ပုလဲ ပအဖ႐ုံး စီးနင္းခံရမႈ (၁၆)ဦး အသ–တ္ခံရ

တိုက္ပြဲမွာ စကစ ကြန္မန္ဒိုေတြ အထိနာၿပီး ထြက္ေျပး၊

MFP ၊ ေအာက္တိုဘာ – ၂၉

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္ ဖလံပင္႐ြာအနီးက ပုလဲၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ – ပအဖ ႐ုံးကို စစ္အုပ္စုက ရဟတ္ယာဥ္ ငါးစီးနဲ႔ ပစ္ခတ္ၿပီး အထူးကြန္မန္ဒို ဆိုသူ အင္အား (၁၀၀)ေက်ာ္နဲ႔ စီးနင္းေသာင္းက်န္းရာ ေက်ာင္းသားႏွင့္ အခ်ဳပ္သားေတြ အပါအဝင္ စုစုေပါင္း အေလာင္း (၁၆)ေလာင္း ေတြရွိတယ္လို႔ ပုလဲနယ္ ပအဖ ဥကၠဌ က ေျပာပါတယ္

ေသဆုံးသူ (၁၆)ဦးမွာ PDF ရဲေဘာ္ သုံးဦး၊ ရွစ္တန္းေက်ာင္းသားတစ္ဦး၊ ျပည္သူ ႏွစ္ဦး၊ ပ်ဴ၊ ဒလန္၊ မုဒိမ္းမႈ၊ ခိုးမႈနဲ႔ မူးရစ္ရမ္းကားမႈတို႔ေၾကာင့္ ပအဖ ႐ုံးအခ်ဳပ္ေထာင္မွာ ဖမ္းဆီးထိန္းသိမ္းထားသူ ရွစ္ဦးႏွင့္ ရဲCDM ႏွစ္ဦးတို႔ ျဖစ္တယ္လို႔ ဆိုပါတယ္

ဒါ့အျပင္ ေငြသား က်ပ္သိန္း (၁၇၀၀)၊ ပ႐ိုေဘာက္ ကားတစ္စီး၊ ကြန္ပ်ဴတာ ၊ ပရင္တာ ၊ လိုင္းအားျမႇင့္စက္ အပါအဝင္ ႐ုံးအသုံးအေဆာင္ ပစၥည္းေတြကို စစ္အုပ္စုက လုယက္ ဖ်က္ဆီးသြားတယ္လို႔ ပုလဲၿမိဳ႕နယ္ ပအဖက ထုတ္ျပန္ပါတယ္။ ဒါ့အျပင္ စစ္ဗိုလ္မိန္းမ သီတာဦး အပါအဝင္ ပုလဲ ပကဖ က ဖမ္းဆီးထားတဲ့ ပ်ဴႏွင့္ ဒလန္ (၁၆)ဦး ေပ်ာက္ဆုံးတယ္လို႔ ဆိုပါတယ္

ပုလဲ ပအဖ ႐ုံးကို ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္စီးနင္းတဲ့ စစ္အုပ္စုဟာ အခ်ဳပ္သားႏွင့္ ျပည္သူေတြကို ဖမ္းဆီးၿပီး သတ္ျဖတ္သြားေပမယ့္ တိုက္ပြဲျဖစ္ပြားခ်ိန္မွာေတာ့ ေလေၾကာင္း ပစ္ကူေခၚကာ ထြက္ေျပးသြားတယ္လို႔ တိုက္ပြဲမွာ ပါဝင္ခဲ့တဲ့ ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက ထုတ္ျပန္ပါတယ္

ရဟတ္ယာဥ္ေတြနဲ႔ ခ်ေပးၿပီး ဖလံပင္႐ြာ အပါအဝင္ ပုလဲနယ္ထဲ ေသာင္းက်န္းေနတဲ့ စစ္အုပ္စုကို ယင္းမာပင္ခ႐ိုင္အမွတ္(၇)တပ္ရင္း Royal Eagle ၊ ခ႐ိုင္အမွတ္(၈)တပ္ရင္းHeadquarters၊ ခ႐ိုင္တပ္ရင္း(၉)PRA၊ခ႐ိုင္တပ္ရင္း(၁၀)ေဒါင္းနက္၊ ခ႐ိုင္တပ္ရင္း(၁၁)က်ားသစ္နက္၊ ခ႐ိုင္တပ္ရင္း(၁၂) Guerilla Ranger၊ခ႐ိုင္တပ္ရင္း(၁၃)PRA၊

ခ႐ိုင္တပ္ရင္း(၁၉)Pale Joker၊ ခ႐ိုင္တပ္ရင္း(၂၀)႐ိုးမရာဇာ၊ စကားေျပာက္က်ားတပ္ဖြဲ႕(ၿမိဳင္)၊ God Of Myaing၊ 7star(ၿမိဳင္)၊ R7 (ၿမိဳင္)၊ 3 in 1 (ၿမိဳင္)၊ PGF(ေပါက္)၊ ေ႐ႊႀတိဂံ(ယင္းမာပင္)၊ Alpha(ဆားလင္းႀကီး)၊

