အာရွလမ္းမႀကီးတြင္ ဆက္ေၾကးေကာက္ေနသည့္ စစ္သားတခ်ိဳ႕ ပစ္ခတ္ခံရၿပီး ၃ ဦးေသဆုံးကာ လက္နက္ ၄ လက္ သိမ္းဆည္းရမိ၊ ထားဝယ္တြင္ စစ္ကား မိုင္းဆြဲခံရၿပီး စစ္သား ၂ ဦးေသဆုံး

ရန္ကုန္၊ ေအာက္တိုဘာ ၂၉

ကရင္ျပည္နယ္၊ အာရွလမ္းမႀကီးတြင္ ဆက္ေၾကးေကာက္ေနသည့္ စစ္သားတခ်ိဳ႕ ပစ္ခတ္ခံရၿပီး ၃ ဦးေသဆုံးကာ လက္နက္ ၄ လက္ သိမ္းဆည္းရမိေၾကာင္း က်ားသစ္နက္စစ္ေၾကာင္းက ေျပာသည္

ကြမ္းၿခံကုန္းေကြ႕ အာရွလမ္းမတစ္ေနရာတြင္ တပ္မ (၂၂) လက္ေအာက္ခံ ခမရ (၂၀၄) မွ စစ္သား တခ်ိဳ႕သည္ ဆက္ေၾကး‌ေကာက္ခံလ်က္သျဖင့္ ေအာက္ တိုဘာ ၂၆ ရက္ေန႔ KNLA ႏွင့္ က်ားသစ္နက္ ပူးေပါင္း စစ္ေၾကာင္းတို႔က သြားေရာက္တိုက္ခိုက္ေၾကာင္း

စစ္သား ၈ ဦး ႏွစ္ေနရာခြဲ၍ ဆက္ေၾကးေကာက္ခံေနၾကသျဖင့္ ပစ္ခတ္တိုက္ခိုက္ရာ စစ္သား ၃ ဦး ေသဆုံးၿပီး ၁ ဦးဒဏ္ရာရရွိေၾကာင္း ၊ လက္နက္မ်ားအေနျဖင့္ MA 2 ၃ လက္၊MA 3 1 လက္၊ က်ည္အိမ္ (၁၂)ခု ႏွင့္ M 79 က်ည္ (၄)လုံးတို႔အား သိမ္းဆည္း ရရွိခဲ့ေၾကာင္း သိရွီရသည္

အလားတူ ေအာက္တိုဘာလ ၂၈ ရက္ေန႔ တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နယ္ ထား ဝယ္-ၿမိတ္ကားလမ္းမေပၚစစ္ေကာင္စီယာဥ္တန္းကို ၂ ႀကိမ္ တိုက္ခိုက္ခံရာ စစ္ကား(၂)စီး ပ်က္စီးျခင္း၊ စစ္သား(၂)ဦးေသဆုံးသြားေၾကာင္း ကစယ္ဒို ဖယ္ဒရယ္စစ္ေၾကာင္းက သတင္းထုတ္ျပန္သည္

ေအာက္တိုဘာ(၂၈)ရက္၊နံနက္၆ နာရီခြဲခန႔္က ထားဝယ္မွ ၿမိတ္ဖက္သို႔ဆင္းသည့္ စစ္ယာဥ္တန္း၁၂ စီးကို ပိ ေတာက္ႀကီး ႏွင့္ ပိေတာက္ငယ္႐ြာၾကားကစယ္ဒိုဖယ္ဒရယ္စစ္ေၾကာင္းမွ မိုင္းခြဲတိုက္ခိုက္ခဲ့ေၾကာင္း၊ ထိုတိုက္ခိုက္မႈ၌ စစ္ကား (၂)စီးထိမွန္၍လမ္းေဘးထိုးက် သြားၿပီး စစ္သား(၂)ဦးေသဆုံးေၾကာင္း၊ အမ်ားအျပားဒဏ္ရာရရွိခဲ့၍ PDFရဲေဘာ္မ်ားထိခိုက္မႈမရွိခဲ့ေၾကာင္း သိရွိရသည္

အဆိုပါ ကားလမ္းမေပၚရွိဘုတ္ေတာင္တြင္လမ္းကင္းယူေပး ေနသည့္စကစတပ္သားမ်ားကို ယင္းေန႔ ညေန(၃)နာရီ၊(၄၀)မိနစ္တြင္ ထပ္မံသြားေရာက္တိုက္ခိုက္ရာမိနစ္(၂၀)ခန႔္ႏွစ္ဖက္ျပန္လွန္ပစ္ခတ္မႈျဖစ္ပြား၍ ဖ က္ဆစ္တပ္သားတို႔ထိခိုက္ေသဆုံးမႈမ်ားစြာရွိခဲ့ေသာ္လည္း အေရအတြက္ မသိရွိရေသးေၾကာင္း သတင္းထုတ္ျပန္သည္

