ေဆးေၾကာင္ေနသူတစ္ဦးမွ ဓားျဖင့္ခုတ္မႈေၾကာင့္ ေလးႏွစ္အ႐ြယ္ကေလးတစ္ဦးေသဆုံးကာ အမ်ိဳးသမီး ႏွစ္ဦးဒဏ္ရာရ

CjPlatform🖋️ကိုေပါက္

မုဒုံၿမိဳ႕နယ္ ၿမိဳ႕မ ၁ ရပ္ကြက္တြင္ ယေန႔ ေန႔လည္ပိုင္းက ေဆးေၾကာင္ေနသည့္ အမ်ိဳးသားတစ္ဦးက ဓားျဖင့္ခုတ္၍ အသက္ေလးႏွစ္အ႐ြယ္ကေလးတစ္ဦး ေသဆုံးကာ အမ်ိဳးသမီးတစ္ဦးဒဏ္ရာရရွိခဲ့သည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္

ၿမိဳ႕မ ၁ ရပ္ကြက္ ေမာ္သံလမ္းရွိ ေနအိမ္တစ္အိမ္တြင္ ေဆးေၾကာင္ေနသည့္ဦးေလးျဖစ္သူမွ ဓားျဖင့္ခုတ္ခဲ့ရာ ကေလးငယ္တစ္ဦး ေသဆုံးၿပီး မိခင္ျဖစ္သူ ဒဏ္ရာရရွိခဲ့သည္ဟု ၿမိဳ႕ခံတစ္ဦးက CJ Platform ကိုေျပာသည္

“ဦေလးအရင္းက ခုတ္တာပါ မိသားစုကို ျပသာနာရွာၿပီးခုတ္တာ အမ်ိဳးသမီးႏွစ္ဦး ဒဏ္ရာရတယ္ကေလး တစ္ေယာက္ေသတယ္ ေယာက်္ားေလး ၄ ႏွစ္ပဲရွိေသးတယ္ “ဟု ရွင္းျပသည္

ဆုံးပါးခဲ့သည့္ အသက္ေလးႏွစ္အ႐ြယ္ကေလးငယ္ ကို မုဒုံရင္ခြဲ႐ုံကို ပို႔ေဆာင္ေပးၿပီး ဒဏ္ရာရရွိသူ အမ်ိဳးသမီးႏွစ္ဦးကို မုဒုံေဆး႐ုံႀကီးမွတဆင့္ ေမာ္လၿမိဳင္ေဆး႐ုံသို႔လြဲေျပာင္းေပးလိုက္သည္ဟု ရပ္မိရပ္ဖတစ္ဦးက CJ Platform ကိုေျပာသည္

“မုဒုံက ပရဟိတအဖြဲ႕ႏွစ္ဖြဲ႕က ကူညီေပးတာ ကေလးကေသတယ္ အမ်ိဳးသမီးႏွစ္ဦးက တစ္ဦးဘယ္ဘက္ ရင္အုံထိတယ္ ေနာက္တစ္ဦးက ေျခသလုံး႐ိုးက်ိဳးသြားတယ္”ဟု ရွင္းျပသည္

ဓားျဖင့္ခုတ္ခဲ့သူအမ်ိဳးသားကို ရပ္ကြက္မွ ဝိုင္းဝန္းဖမ္းဆီးခဲ့ၿပီး ရဲတပ္ဖြဲ႕သို႔အပ္ႏွံလိုက္ၿပီး မုဒုံၿမိဳ႕မရဲစခန္းမွ အမႈဖြင့္လွစ္အေရးယူေဆာင္႐ြက္ႏိူင္ရန္ စစ္ေဆးေနသည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္

===========

ဆေးကြောင်နေသူတစ်ဦးမှ ဓားဖြင့်ခုတ်မှုကြောင့် လေးနှစ်အရွယ်ကလေးတစ်ဦးသေဆုံးကာ အမျိုးသမီး နှစ်ဦးဒဏ်ရာရ

CjPlatform🖋️ကိုပေါက်

မုဒုံမြို့နယ် မြို့မ ၁ ရပ်ကွက်တွင် ယနေ့ နေ့လည်ပိုင်းက ဆေးကြောင်နေသည့် အမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်၍ အသက်လေးနှစ်အရွယ်ကလေးတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်

မြို့မ ၁ ရပ်ကွက် မော်သံလမ်းရှိ နေအိမ်တစ်အိမ်တွင် ဆေးကြောင်နေသည့်ဦးလေးဖြစ်သူမှ ဓားဖြင့်ခုတ်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်

“ဦလေးအရင်းက ခုတ်တာပါ မိသားစုကို ပြသာနာရှာပြီးခုတ်တာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရတယ်ကလေး တစ်ယောက်သေတယ် ယောကျ်ားလေး ၄ နှစ်ပဲရှိသေးတယ် “ဟု ရှင်းပြသည်

ဆုံးပါးခဲ့သည့် အသက်လေးနှစ်အရွယ်ကလေးငယ် ကို မုဒုံရင်ခွဲရုံကို ပို့ဆောင်ပေးပြီး ဒဏ်ရာရရှိသူ အမျိုးသမီးနှစ်ဦးကို မုဒုံဆေးရုံကြီးမှတဆင့် မော်လမြိုင်ဆေးရုံသို့လွဲပြောင်းပေးလိုက်သည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်

“မုဒုံက ပရဟိတအဖွဲ့နှစ်ဖွဲ့က ကူညီပေးတာ ကလေးကသေတယ် အမျိုးသမီးနှစ်ဦးက တစ်ဦးဘယ်ဘက် ရင်အုံထိတယ် နောက်တစ်ဦးက ခြေသလုံးရိုးကျိုးသွားတယ်”ဟု ရှင်းပြသည်

ဓားဖြင့်ခုတ်ခဲ့သူအမျိုးသားကို ရပ်ကွက်မှ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့သို့အပ်နှံလိုက်ပြီး မုဒုံမြို့မရဲစခန်းမှ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်နိူင်ရန် စစ်ဆေးနေသည်ဟု မြို့ခံတွေဆီက သိရသည်

Leave a Reply

Your email address will not be published. Required fields are marked *