သံမဏိ(မုံ႐ြာ MPDF) ႏွင့္ အျခားေသာ ေဒသခံ PDF ေတြ ပူးေပါင္းၿပီး ႏွစ္ရက္ဆက္ တိုက္ခိုက္ရာမွာ စကစ ေျခာက္ေယာက္ထက္မနည္း ေသၿပီး ေလေၾကာင္း ပစ္ကူေခၚကာ ရဟတ္ယာဥ္ေတြနဲ႔ ထြက္ေျပးသြားတာလို႔ ဆိုပါတယ္

==========

ပုလဲ ပအဖရုံး စီးနင်းခံရမှု (၁၆)ဦး အသ–တ်ခံရ

တိုက်ပွဲမှာ စကစ ကွန်မန်ဒိုတွေ အထိနာပြီး ထွက်ပြေး၊

MFP ၊ အောက်တိုဘာ – ၂၉

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဖလံပင်ရွာအနီးက ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ ရုံးကို စစ်အုပ်စုက ရဟတ်ယာဉ် ငါးစီးနဲ့ ပစ်ခတ်ပြီး အထူးကွန်မန်ဒို ဆိုသူ အင်အား (၁၀၀)ကျော်နဲ့ စီးနင်းသောင်းကျန်းရာ ကျောင်းသားနှင့် အချုပ်သားတွေ အပါအဝင် စုစုပေါင်း အလောင်း (၁၆)လောင်း တွေရှိတယ်လို့ ပုလဲနယ် ပအဖ ဥက္ကဌ က ပြောပါတယ်

သေဆုံးသူ (၁၆)ဦးမှာ PDF ရဲဘော် သုံးဦး၊ ရှစ်တန်းကျောင်းသားတစ်ဦး၊ ပြည်သူ နှစ်ဦး၊ ပျူ၊ ဒလန်၊ မုဒိမ်းမှု၊ ခိုးမှုနဲ့ မူးရစ်ရမ်းကားမှုတို့ကြောင့် ပအဖ ရုံးအချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားသူ ရှစ်ဦးနှင့် ရဲCDM နှစ်ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်

ဒါ့အပြင် ငွေသား ကျပ်သိန်း (၁၇၀၀)၊ ပရိုဘောက် ကားတစ်စီး၊ ကွန်ပျူတာ ၊ ပရင်တာ ၊ လိုင်းအားမြှင့်စက် အပါအဝင် ရုံးအသုံးအဆောင် ပစ္စည်းတွေကို စစ်အုပ်စုက လုယက် ဖျက်ဆီးသွားတယ်လို့ ပုလဲမြို့နယ် ပအဖက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်ဗိုလ်မိန်းမ သီတာဦး အပါအဝင် ပုလဲ ပကဖ က ဖမ်းဆီးထားတဲ့ ပျူနှင့် ဒလန် (၁၆)ဦး ပျောက်ဆုံးတယ်လို့ ဆိုပါတယ်

ပုလဲ ပအဖ ရုံးကို ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်စီးနင်းတဲ့ စစ်အုပ်စုဟာ အချုပ်သားနှင့် ပြည်သူတွေကို ဖမ်းဆီးပြီး သတ်ဖြတ်သွားပေမယ့် တိုက်ပွဲဖြစ်ပွားချိန်မှာတော့ လေကြောင်း ပစ်ကူခေါ်ကာ ထွက်ပြေးသွားတယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်

ရဟတ်ယာဉ်တွေနဲ့ ချပေးပြီး ဖလံပင်ရွာ အပါအဝင် ပုလဲနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ယင်းမာပင်ခရိုင်အမှတ်(၇)တပ်ရင်း Royal Eagle ၊ ခရိုင်အမှတ်(၈)တပ်ရင်းHeadquarters၊ ခရိုင်တပ်ရင်း(၉)PRA၊ခရိုင်တပ်ရင်း(၁၀)ဒေါင်းနက်၊ ခရိုင်တပ်ရင်း(၁၁)ကျားသစ်နက်၊ ခရိုင်တပ်ရင်း(၁၂) Guerilla Ranger၊ခရိုင်တပ်ရင်း(၁၃)PRA၊

ခရိုင်တပ်ရင်း(၁၉)Pale Joker၊ ခရိုင်တပ်ရင်း(၂၀)ရိုးမရာဇာ၊ စကားပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ God Of Myaing၊ 7star(မြိုင်)၊ R7 (မြိုင်)၊ 3 in 1 (မြိုင်)၊ PGF(ပေါက်)၊ ရွှေတြိဂံ(ယင်းမာပင်)၊ Alpha(ဆားလင်းကြီး)၊

သံမဏိ(မုံရွာ MPDF) နှင့် အခြားသော ဒေသခံ PDF တွေ ပူးပေါင်းပြီး နှစ်ရက်ဆက် တိုက်ခိုက်ရာမှာ စကစ ခြောက်ယောက်ထက်မနည်း သေပြီး လေကြောင်း ပစ်ကူခေါ်ကာ ရဟတ်ယာဉ်တွေနဲ့ ထွက်ပြေးသွားတာလို့ ဆိုပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *