မႏၲေလးမွာ မီးပိတ္သပိတ္ ျပဳလုပ္ခ်ိန္ စစ္အုပ္စုက ၿမိဳ႕အႏွံ႔ ေသနတ္ပစ္ေဖာက္၊ ေအာ္ဟစ္ေသာင္းက်န္း၊ရပ္ကြက္ေတြကို မီးျဖတ္ထားၿပီး မီးပိတ္သပိတ္ လုပ္ခ်ိန္မွ မီးျပန္ေပး၊

MFP ၊ ေအာက္တိုဘာ – ၂၈

ကခ်င္ျပည္နယ္ ဖားကန႔္ အနန႔္ပါေဒသ ဂီတပြဲကို စစ္အုပ္စုက တိုက္ေလယာဥ္နဲ႔ ဗုံးက်ဲလို႔ ထိခိုက္ေသဆုံးခဲ့သူေတြ အပါအဝင္ ေႏြဦးေတာ္လွန္ေရးမွာ က်ဆုံးခဲ့သူေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ တစ္ႏိုင္ငံလုံး မီးပိတ္သပိတ္ ဆင္ႏႊဲေနခ်ိန္ မႏၲေလးၿမိဳ႕မွာ စစ္အုပ္စုက ေနရာအႏွံ႔ ေသနတ္ပစ္ေဖာက္ၿပီး ေအာ္ဟစ္ေသာင္းက်န္းေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္

မီးပိတ္သပိတ္ကို ဒီေန႔ ေအာက္တိုဘာ (၂၈) ရက္ ည (၈) နာရီခြဲကေန (၈) နာရီ (၄၀) မိနစ္အထိ (၁၀)မိနစ္ၾကာ လုပ္ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္

“ သပိတ္လုပ္မယ့္ အခ်ိန္မတိုင္ခင္ ကတည္းက ၿမိဳ႕ထဲက ေနရာအႏွံ႔မွာ စစ္ေခြးေတြက ေနရာယူထားၾကတယ္၊ အထူးသျဖင့္ စိန္ပန္းတို႔ ၿမိဳ႕သစ္တို႔ ဘက္ေတြ၊ ေနာက္ၿပီး က်ဳံးပတ္လည္မွာလည္း ကင္းပုန္းေတြ ခ်တယ္၊ သူတို႔ ကားေတြနဲ႔လည္း လွည့္ေနတာ ေတြ႕ရတယ္ “ လို႔ ၿမိဳ႕ခံတစ္ေယာက္က ေျပာပါတယ္

မႏၲေလးၿမိဳ႕ ေနရာအခ်ိဳ႕မွာ ဒီေန႔ညေန (၄)နာရီခန႔္ကစၿပီး လွ်ပ္စစ္မီးေတြ ျပတ္ေတာက္ေနကာ မီးပိတ္သပိတ္ မျပဳလုပ္ခင္ (၇) နာရီခြဲခန႔္က်မွ မီးျပန္ေပးခဲ့တယ္လို႔လည္း ၿမိဳ႕ခံေတြက ဆိုပါတယ္

မီးပိတ္သပိတ္ကို မႏၲေလးၿမိဳ႕က ပါဝင္သူ ဘယ္ေလာက္ရွိတယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး

မီးပိတ္သပိတ္ ဆင္ႏႊဲေနခ်ိန္ မႏၲေလး က်ဳံးအေရွ႕ဘက္ (၆၂) လမ္းေပၚက ႏိုင္ငံျခားဘာသာတကၠသိုလ္အနီး၊ ၿမိဳ႕ပတ္လမ္းနဲ႔ လမ္း (၃၀) အနီး၊ သိပၸံလမ္းအနီး၊ စိန္ပန္းရပ္ကြက္နဲ႔ ၿမိဳ႕အဝင္ တံခြန္တိုင္အဝိုင္းပတ္အနီးတို႔ အပါအဝင္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေသနတ္ပစ္ေဖာက္သံေတြ ၾကားခဲ့ရတယ္လို႔ မႏၲေလးၿမိဳ႕ခံေတြက ဆိုပါတယ္

ဒါ့အျပင္ စစ္အုပ္စုက ရပ္ကြက္တခ်ိဳ႕ကို မီးပိတ္သပိတ္ ျပဳလုပ္တယ္ဆိုၿပီး စီးနင္းဝင္ေမႊ ေသာင္းက်န္းေနတယ္လို႔ ၿမိဳ႕ခံတခ်ိဳ႕က ဆိုေပမယ့္ ဘယ္ရပ္ကြက္ေတြ ဝင္ေမႊခံရတယ္ဆိုတာနဲ႔ အေသးစိတ္ကိုေတာ့ မသိရေသးပါဘူး

မီးပိတ္သပိတ္မွာ ပါဝင္တဲ့အိမ္ေတြကို မီတာပုံးျဖဳတ္သိမ္းၿပီး လူကိုပါ ဖမ္းဆီးမယ္လို႔ စစ္အုပ္စုက ၿခိမ္းေျခာက္ထားပါတယ္