အဆိုပါ တိုက္ခိုက္မႈ၂ ႀကိမ္သည္ ကခ်င္ျပည္နယ္၊ဖားကန႔္ၿမိဳ႕နယ္၊အနန႔္ပါေက်း႐ြာမွာ ေအာက္တိုဘာ(၂၃)ရက္၊ညတြင္KIO ( ၆၂)ႏွစ္ျပည့္ အႀကိဳ ဂီတေဖ်ာ္ေျဖပြဲျပဳလုပ္ေနစဥ္ ဖက္ဆစ္ေကာင္စီမွေလေၾကာင္းတိုက္ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့၍ အႏုပညာရွင္မ်ား ႏွင့္ အျပစ္မဲ့ျပည္သူမ်ားစြာအသက္ေပးဆပ္ရမႈမ်ားအတြက္ လက္တုံ႔ျပန္ျခင္းျဖစ္ေၾကာင္း ကစယ္ဒိုဖယ္ဒရယ္စစ္ေၾကာင္းက သတင္းထုတ္ျပန္ထားသည္

ဓာတ္ပုံ- က်ားသစ္နက္စစ္ေၾကာင္းက သိမ္းဆည္းရမိသည့္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ လက္နက္မ်ား။

===========

အာရှလမ်းမကြီးတွင် ဆက်ကြေးကောက်နေသည့် စစ်သားတချို့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရမိ၊ ထားဝယ်တွင် စစ်ကား မိုင်းဆွဲခံရပြီး စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၉

ကရင်ပြည်နယ်၊ အာရှလမ်းမကြီးတွင် ဆက်ကြေးကောက်နေသည့် စစ်သားတချို့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရမိကြောင်း ကျားသစ်နက်စစ်ကြောင်းက ပြောသည်

ကွမ်းခြံကုန်းကွေ့ အာရှလမ်းမတစ်နေရာတွင် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၄) မှ စစ်သား တချို့သည် ဆက်ကြေး‌ကောက်ခံလျက်သဖြင့် အောက် တိုဘာ ၂၆ ရက်နေ့ KNLA နှင့် ကျားသစ်နက် ပူးပေါင်း စစ်ကြောင်းတို့က သွားရောက်တိုက်ခိုက်ကြောင်း

စစ်သား ၈ ဦး နှစ်နေရာခွဲ၍ ဆက်ကြေးကောက်ခံနေကြသဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ၊ လက်နက်များအနေဖြင့် MA 2 ၃ လက်၊MA 3 1 လက်၊ ကျည်အိမ် (၁၂)ခု နှင့် M 79 ကျည် (၄)လုံးတို့အား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှီရသည်

အလားတူ အောက်တိုဘာလ ၂၈ ရက်နေ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထား ဝယ်-မြိတ်ကားလမ်းမပေါ်စစ်ကောင်စီယာဉ်တန်းကို ၂ ကြိမ် တိုက်ခိုက်ခံရာ စစ်ကား(၂)စီး ပျက်စီးခြင်း၊ စစ်သား(၂)ဦးသေဆုံးသွားကြောင်း ကစယ်ဒို ဖယ်ဒရယ်စစ်ကြောင်းက သတင်းထုတ်ပြန်သည်

အောက်တိုဘာ(၂၈)ရက်၊နံနက်၆ နာရီခွဲခန့်က ထားဝယ်မှ မြိတ်ဖက်သို့ဆင်းသည့် စစ်ယာဉ်တန်း၁၂ စီးကို ပိ တောက်ကြီး နှင့် ပိတောက်ငယ်ရွာကြားကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းမှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု၌ စစ်ကား (၂)စီးထိမှန်၍လမ်းဘေးထိုးကျ သွားပြီး စစ်သား(၂)ဦးသေဆုံးကြောင်း၊ အများအပြားဒဏ်ရာရရှိခဲ့၍ PDFရဲဘော်များထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်

အဆိုပါ ကားလမ်းမပေါ်ရှိဘုတ်တောင်တွင်လမ်းကင်းယူပေး နေသည့်စကစတပ်သားများကို ယင်းနေ့ ညနေ(၃)နာရီ၊(၄၀)မိနစ်တွင် ထပ်မံသွားရောက်တိုက်ခိုက်ရာမိနစ်(၂၀)ခန့်နှစ်ဖက်ပြန်လှန်ပစ်ခတ်မှုဖြစ်ပွား၍ ဖ က်ဆစ်တပ်သားတို့ထိခိုက်သေဆုံးမှုများစွာရှိခဲ့သော်လည်း အရေအတွက် မသိရှိရသေးကြောင်း သတင်းထုတ်ပြန်သည်

အဆိုပါ တိုက်ခိုက်မှု၂ ကြိမ်သည် ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊အနန့်ပါကျေးရွာမှာ အောက်တိုဘာ(၂၃)ရက်၊ညတွင်KIO ( ၆၂)နှစ်ပြည့် အကြို ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် ဖက်ဆစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့၍ အနုပညာရှင်များ နှင့် အပြစ်မဲ့ပြည်သူများစွာအသက်ပေးဆပ်ရမှုများအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်

ဓာတ်ပုံ- ကျားသစ်နက်စစ်ကြောင်းက သိမ်းဆည်းရမိသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်များ။

Leave a Reply

Your email address will not be published. Required fields are marked *