ေျမာင္တိုက္ပြဲမွာ က်ည္မလုံေလာက္လို႔ ရဲေဘာ္တခ်ိဳ႕ ရပ္ၾကည့္ေနရ၊

MFP ၊ ေအာက္တိုဘာ – ၂၉

စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္ ပရိမၼာေက်း႐ြာရွိ ျမင္းၿခံခ႐ိုင္ တပ္ရင္း(၃) – ေျမလတ္ PDF ႏွင့္ Myingyan Black Tiger (MBT) ညီေနာင္မဟာမိတ္ တပ္ဖြဲ႕ စခန္းကို ေအာက္တိုဘာ(၂၈)ရက္ မေန႔မနက္(၅)နာရီေက်ာ္အခ်ိန္ စစ္အုပ္စုက စီးနင္းဝင္ေရာက္ တိုက္ခိုက္ရာ တစ္နာရီၾကာ တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားခဲ့ၿပီး PDF ရဲေဘာ္တခ်ိဳ႕ က်ည္မလုံေလာက္လို႔ မတ္တပ္ရပ္ၿပီး ၾကည့္ေနခဲ့ရတယ္လို႔ ျမင္းၿခံခ႐ိုင္ တပ္ရင္း – MGN District Army က သတင္း ထုတ္ျပန္ပါတယ္

ပရိမၼ႐ြာ တိုက္ပြဲမွာ စကစေတြ အေသအေပ်ာက္ ရွိခဲ့ၿပီး ရဟတ္ယာဥ္ေတြနဲ႔ ပစ္ကူေပးခဲ့ေပမယ့္ PDF ရဲေဘာ္တခ်ိဳ႕ေတာ့ က်ည္မလုံေလာက္လို႔ တိုက္ပြဲအတြင္း မတ္တပ္ရပ္ ၾကည့္ေနခဲ့ရတယ္လို႔ ဆိုပါတယ္

“ျမင္းၿခံတပ္ရင္း(၃)အား ေျမာင္ၿမိဳ႕နယ္တြင္ စကစဘက္မွ ေျခလ်င္တပ္တို႔၊ လက္နက္ႀကီးတို႔ျဖင့္ ဝင္ေရာက္တိုက္ခိုက္။ ေဝဟင္ (MI-35)ျဖင့္ ပစ္ကူေပးသည့္အျပင္ (Mi-17) ႏွစ္စီးျဖင့္ စခေျချမန္တပ္သား (၇၀)ခန႔္ခ်ၿပီး အျပင္းတိုက္ခိုက္။‌ ေျမလတ္တပ္သားႏွစ္ဦး လက္နက္ႀကီးထိမွန္ မစိုးရိမ္ရဘဲ Regional ႏြားထိုးမွ တစ္ေယာက္ က်ဆုံးခဲ့ရပါတယ္

ေဒသခံ ေအာက္ပိုင္းေသေနသူ အဘိုးအို တစ္ဦးအားလည္း စကစဘက္မွ ထပ္ဆင့္ ပစ္သက္သြားခဲ့ျပန္ပါတယ္။ ဝန္းရံ စစ္ကူအေနျဖင့္ ျမင္းၿခံ တပ္ရင္း(၁)၊ တပ္ရင္း(၂) တို႔အျပင္ ေခ်ာင္းဦးCHUအဖြဲ႕၊ စစ္ကိုင္းတပ္ရင္း(၄) ၊ ေက်း႐ြာတပ္ေပါင္းစုႏွင့္ CDSOM အသီးသီးတို႔မွလည္း မတရားစစ္ ေအာင္ႏိုင္ေရးအတြက္ ဝင္ေရာက္ ကူညီတိုက္ေပးခဲ့ၾကပါတယ္” လို႔ MGN District Army က ေဖာ္ျပပါတယ္

တိုက္ပြဲအတြင္း စကစေတြ အထိနာ ေနခ်ိန္ မုံ႐ြာ နမခ ကေန ရဟတ္ယာဥ္ သုံးစီး ေရာက္လာၿပီး မဲမဲျမင္ရာ လိုက္လံပစ္ခတ္တာေၾကာင့္ ေဒသခံျပည္သူ ေျခာက္ဦးထက္မနည္း ထိခိုက္ဒဏ္ရာရၿပီး PDF ေတြလည္း ဆုတ္ခြာ ေပးခဲ့ရတယ္လို႔ ေဒသကာကြယ္ေရး တပ္ေတြက ထုတ္ျပန္ထားပါတယ္