စစ္အုပ္စုက ဥပေဒမဲ့ ထင္တိုင္းက်ဲ ဖမ္းဆီး သတ္ျဖတ္ အၾကမ္းဖက္ ဖိႏွိပ္ေနတဲ့ၾကားက ဒီညေနပိုင္း မႏၲေလးမွာ ညသပိတ္ ဆင္ႏႊဲခဲ့စဥ္/Photo – Simple Light

============

မန္တလေးမှာ မီးပိတ်သပိတ် ပြုလုပ်ချိန် စစ်အုပ်စုက မြို့အနှံ့ သေနတ်ပစ်ဖောက်၊ အော်ဟစ်သောင်းကျန်း၊ရပ်ကွက်တွေကို မီးဖြတ်ထားပြီး မီးပိတ်သပိတ် လုပ်ချိန်မှ မီးပြန်ပေး၊

MFP ၊ အောက်တိုဘာ – ၂၈

ကချင်ပြည်နယ် ဖားကန့် အနန့်ပါဒေသ ဂီတပွဲကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကျဲလို့ ထိခိုက်သေဆုံးခဲ့သူတွေ အပါအဝင် နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်နိုင်ငံလုံး မီးပိတ်သပိတ် ဆင်နွှဲနေချိန် မန္တလေးမြို့မှာ စစ်အုပ်စုက နေရာအနှံ့ သေနတ်ပစ်ဖောက်ပြီး အော်ဟစ်သောင်းကျန်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်

မီးပိတ်သပိတ်ကို ဒီနေ့ အောက်တိုဘာ (၂၈) ရက် ည (၈) နာရီခွဲကနေ (၈) နာရီ (၄၀) မိနစ်အထိ (၁၀)မိနစ်ကြာ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်

“ သပိတ်လုပ်မယ့် အချိန်မတိုင်ခင် ကတည်းက မြို့ထဲက နေရာအနှံ့မှာ စစ်ခွေးတွေက နေရာယူထားကြတယ်၊ အထူးသဖြင့် စိန်ပန်းတို့ မြို့သစ်တို့ ဘက်တွေ၊ နောက်ပြီး ကျုံးပတ်လည်မှာလည်း ကင်းပုန်းတွေ ချတယ်၊ သူတို့ ကားတွေနဲ့လည်း လှည့်နေတာ တွေ့ရတယ် “ လို့ မြို့ခံတစ်ယောက်က ပြောပါတယ်

မန္တလေးမြို့ နေရာအချို့မှာ ဒီနေ့ညနေ (၄)နာရီခန့်ကစပြီး လျှပ်စစ်မီးတွေ ပြတ်တောက်နေကာ မီးပိတ်သပိတ် မပြုလုပ်ခင် (၇) နာရီခွဲခန့်ကျမှ မီးပြန်ပေးခဲ့တယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်

မီးပိတ်သပိတ်ကို မန္တလေးမြို့က ပါဝင်သူ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးပါဘူး

မီးပိတ်သပိတ် ဆင်နွှဲနေချိန် မန္တလေး ကျုံးအရှေ့ဘက် (၆၂) လမ်းပေါ်က နိုင်ငံခြားဘာသာတက္ကသိုလ်အနီး၊ မြို့ပတ်လမ်းနဲ့ လမ်း (၃၀) အနီး၊ သိပ္ပံလမ်းအနီး၊ စိန်ပန်းရပ်ကွက်နဲ့ မြို့အဝင် တံခွန်တိုင်အဝိုင်းပတ်အနီးတို့ အပါအဝင် နေရာတော်တော်များများမှာ သေနတ်ပစ်ဖောက်သံတွေ ကြားခဲ့ရတယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်

ဒါ့အပြင် စစ်အုပ်စုက ရပ်ကွက်တချို့ကို မီးပိတ်သပိတ် ပြုလုပ်တယ်ဆိုပြီး စီးနင်းဝင်မွှေ သောင်းကျန်းနေတယ်လို့ မြို့ခံတချို့က ဆိုပေမယ့် ဘယ်ရပ်ကွက်တွေ ဝင်မွှေခံရတယ်ဆိုတာနဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး

မီးပိတ်သပိတ်မှာ ပါဝင်တဲ့အိမ်တွေကို မီတာပုံးဖြုတ်သိမ်းပြီး လူကိုပါ ဖမ်းဆီးမယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်ထားပါတယ်

စစ်အုပ်စုက ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ် အကြမ်းဖက် ဖိနှိပ်နေတဲ့ကြားက ဒီညနေပိုင်း မန္တလေးမှာ ညသပိတ် ဆင်နွှဲခဲ့စဉ်/Photo – Simple Light

Leave a Reply

Your email address will not be published. Required fields are marked *