ျမင္းမူက စီးပြားေရးဘဏ္မွာ ကင္းေစာင့္ေနတဲ့ စစ္သားေတြ ဗုံးခြဲတိုက္ခိုက္ခံရလို႔ ၄ ဦးေသဆုံး

ျမင္းမူ၊ ေအာက္တိုဘာ ၂၈၊ ၂၀၂၂။

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕ရွိ ျမန္မာ့စီးပြားေရးဘဏ္မွာ ကင္းေစာင့္ေနတဲ့ စစ္ေကာင္စီတပ္သားေတြကို ေအာက္တိုဘာလ ၂၈ ရက္ ဒီကေန႔ညေနပိုင္းမွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြက ဗုံးခြဲတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္

ကင္းေစာင့္ေနတဲ့ စစ္သား ၅ ဦးကို ဒီညေန ၆ နာရီ ၂၅ မိနစ္မွာ တိုက္ခိုက္ခဲ့တာျဖစ္ၿပီး စစ္သား ၄ ဦးေသဆုံးခဲ့တယ္လို႔ Zero ေျပာက္က်ားတပ္မဟာ တပ္ရင္း ၇-ျမင္းၿခံခ႐ိုင္မွ တပ္ရင္းမႉးဗိုလ္သက္ႀကီးက ေျပာပါတယ္

“ကင္းေစာင့္ေနတဲ့ စစ္သား ၅ ေကာင္ဝိုင္းဖြဲ႕ေနတဲ့ေနရာကို ဗုံးနဲ႔ပစ္ခတ္ၿပီး တိုက္ခိုက္ခဲ့တာ၊ စစ္သား ၄ ေကာင္ေသတယ္၊ က်န္တဲ့ ၁ ေကာင္လည္းဒဏ္ရာရပါတယ္၊ ေသနတ္ ၁ ခ်က္ပဲျပန္ပစ္ႏိုင္ပါတယ္” လို႔ ေျပာပါတယ္

ဒီတိုက္ခိုက္မႈကို Zero ေျပာက္က်ားတပ္မဟာ တပ္ရင္း ၇-ျမင္းၿခံခ႐ိုင္ နဲ႔ True Fighter အဖြဲ႕တို႔က ပူးေပါင္းလုပ္ေဆာင္ခဲ့တာျဖစ္ၿပီး၊ တိုက္ခိုက္ခံရၿပီးေနာက္ စစ္ေကာင္စီဘက္က ေသဆုံးဒဏ္ရာရသူေတြကို နာေရးကားနဲ႔သယ္သြားတယ္လို႔လည္း သိရပါတယ္

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၂၇ ရက္ကလည္း ျမင္းၿခံခ႐ိုင္၊ ငါန္းဇြန္ၿမိဳ႕နယ္၊ ေျမတိုင္းေက်း႐ြာရွိ ေလာင္းကစားဒိုင္အခ်ိဳ႕ဆီကေန လိုင္းေၾကးေတာင္းၿပီးျပန္လာတဲ့ စစ္ေကာင္စီတပ္သားေတြကို Zero ေျပာက္က်ားတပ္မဟာ တပ္ရင္း ၇-ျမင္းၿခံခ႐ိုင္အဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခဲ့လို႔ စစ္သား ၅ ဦးေသဆုံးခဲ့ပါေသးတယ္

သတင္း – ဒိန္းဂ်ား၊ စာတည္း – လင္း

ေျမလတ္အသံ

===========

မြင်းမူက စီးပွားရေးဘဏ်မှာ ကင်းစောင့်နေတဲ့ စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး

မြင်းမူ၊ အောက်တိုဘာ ၂၈၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာလ ၂၈ ရက် ဒီကနေ့ညနေပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်

ကင်းစောင့်နေတဲ့ စစ်သား ၅ ဦးကို ဒီညနေ ၆ နာရီ ၂၅ မိနစ်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်မှ တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောပါတယ်

“ကင်းစောင့်နေတဲ့ စစ်သား ၅ ကောင်ဝိုင်းဖွဲ့နေတဲ့နေရာကို ဗုံးနဲ့ပစ်ခတ်ပြီး တိုက်ခိုက်ခဲ့တာ၊ စစ်သား ၄ ကောင်သေတယ်၊ ကျန်တဲ့ ၁ ကောင်လည်းဒဏ်ရာရပါတယ်၊ သေနတ် ၁ ချက်ပဲပြန်ပစ်နိုင်ပါတယ်” လို့ ပြောပါတယ်

ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင် နဲ့ True Fighter အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူတွေကို နာရေးကားနဲ့သယ်သွားတယ်လို့လည်း သိရပါတယ်

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်ကလည်း မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြေတိုင်းကျေးရွာရှိ လောင်းကစားဒိုင်အချို့ဆီကနေ လိုင်းကြေးတောင်းပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၅ ဦးသေဆုံးခဲ့ပါသေးတယ်

သတင်း – ဒိန်းဂျား၊ စာတည်း – လင်း

မြေလတ်အသံ

Leave a Reply

Your email address will not be published. Required fields are marked *