ဗိုလ္မႉးႀကီး မိုးသူ ဦးေဆာင္၍ စစ္မႈထမ္းေဟာင္း ေတြ႕ဆုံပြဲ လုပ္ေနစဥ္ ဒ႐ုန္းျဖင့္ ဗုံးက်ဲသျဖင့္ ေတြ႕ဆုံပြဲ ဖ်က္သိမ္းၿပီး စစ္အရာရွိႏွင့္ဌာနဆိုင္ရာမ်ား ထြက္ေျပး

ရန္ကုန္၊ ေအာက္တိုဘာ ၂၉

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕နယ္တြင္ ဗိုလ္မႉးႀကီး မိုးသူ ဦးေဆာင္၍ စစ္မႈထမ္းေဟာင္းေတြ႕ဆုံပြဲ လုပ္ေနစဥ္ ဒ႐ုန္းျဖင့္ ဗုံးက်ဲသျဖင့္ ေတြ႕ဆုံပြဲ ဖ်က္သိမ္းကာ ထြက္ေျပးသြားေၾကာင္း ကသာၿမိဳ႕နယ္မွ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားထံမွ သိရွိရသည္

ေအာက္တိုဘာ ၂၈ ရက္ေန႔ ကသာၿမိဳ႕နယ္၊ ၃၀၉ တပ္ရင္းႏွင့္ မီတာ ၅၀၀ ခန႔္ အကြာအေဝးသာရွိသည့္ တပ္ ပင္စင္စားအမ်ားစုေနထိုင္ရာ သိမ္အင္းေက်း႐ြာသို႔ ဗိုလ္မႉး ႀကီးမိုးသူ ဦးေဆာင္ေသာ ကသာခ႐ိုင္အုပ္ခ်ဳပ္ေရးမႈး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈး၊ ပညာေရး၊က်န္းမာေရး၊လွ်ပ္စစ္

လမ္းတံတား စေသာ ခ႐ိုင္/ၿမိဳ႕နယ္အဆင့္ အရာရွိမ်ား ေရာက္ရွိလာၿပီး စစ္တပ္အင္အား ၃၀ ခန႔္ျဖင့္ စစ္မႈထမ္းေဟာင္း ေတြ႕ဆုံပြဲကို သိမ္အင္းေက်း႐ြာ အုပ္ခ်ဳပ္ေရး႐ုံးတြင္ ျပဳလုပ္ေၾကာင္း၊ အစည္းအေဝးတက္ေရာက္ရသူ ျပည္သူမ်ားမထိခိုက္ေစေရး အဓိက ရည္႐ြယ္ရသျဖင့္ စီးလာေသာ ကားအနီး ပစ္ခ်ခဲ့ရာတြင္ ေလတိုက္ၿပီး သစ္ပင္ကိုင္းဖ်ားအားထိမွန္ကာ စနက္တံျပဳတ္ထြက္သြား႐ုံသာ ေပါက္သျဖင့္ အထိအခိုက္မရွိဘဲ ေတြ႕ဆုံပြဲ ဖ်က္သိမ္းကာ အျမန္ထြက္ေျပးၾကေၾကာင္း သိရွိရသည္

အျပစ္မဲ့ ျပည္သူမ်ားအား ေလေၾကာင္းျဖင့္တိုက္ခိုက္ခံရခ်ိန္ မည္သို႔မည္ပုံ ေျပးလႊားပုန္းေရွာင္ေနၾကရသည္ကို အာဏာရွင္လက္ပါးေစမ်ား ကိုယ္ခ်င္းစာ သတိသံေဝဂ ရေစလိုပါသျဖင့္ ဒ႐ုန္းေသးေသးေလးျဖင့္ နမူနာ လုပ္ေဆာင္ျပျခင္းျဖစ္ၿပီး ေျပးသူေျပး ၊ ပစ္သူပစ္၊ စားပြဲခုံေအာက္ ဝပ္သူဝပ္ျဖင့္ စစ္ေကာင္စီတပ္မ်ား ဝ႐ုန္းသုန္းကားျဖစ္သြားေၾကာင္း သိရွိရသည္

===========

ဗိုလ်မှူးကြီး မိုးသူ ဦးဆောင်၍ စစ်မှုထမ်းဟောင်း တွေ့ဆုံပွဲ လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲသဖြင့် တွေ့ဆုံပွဲ ဖျက်သိမ်းပြီး စစ်အရာရှိနှင့်ဌာနဆိုင်ရာများ ထွက်ပြေး

ရန်ကုန်၊ အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ဗိုလ်မှူးကြီး မိုးသူ ဦးဆောင်၍ စစ်မှုထမ်းဟောင်းတွေ့ဆုံပွဲ လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲသဖြင့် တွေ့ဆုံပွဲ ဖျက်သိမ်းကာ ထွက်ပြေးသွားကြောင်း ကသာမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရှိရသည်

အောက်တိုဘာ ၂၈ ရက်နေ့ ကသာမြို့နယ်၊ ၃၀၉ တပ်ရင်းနှင့် မီတာ ၅၀၀ ခန့် အကွာအဝေးသာရှိသည့် တပ် ပင်စင်စားအများစုနေထိုင်ရာ သိမ်အင်းကျေးရွာသို့ ဗိုလ်မှူး ကြီးမိုးသူ ဦးဆောင်သော ကသာခရိုင်အုပ်ချုပ်ရေးမှုး၊ မြို့နယ်အုပ်ချုပ်ရေးမှုး၊ ပညာရေး၊ကျန်းမာရေး၊လျှပ်စစ်

လမ်းတံတား စသော ခရိုင်/မြို့နယ်အဆင့် အရာရှိများ ရောက်ရှိလာပြီး စစ်တပ်အင်အား ၃၀ ခန့်ဖြင့် စစ်မှုထမ်းဟောင်း တွေ့ဆုံပွဲကို သိမ်အင်းကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ပြုလုပ်ကြောင်း၊ အစည်းအဝေးတက်ရောက်ရသူ ပြည်သူများမထိခိုက်စေရေး အဓိက ရည်ရွယ်ရသဖြင့် စီးလာသော ကားအနီး ပစ်ချခဲ့ရာတွင် လေတိုက်ပြီး သစ်ပင်ကိုင်းဖျားအားထိမှန်ကာ စနက်တံပြုတ်ထွက်သွားရုံသာ ပေါက်သဖြင့် အထိအခိုက်မရှိဘဲ တွေ့ဆုံပွဲ ဖျက်သိမ်းကာ အမြန်ထွက်ပြေးကြကြောင်း သိရှိရသည်

အပြစ်မဲ့ ပြည်သူများအား လေကြောင်းဖြင့်တိုက်ခိုက်ခံရချိန် မည်သို့မည်ပုံ ပြေးလွှားပုန်းရှောင်နေကြရသည်ကို အာဏာရှင်လက်ပါးစေများ ကိုယ်ချင်းစာ သတိသံဝေဂ ရစေလိုပါသဖြင့် ဒရုန်းသေးသေးလေးဖြင့် နမူနာ လုပ်ဆောင်ပြခြင်းဖြစ်ပြီး ပြေးသူပြေး ၊ ပစ်သူပစ်၊ စားပွဲခုံအောက် ဝပ်သူဝပ်ဖြင့် စစ်ကောင်စီတပ်များ ဝရုန်းသုန်းကားဖြစ်သွားကြောင်း သိရှိရသည်

Leave a Reply

Your email address will not be published. Required fields are marked *