မေန႔ညက မီးခဏပိတ္၍ မီးလုံးလဲေနသည့္ ခမရ ၁၁ မွ တပ္ၾကပ္တစ္ဦး မီးသပိတ္တြင္ ပါဝင္သည္ဟုဆိုကာ အခ်ဳပ္ခ်ခံထားရ

CjPlatform🖋️ကိုေပါက္

လွည္းကူးၿမိဳ႕ အင္းတိုင္ရွိ ခမရ ၁၁ တပ္ရင္းတြင္ မီးခဏပိတ္၍ မီးလုံးလဲေနသည့္ တပ္ၾကပ္တစ္ဦးကို မီးပိတ္သပိတ္တြင္ ပါဝင္သည္ဟုဆိုကာ ဖမ္းဆီးအခ်ဳပ္ခ်ထားေၾကာင္း စစ္ေကာင္စီတပ္ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္

လွည္းကူးၿမိဳ႕ အင္းတိုင္ေက်း႐ြာရွိ အမွတ္ ၁၁ ေျချမန္တပ္ရင္းတြင္ ယမန္ေန႔ ည ၈နာရီ၃၀မိနစ္ေက်ာ္က အိမ္ေထာင္သည္လိုင္ခန္းမွ တပ္ၾကပ္တစ္ဦး၏ ေနအိမ္၌ မီးပိတ္ထား၍ မီးသပိတ္တြင္ ပါဝင္သည္ဟု ဆိုကာ ဖမ္းဆီးအခ်ဳပ္ခ်ထားသည္ဟု ခမရ ၁၁ ႏွင့္နီးစပ္သူတစ္ဦးက CJ Platform ကို ေျပာသည္

“ညေနကတည္း မီးလုံးမေကာင္းလို႔လဲမလို႔ ဝယ္ထားတာ ညကမွ မီးသီးကြၽမ္းသြားလို႔ မီးလုံးလဲေနတာ အဲ့ဒါကို မီးသပိတ္မွာပါတယ္ဆိုၿပီး ဖမ္းၿပီး အခ်ဳပ္ခ်ထားတာ တပ္ခြဲတပ္ၾကပ္ႀကီးက တင္ျပထားပါတယ္”ဟု ေျပာသည္

လက္ရွိအေျခအေနထိ ဖမ္းဆီးခံရသည့္ တပ္ၾကပ္တစ္ဦးကို အေရးယူအျပစ္ေပးျခင္းတစ္စုံတစ္ရာမရွိေသးဘဲ စစ္ေဆးမႈမ်ားျပဳလုပ္သြားမည္ဟု ခမရ ၁၁ ႏွင့္ နီးစပ္သူေတြဆီက သိရသည္

ယမန္ေန႔ညက ရန္ကုန္ရွိ ေျခလ်င္ႏွင့္ေျချမန္တပ္ရင္မ်ားတြင္လည္း တပ္တြင္း မီးသပိတ္တြင္ပါဝင္သူမ်ားကို ေစာင့္ၾကည့္သတင္းေပးပို႔ရန္ တပ္ရင္းမႉးမ်ားက မွာထားသည္ဟု စစ္မႈထမ္းေဟာင္းအခ်ိဳ႕ဆီက သိရသည္

ဖားကန႔္ အနန႔္ပါရွိ KIA စခန္း ပစ္ခတ္ခံရမႈတြင္ က်ဆုံးခဲ့ရသူမ်ားအတြက္ ဝမ္းနည္းေၾကာင္း အထိမ္းအမွတ္အေနျဖင့္ ယမန္ေနည (၈) နာရီ (၃၀) မိနစ္မွ (၄၀) မိနစ္ထိ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ မီးသပိတ္လူထုလႈပ္ရွားမႈ ျပဳလုပ္ခဲ့ၾကတာျဖစ္သည္

