





အိမ်ကိုပြန်ရောက်ပြီး လွမ်းနေကြောင်း ပုံလေးနဲ့ နူတ်ဆက်လာတဲ့ အဆိုတော် ပိုပို

အဆိုတော်ပိုပိုဟာ ဒီနေ့မှာတော့ သူ့ရဲ့ပရိသတ်တွေအတွက် ပထမဆုံး ပုံရိပ်လေးကို အခုလိုတင်ပေးထားတာတွေ့ရပါတယ်။

“အိမ်ကို လာချစ်ခြင်းတွေ ပေးသောတူ တူမလေးတွေ နဲ့ အားလုံးရဲ့ ချစ်ခြင်းမေတ္တာများကြောင့်အိမ်ကို ပြန်ရောက်ပါပြီရှင် လွမ်းနေခဲ့ပါတယ် ”

ဆိုတဲ့စာလေးကိုလည်း ပိုပိုက ပုံလေးနဲ့အတူ ရေးသားခဲ့တာတွေ့ရပါတယ်… ။

အောက်တိုဘာလ ၂၈ ညပိုင်းက အင်းစိန် အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီးတင်လိုက်တဲ့ သူမရဲ့ ပထမဆုံး ပုံလေးလည်း ဖြစ်ပါတယ်။

ပိုပိုရဲ့ချစ်ပရိသတ်တွေအတွက် ကြည်နူးစရာ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်❤️

Leave a Reply

Your email address will not be published. Required fields are marked *