ၾကာအင္းဆိပ္ႀကီး၊ က်ိဳက္ဒုံရဲစခန္းကို KNLA ပူးေပါင္းတပ္မ်ားက ၁၀ မိနစ္အတြင္း သိမ္းပိုက္ ၊ ဖားကန႔္ ဗုံးက်ဲမႈကို လက္တုံ႔ ျပန္ျခင္းျဖစ္ၿပီး လက္နက္ ၁၄ လက္ႏွင့္ခဲယမ္းမ်ား ရရွိ

ရန္ကုန္၊ ေအာက္တိုဘာ ၂၉

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၆ နယ္ေျမအတြင္းရွိ က်ိဳက္ဒုံၿမိဳ႕ နယ္ေျမရဲစခန္းကို KNLA ပူးေပါင္းတပ္ဖြဲ႕က ေအာက္တိုဘာလ ၂၈ ရက္ ညပိုင္းတြင္ တိုက္ခိုက္သိမ္းပိုက္ၿပီး လက္နက္ခဲယမ္းမ်ားစြာရရွိေၾကာင္း KNLA ပူးေပါင္းတပ္ ေဒါနစစ္ေၾကာင္းက သတင္းထုတ္ျပန္သည္

ယမန္ေန႔ ည ၉ နာရီခြဲတြင္ က်ိဳက္ဒုံရဲစခန္းကို KNLA တပ္ရင္း ၁၈ ႏွင့္ ေဒါနစစ္ေၾကာင္းတို႔က တိုက္ခိုက္ရာ ၁၀ မိနစ္အတြင္း စခန္းသိမ္းႏိုင္ခဲ့ျခင္းျဖစ္သည္

တိုက္ပြဲအၿပီး၌ G3 ၆ လက္၊ G3 က်ည္ကတ္ ၁၁ ခု၊ G4 ၁ လက္၊ အူဇီ ၂ လက္၊ ေျခာက္လုံးျပဳး ၄ လက္၊ ကြန္မန္ဒို စိန္ေျပာင္း ၁ လက္၊ 7.62 က်ည္ ၂၅၄၀ ေတာင့္၊ လက္ပစ္ဗုံး ၂၃ လုံး၊ ၆၀ မမ ဗုံးသီး ၂၃ လုံး၊ ဆက္သြယ္ေရးစက္ ၁ လုံး၊ RPG ယမ္း ၃ ေတာင့္၊ ေရွ႕ထြက္မိုင္း ၄ လုံး၊ မိုင္းႀကိဳး ၂ ေခြ တို႔ကို သိမ္းဆည္းရမိေၾကာင္း သိရွိရသည္

တိုက္ပြဲတြင္ KNLA ပူးေပါင္းအဖြဲ႕ဘက္မွ ထိခိုက္မႈ မရွိခဲ့ေၾကာင္းႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေသဆုံးမႈစာရင္းကို အတည္ျပဳ ထပ္မံထုတ္ျပန္မည္ဟု ေဒါနစစ္ေၾကာင္းကိ ဆိုသည္

အဆိုပါ က်ိဳက္ဒုံနယ္ေျမရဲစခန္းသည္ စစ္ေကာင္စီ၏ က်ိဳက္ဒုံ ဗ်ဴဟာ ေတာင္ဘက္ မလွမ္းမကမ္းတြင္ တည္ရွိသည္။က်ိဳက္ဒုံၿမိဳ႕တြင္ စစ္ေကာင္စီ၏ စကခ ၁၃ လက္ေအာက္ခံ ဗ်ဴဟာႏွင့္ BGF တပ္ရင္းတစ္ရင္း အေျခစိုက္ထားသည္

ယခုတိုက္ခိုက္မႈသည္ KIO/KIA နယ္ေျမအနန႔္ပါ ျဖစ္စဥ္ႏွင့္တကြ ႏိုင္ငံတစ္ ဝန္း စစ္ေကာင္စီ၏တရားမဲ့လုပ္ရပ္မ်ားအေပၚ တုန႔္ျပန္ေသာတိုက္ခိုက္မႈတစ္ခု‌ျဖစ္ ေၾကာင္း ေဒါနစစ္ေၾကာင္းက ထုတ္ျပန္သည္

ဓာတ္ပုံ- က်ိဳက္ဒုံရဲစခန္းမွ သိမ္းဆည္းရမိေသာ လက္နက္မ်ား

=========

ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံရဲစခန်းကို KNLA ပူးပေါင်းတပ်များက ၁၀ မိနစ်အတွင်း သိမ်းပိုက် ၊ ဖားကန့် ဗုံးကျဲမှုကို လက်တုံ့ ပြန်ခြင်းဖြစ်ပြီး လက်နက် ၁၄ လက်နှင့်ခဲယမ်းများ ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၉

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကျိုက်ဒုံမြို့ နယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၂၈ ရက် ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာရရှိကြောင်း KNLA ပူးပေါင်းတပ် ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်သည်

ယမန်နေ့ ည ၉ နာရီခွဲတွင် ကျိုက်ဒုံရဲစခန်းကို KNLA တပ်ရင်း ၁၈ နှင့် ဒေါနစစ်ကြောင်းတို့က တိုက်ခိုက်ရာ ၁၀ မိနစ်အတွင်း စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်

တိုက်ပွဲအပြီး၌ G3 ၆ လက်၊ G3 ကျည်ကတ် ၁၁ ခု၊ G4 ၁ လက်၊ အူဇီ ၂ လက်၊ ခြောက်လုံးပြုး ၄ လက်၊ ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ 7.62 ကျည် ၂၅၄၀ တောင့်၊ လက်ပစ်ဗုံး ၂၃ လုံး၊ ၆၀ မမ ဗုံးသီး ၂၃ လုံး၊ ဆက်သွယ်ရေးစက် ၁ လုံး၊ RPG ယမ်း ၃ တောင့်၊ ရှေ့ထွက်မိုင်း ၄ လုံး၊ မိုင်းကြိုး ၂ ခွေ တို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်

တိုက်ပွဲတွင် KNLA ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်မှု မရှိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုစာရင်းကို အတည်ပြု ထပ်မံထုတ်ပြန်မည်ဟု ဒေါနစစ်ကြောင်းကိ ဆိုသည်

အဆိုပါ ကျိုက်ဒုံနယ်မြေရဲစခန်းသည် စစ်ကောင်စီ၏ ကျိုက်ဒုံ ဗျူဟာ တောင်ဘက် မလှမ်းမကမ်းတွင် တည်ရှိသည်။ကျိုက်ဒုံမြို့တွင် စစ်ကောင်စီ၏ စကခ ၁၃ လက်အောက်ခံ ဗျူဟာနှင့် BGF တပ်ရင်းတစ်ရင်း အခြေစိုက်ထားသည်

ယခုတိုက်ခိုက်မှုသည် KIO/KIA နယ်မြေအနန့်ပါ ဖြစ်စဉ်နှင့်တကွ နိုင်ငံတစ် ဝန်း စစ်ကောင်စီ၏တရားမဲ့လုပ်ရပ်များအပေါ် တုန့်ပြန်သောတိုက်ခိုက်မှုတစ်ခု‌ဖြစ် ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်သည်

ဓာတ်ပုံ- ကျိုက်ဒုံရဲစခန်းမှ သိမ်းဆည်းရမိသော လက်နက်များ

Leave a Reply

Your email address will not be published. Required fields are marked *