ဖားကန္းၿမိဳ႕နယ္တြင္ ေအာက္တိုဘာလ ၂၃ ရက္ ည ၈ နာရီ က ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ KIO ဖြဲ႕စည္းျခင္း ၆၂ ႏွစ္ျပည့္ အထိမ္းအမွတ္ပြဲ က်င္းပေနစဥ္ စစ္ေကာင္စီတပ္က ေလယာဥ္သုံးစီးျဖင့္ ပစ္ခတ္ခဲ့ရာ ကခ်င္အႏုပညာရွင္မ်ား အပါအဝင္ျပည္သူ ရွစ္ဆယ္နီးပါးေသဆုံးခဲ့သည္

===========

မနေ့ညက မီးခဏပိတ်၍ မီးလုံးလဲနေသည့် ခမရ ၁၁ မှ တပ်ကြပ်တစ်ဦး မီးသပိတ်တွင် ပါဝင်သည်ဟုဆိုကာ အချုပ်ချခံထားရ

CjPlatform🖋️ကိုပေါက်

လှည်းကူးမြို့ အင်းတိုင်ရှိ ခမရ ၁၁ တပ်ရင်းတွင် မီးခဏပိတ်၍ မီးလုံးလဲနေသည့် တပ်ကြပ်တစ်ဦးကို မီးပိတ်သပိတ်တွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးအချုပ်ချထားကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံမှ သိရသည်

လှည်းကူးမြို့ အင်းတိုင်ကျေးရွာရှိ အမှတ် ၁၁ ခြေမြန်တပ်ရင်းတွင် ယမန်နေ့ ည ၈နာရီ၃၀မိနစ်ကျော်က အိမ်ထောင်သည်လိုင်ခန်းမှ တပ်ကြပ်တစ်ဦး၏ နေအိမ်၌ မီးပိတ်ထား၍ မီးသပိတ်တွင် ပါဝင်သည်ဟု ဆိုကာ ဖမ်းဆီးအချုပ်ချထားသည်ဟု ခမရ ၁၁ နှင့်နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်

“ညနေကတည်း မီးလုံးမကောင်းလို့လဲမလို့ ဝယ်ထားတာ ညကမှ မီးသီးကျွမ်းသွားလို့ မီးလုံးလဲနေတာ အဲ့ဒါကို မီးသပိတ်မှာပါတယ်ဆိုပြီး ဖမ်းပြီး အချုပ်ချထားတာ တပ်ခွဲတပ်ကြပ်ကြီးက တင်ပြထားပါတယ်”ဟု ပြောသည်

လက်ရှိအခြေအနေထိ ဖမ်းဆီးခံရသည့် တပ်ကြပ်တစ်ဦးကို အရေးယူအပြစ်ပေးခြင်းတစ်စုံတစ်ရာမရှိသေးဘဲ စစ်ဆေးမှုများပြုလုပ်သွားမည်ဟု ခမရ ၁၁ နှင့် နီးစပ်သူတွေဆီက သိရသည်

ယမန်နေ့ညက ရန်ကုန်ရှိ ခြေလျင်နှင့်ခြေမြန်တပ်ရင်များတွင်လည်း တပ်တွင်း မီးသပိတ်တွင်ပါဝင်သူများကို စောင့်ကြည့်သတင်းပေးပို့ရန် တပ်ရင်းမှူးများက မှာထားသည်ဟု စစ်မှုထမ်းဟောင်းအချို့ဆီက သိရသည်

ဖားကန့် အနန့်ပါရှိ KIA စခန်း ပစ်ခတ်ခံရမှုတွင် ကျဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အနေဖြင့် ယမန်နေည (၈) နာရီ (၃၀) မိနစ်မှ (၄၀) မိနစ်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးသပိတ်လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာဖြစ်သည်

ဖားကန်းမြို့နယ်တွင် အောက်တိုဘာလ ၂၃ ရက် ည ၈ နာရီ က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်က လေယာဉ်သုံးစီးဖြင့် ပစ်ခတ်ခဲ့ရာ ကချင်အနုပညာရှင်များ အပါအဝင်ပြည်သူ ရှစ်ဆယ်နီးပါးသေဆုံးခဲ့သည်

Leave a Reply

Your email address will not be published. Required fields are marked *