ေျမာင္ၿမိဳ႕နယ္ထဲ စစ္အုပ္စု ေသာင္းက်န္းေနလို႔ ပရိမၼ႐ြာ အပါအဝင္ ေျမာင္ၿမိဳ႕နယ္ ေက်း႐ြာ ခုႏွစ္႐ြာက ေဒသခံျပည္သူ (၅၀၀၀)ေက်ာ္ စစ္ေျပးေနရပါတယ္

===========

မြောင်တိုက်ပွဲမှာ ကျည်မလုံလောက်လို့ ရဲဘော်တချို့ ရပ်ကြည့်နေရ၊

MFP ၊ အောက်တိုဘာ – ၂၉

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပရိမ္မာကျေးရွာရှိ မြင်းခြံခရိုင် တပ်ရင်း(၃) – မြေလတ် PDF နှင့် Myingyan Black Tiger (MBT) ညီနောင်မဟာမိတ် တပ်ဖွဲ့ စခန်းကို အောက်တိုဘာ(၂၈)ရက် မနေ့မနက်(၅)နာရီကျော်အချိန် စစ်အုပ်စုက စီးနင်းဝင်ရောက် တိုက်ခိုက်ရာ တစ်နာရီကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး PDF ရဲဘော်တချို့ ကျည်မလုံလောက်လို့ မတ်တပ်ရပ်ပြီး ကြည့်နေခဲ့ရတယ်လို့ မြင်းခြံခရိုင် တပ်ရင်း – MGN District Army က သတင်း ထုတ်ပြန်ပါတယ်

ပရိမ္မရွာ တိုက်ပွဲမှာ စကစတွေ အသေအပျောက် ရှိခဲ့ပြီး ရဟတ်ယာဉ်တွေနဲ့ ပစ်ကူပေးခဲ့ပေမယ့် PDF ရဲဘော်တချို့တော့ ကျည်မလုံလောက်လို့ တိုက်ပွဲအတွင်း မတ်တပ်ရပ် ကြည့်နေခဲ့ရတယ်လို့ ဆိုပါတယ်

“မြင်းခြံတပ်ရင်း(၃)အား မြောင်မြို့နယ်တွင် စကစဘက်မှ ခြေလျင်တပ်တို့၊ လက်နက်ကြီးတို့ဖြင့် ဝင်ရောက်တိုက်ခိုက်။ ဝေဟင် (MI-35)ဖြင့် ပစ်ကူပေးသည့်အပြင် (Mi-17) နှစ်စီးဖြင့် စခခြေမြန်တပ်သား (၇၀)ခန့်ချပြီး အပြင်းတိုက်ခိုက်။‌ မြေလတ်တပ်သားနှစ်ဦး လက်နက်ကြီးထိမှန် မစိုးရိမ်ရဘဲ Regional နွားထိုးမှ တစ်ယောက် ကျဆုံးခဲ့ရပါတယ်

ဒေသခံ အောက်ပိုင်းသေနေသူ အဘိုးအို တစ်ဦးအားလည်း စကစဘက်မှ ထပ်ဆင့် ပစ်သက်သွားခဲ့ပြန်ပါတယ်။ ဝန်းရံ စစ်ကူအနေဖြင့် မြင်းခြံ တပ်ရင်း(၁)၊ တပ်ရင်း(၂) တို့အပြင် ချောင်းဦးCHUအဖွဲ့၊ စစ်ကိုင်းတပ်ရင်း(၄) ၊ ကျေးရွာတပ်ပေါင်းစုနှင့် CDSOM အသီးသီးတို့မှလည်း မတရားစစ် အောင်နိုင်ရေးအတွက် ဝင်ရောက် ကူညီတိုက်ပေးခဲ့ကြပါတယ်” လို့ MGN District Army က ဖော်ပြပါတယ်

တိုက်ပွဲအတွင်း စကစတွေ အထိနာ နေချိန် မုံရွာ နမခ ကနေ ရဟတ်ယာဉ် သုံးစီး ရောက်လာပြီး မဲမဲမြင်ရာ လိုက်လံပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး PDF တွေလည်း ဆုတ်ခွာ ပေးခဲ့ရတယ်လို့ ဒေသကာကွယ်ရေး တပ်တွေက ထုတ်ပြန်ထားပါတယ်

မြောင်မြို့နယ်ထဲ စစ်အုပ်စု သောင်းကျန်းနေလို့ ပရိမ္မရွာ အပါအဝင် မြောင်မြို့နယ် ကျေးရွာ ခုနှစ်ရွာက ဒေသခံပြည်သူ (၅၀၀၀)ကျော် စစ်ပြေးနေရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *