ဆိုင္ကယ္တစ္စီး ေသနတ္ပစ္တားသည့္ စစ္ေကာင္စီ တပ္ဖြဲ႕ အခ်င္းခ်င္း က်ည္ထိမွန္

သွ်မ္းသံေတာ္ဆင့္၊ ေအာက္တိုဘာလ ၂၈ ရက္

သွ်မ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕တြင္ ဆိုင္ကယ္ တစ္စီးကို ေသနတ္ပစ္တားလိုက္သည့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား အခ်င္းခ်င္း က်ည္ဆန္ထိမွန္ၿပီး ဒဏ္ရာ ရရွိသြားေၾကာင္း သတင္းသိရသည္။

ယမန္ေန႔ ေအာက္တိုဘာလ ၂၇ ရက္ေန႔ ည ၈ နာရီေက်ာ္ ဝန္းက်င္တြင္ ကြတ္ခိုင္ၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးမွ ေအာက္လမ္းဆုံ (ကေမာၻဇသြားသည့္လမ္း) ဘက္တြင္ ရွိသည့္ စစ္ေကာင္စီ စစ္ေဆးေရးဂိတ္မွ အရွိန္ႏွင့္ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္တစ္စီးကို ေသနတ္ပစ္တားရာ အခ်င္းခ်င္း ေသနတ္ထိမွန္ သြားေၾကာင္း သိရသည္။

“လူငယ္သုံးေယာက္က ဆိုင္ကယ္ကို အရွိန္နဲ႔ ေမာင္းလာလို႔ သူတို႔က မီးျပၿပီး တားတယ္၊ ဒါေပမယ့္ မရပ္လို႔ ေသနတ္နဲ႔ အခ်က္ ၂၀ ေက်ာ္ ပစ္လိုက္တာ၊ က်ည္ဆံက ဆိုင္ကယ္ ေမာင္းတဲ့ လူငယ္ေတြအျပင္ ရဲေတြကိုပါ ထိတယ္၊ လူငယ္ႏွစ္ေယာက္ကို ေသနတ္ယွက္ထိၿပီး ရဲ နဲ႔ စစ္သား ၅ ေယာက္ေလာက္ကလည္း ေသနတ္ထိမွန္ တယ္လို႔ သတင္းသိရတယ္” ဟု ကြတ္ခိုင္ၿမိဳ႕ခံ အမ်ိဳးသမီး တစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

အဆိုပါ ဆိုင္ကယ္ေမာင္းလာသည့္ လူငယ္ ၃ ဦး အနက္ ၁ ဦးသည္ ရင္ဘတ္ထိမွန္ၿပီး၊ က်န္ ၁ ဦးသည္ ႏွဖူးထိမွန္ျခင္း ႏွင့္ က်န္ ၁ ဦးသည္ ဆိုင္ကယ္လွဲသည့္ ဒဏ္ရာမ်ား ရသြား ၿပီး လက္ရွိတြင္ ကြတ္ခိုင္ၿမိဳ႕ ရွိ ျပည္သူ႔ ေဆး႐ုံ၌ ေဆးကုသမႈ ခံယူေနေၾကာင္းလည္း သတင္းသိရသည္။

“ဒီလူငယ္ သုံးေယာက္က အသက္ ၂၀ ေက်ာ္ ဝန္းက်င္ေလာက္ပဲ ရွိအုံးမယ္လို႔ သိရပါတယ္၊ အခုေတာ့ သူတို႔ေကာ က်ည္ထိတဲ့ စစ္သား နဲ႔ ရဲသားေတြလည္း ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနရတယ္၊ ၿပီးေတာ့ အဲ့ဒီ လူငယ္ေတြက စစ္သား /ရဲသား မိသားစုက သားသမီးေတြ ျဖစ္တယ္လို႔လည္း ၾကားတယ္” ဟု ကြတ္ခိုင္ ၿမိဳ႕ခံ အမ်ိဳးသမီးက ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ စစ္ေၾကာင္း လႈပ္ရွားမႈမ်ား မၾကာခဏ လႈပ္ရွားမႈ ရွိသည့္အျပင္ တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕တို႔ႏွင့္လည္း ထိေတြ႕တိုက္ပြဲ မၾကာခဏ ျဖစ္ပြားေလ့ရွိသည္။

SHANNews

==========

ဆိုင်ကယ်တစ်စီး သေနတ်ပစ်တားသည့် စစ်ကောင်စီ တပ်ဖွဲ့ အချင်းချင်း ကျည်ထိမှန်

သျှမ်းသံတော်ဆင့်၊ အောက်တိုဘာလ ၂၈ ရက်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဆိုင်ကယ် တစ်စီးကို သေနတ်ပစ်တားလိုက်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အချင်းချင်း ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာ ရရှိသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ည ၈ နာရီကျော် ဝန်းကျင်တွင် ကွတ်ခိုင်မြို့ ပြည်ထောင်စုလမ်းမကြီးမှ အောက်လမ်းဆုံ (ကမ္ဘောဇသွားသည့်လမ်း) ဘက်တွင် ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ အရှိန်နှင့် မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို သေနတ်ပစ်တားရာ အချင်းချင်း သေနတ်ထိမှန် သွားကြောင်း သိရသည်။

“လူငယ်သုံးယောက်က ဆိုင်ကယ်ကို အရှိန်နဲ့ မောင်းလာလို့ သူတို့က မီးပြပြီး တားတယ်၊ ဒါပေမယ့် မရပ်လို့ သေနတ်နဲ့ အချက် ၂၀ ကျော် ပစ်လိုက်တာ၊ ကျည်ဆံက ဆိုင်ကယ် မောင်းတဲ့ လူငယ်တွေအပြင် ရဲတွေကိုပါ ထိတယ်၊ လူငယ်နှစ်ယောက်ကို သေနတ်ယှက်ထိပြီး ရဲ နဲ့ စစ်သား ၅ ယောက်လောက်ကလည်း သေနတ်ထိမှန် တယ်လို့ သတင်းသိရတယ်” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဆိုင်ကယ်မောင်းလာသည့် လူငယ် ၃ ဦး အနက် ၁ ဦးသည် ရင်ဘတ်ထိမှန်ပြီး၊ ကျန် ၁ ဦးသည် နှဖူးထိမှန်ခြင်း နှင့် ကျန် ၁ ဦးသည် ဆိုင်ကယ်လှဲသည့် ဒဏ်ရာများ ရသွား ပြီး လက်ရှိတွင် ကွတ်ခိုင်မြို့ ရှိ ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်းလည်း သတင်းသိရသည်။

“ဒီလူငယ် သုံးယောက်က အသက် ၂၀ ကျော် ဝန်းကျင်လောက်ပဲ ရှိအုံးမယ်လို့ သိရပါတယ်၊ အခုတော့ သူတို့ကော ကျည်ထိတဲ့ စစ်သား နဲ့ ရဲသားတွေလည်း ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်၊ ပြီးတော့ အဲ့ဒီ လူငယ်တွေက စစ်သား /ရဲသား မိသားစုက သားသမီးတွေ ဖြစ်တယ်လို့လည်း ကြားတယ်” ဟု ကွတ်ခိုင် မြို့ခံ အမျိုးသမီးက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း လှုပ်ရှားမှုများ မကြာခဏ လှုပ်ရှားမှု ရှိသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့နှင့်လည်း ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

SHANNews

Leave a Reply

Your email address will not be published. Required fields are marked *