ္ပြားခဲ့ပါတယ္ ရဲကားေတြ ေဆး႐ုံကားေတြေရာက္လာၿပီး

အေရးေပၚအသက္ကယ္နည္းေတြလုပ္ေပးေနတယ္လို႔သိရပါတယ္ ထိခိုက္ေသဆုံးသူေတြကိုေတာ့အတည္ျပဳေနဆဲပါတဲ့

Halloween ပြဲအတြက္ အခုည ဆိုးလ္ၿမိဳ႕ အီထယ္ေဝါန္း 이태원 ကို သြားၾကမယ့္ လူမ်ား အိမ္တန္းျပန္ၾကပါ
အခု (ရဲက မူးယစ္ေဆး တစ္မ်ိဳးေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ယူဆေနၿပီး) လူေတာ္ေတာ္မ်ားမ်ား လဲက်ၿပီး၊ လဲက်သူေတြက လူပိခံရၿပီး အေရးေပၚ ေဆး႐ုံကားေတြ ဆက္တိုက္ လာေခၚေနရပါတယ္

လူ ၁ဝဝေက်ာ္ ႏွလုံးရပ္တန႔္မႈ ျဖစ္ေနပါတယ္လို႔ အခုပဲ သတင္းေတြ တက္လာပါတယ္

အခု လမ္းေဘးတင္ အဝတ္ေတြနဲ႔ အုပ္ထားသူေတြ အမ်ားႀကီးပဲလို႔ သိရပါတယ္

မနက္ျဖန္လည္း ပိတ္ရက္မို႔ သြားဖို႔ အစီအစဥ္ ရွိသူမ်ား ေရွာင္ရွားၾကဖို႔ အသိေပးပါတယ္

(ဘာေၾကာင့္လဲ အေၾကာင္းရင္း မေသခ်ာေသးပါ။ အားလုံး မသြားျဖစ္ၾကေအာင္ ခ်က္ခ်င္း ပိတ္ခ်င္လို႔ အသိေပးရျခင္း ျဖစ္ပါတယ္) Crd- Tr- Chan Chan

Korea မှာရှိတဲ့ ရွှေမြန်မာတွေအားလုံး အသွားအလာ ဂရုစိုက်ကြပါ

ဟောလိုးဝင်းဆို အရမ်းစည်တဲ့ အီထယ်ဝန်မှာ ဒီနေ့ လူပိတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ် ရဲကားတွေ ဆေးရုံကားတွေရောက်လာပြီး

အရေးပေါ်အသက်ကယ်နည်းတွေလုပ်ပေးနေတယ်လို့သိရပါတယ် ထိခိုက်သေဆုံးသူတွေကိုတော့အတည်ပြုနေဆဲပါတဲ့

Halloween ပွဲအတွက် အခုည ဆိုးလ်မြို့ အီထယ်ဝေါန်း 이태원 ကို သွားကြမယ့် လူများ အိမ်တန်းပြန်ကြပါ
အခု (ရဲက မူးယစ်ဆေး တစ်မျိုးကြောင့် ဖြစ်နိုင်တယ်လို့ ယူဆနေပြီး) လူတော်တော်များများ လဲကျပြီး၊ လဲကျသူတွေက လူပိခံရပြီး အရေးပေါ် ဆေးရုံကားတွေ ဆက်တိုက် လာခေါ်နေရပါတယ်

လူ ၁ဝဝကျော် နှလုံးရပ်တန့်မှု ဖြစ်နေပါတယ်လို့ အခုပဲ သတင်းတွေ တက်လာပါတယ်

အခု လမ်းဘေးတင် အဝတ်တွေနဲ့ အုပ်ထားသူတွေ အများကြီးပဲလို့ သိရပါတယ်

မနက်ဖြန်လည်း ပိတ်ရက်မို့ သွားဖို့ အစီအစဉ် ရှိသူများ ရှောင်ရှားကြဖို့ အသိပေးပါတယ်

(ဘာကြောင့်လဲ အကြောင်းရင်း မသေချာသေးပါ။ အားလုံး မသွားဖြစ်ကြအောင် ချက်ချင်း ပိတ်ချင်လို့ အသိပေးရခြင်း ဖြစ်ပါတယ်) Crd- Tr- Chan Chan

Leave a Reply

Your email address will not be published. Required fields are marked *