ရန်ကုန်မြို့တွင် စစ်ဆင်ရေးများဖျက်သိမ်းတော့မည်မဟုတ်၍ စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများရှောင်ရှားကြရန် မြို့ပြ‌ပြောက်ကျားအဖွဲ့များ သတိပေး

သတိုး/People’s Spring

ရှေ့ဆက်လုပ်ဆောင်မည့် မြို့ပြစစ်ဆင်ရေးများကို ဖျက်သိမ်းမည်မဟုတ်သောကြောင့် ပြည်သူ များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများကို ရှောင်ရှားကြရန် ရန်ကုန်အခြေစိုက် မြို့ပြ‌ပြောက်ကျားအဖွဲ့များက ပြောသည်။

“မစ်ရှင်တော့မဖျက်ပါဘူးဗျ။ ပြည်သူနဲ့ ဝေးတဲ့နေရာတွေကို Target ထားလုပ်မှာပါ”ဟု Generation Y Guerrilla – GY G အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

မြို့ပြစစ်ဆင်ရေးများ လုပ်ဆောင်သည့်အချိန်တိုင်းတွင် ပြည်သူများကို စစ်ကောင်စီနှင့် သက်ဆိုင်သည့်နေရာများကို ရှောင်ရှားရန် သတိပေးထားသော်လည်း လိုက်နာခြင်းမရှိသောကြောင့် ဖျက်သိမ်းခဲ့ရသည့် စစ်ဆင်ရေးများ ရှိခဲ့သည်ဟု Myit Ma Kha -STF မှ တာဝန်ရှိသူကလည်း ပြောသည်။

“စခများ၊ ရဲများနှင့်ပတ်သက်သော အဆောက်အဦများ၊ အစိုးရဝန်ထမ်းများ၊ အစိုးအဆောက်အဦး များ၊ Boycott လုပ်ထားသော နေရာများ၊ဒလန်များနဲ့ ဝေးဝေးနေပေးစေလိုပါတယ်။ ဥပမာဗျာ ကားလမ်းတဖက်က ဖြတ်တာတို့၊ တခြားလမ်းကနေရှောင်သွားတာတို့ လုပ်ပေးစေလိုပါတယ်။” ဟု Myit Ma Khaမှ တာဝန်ရှိသူက ပြောသည်။

စစ်ဆင်ရေးပြုလုပ်ရာတွင် အချိန်ပေးလုပ်ဆောင်ရသလို ဖျက်သိမ်းရပါက အချိန်‌ ၊ငွေကြေး အပါအဝင် အဖွဲ့သားများ၏ လုံခြုံရေးပါ ထိခိုက်မှုရှိနိုင်ကြောင်း ယင်းအဖွဲ့များက ဆိုသည်။

“သူတို့နဲ့အဝေးဆုံးမှာနေဖို့ အသံကြားရင် ထွက်မကြည့်ဖို့ စကစနဲ့ပက်သက်တဲ့နေရာတွေမသွားဖို့နဲ့စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့နေရာတွေမသွားဖို့ပါဗျ။UG တွေကို ဝိုင်းဖမ်းပေး၊ဓာတ်ပုံရိုက်ခြင်းမလုပ်ကြဖို့ ကာကွယ်ပေးဖို့ပြောချင်ပါတယ်”ဟု GY G မှ တာဝန်ရှိသူက ပြောသည်။

ရှေ့ဆက်လုပ်‌ဆောင်မည့် စစ်ဆင်ရေးများကို မည်သည့်အကြောင်းနှင့်မှ ဖျက်သိမ်းတော့မည်မဟုတ်သောကြောင့် စစ်ဆင်ရေးပြုလုပ်မည့်နေရာများတွင် ထိခိုက်မှုရှိလာပါက ၎င်းတို့ဘက်မှ အနူးအညွှတ်တောင်းပန်ကြောင်းသာ ပြောနိုင်တော့မည်ဟု Myit Ma Kha- STF မှ တာဝန်ရှိသူကပြောသည်။”ပျက်စီးဆုံးရှုံးထိခိုက်မှုများရှိခဲ့ရင် ကျွန်တော်တို့ဘက်မှ အနူးအညွန့်တောင်းပန်ကြောင်း ပြောချင်ပါတယ်။”ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ စစ်ဆင်ရေးနှင့် ပတ်သက်ပြီး တာမွေမြို့၌ နေထိုင်သူတစ်ဦးက “လုပ်စရာ ရှိတာ ဆက်လုပ်ပါ။အားလုံးတစ်သားတည်းမို့မတော်လို့ ထိမိရင်လဲ တော်လှန်‌ရေး ‌‌အတွက်မို့ အဆင်ပြေပါတယ်။ UGများအားလုံး ဘေးကင်းပါစေ “ဟု ပြောသည်။

ရန်ကုန်မြို့၌ စစ်ကောင်စီအဖွဲ့နှင့် ပတ်သက်သည့်နေရာများအား မြို့ပြပြောက်ကျားအဖွဲ့များက စစ်ဆင်ရေး လုပ်ဆောင်ရာတွင် အဆိုပါ နေရာများတွင် ပြည်သူများရှိနေခြင်း၊ စစ်ဆင်ရေးပြုလုပ်သည့် အရာများကို ပြည်သူများက ဝိုင်းဝန်းကြည့်ရှု့များကြောင့် ဖျက်သိမ်းခဲ့ရသည့် ဖြစ်စဥ်များ ရှိခဲ့သည်။

ထို့အပြင် အချို့စစ်ဆင်ရေးလုပ်ဆောင်ရာတွင်လည်း ပြည်သူများ ထိခိုက်မှုများလည်း ရှိခဲ့သည်။

(ရန်ကုန်မြို့တော်ခန်းမရှေ့ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဧပြီ ၈ ရက် ညနေက ဗုံးပေါက်ကွဲခဲ့စဥ်၊ ဓာတ်ပုံ – CJ)

===========

ရန္ကုန္ၿမိဳ႕တြင္ စစ္ဆင္ေရးမ်ားဖ်က္သိမ္းေတာ့မည္မဟုတ္၍ စစ္ေကာင္စီႏွင့္သက္ဆိုင္သည့္ေနရာမ်ားေရွာင္ရွားၾကရန္ ၿမိဳ႕ျပ‌ေျပာက္က်ားအဖြဲ႕မ်ား သတိေပး

သတိုး/People’s Spring

ေရွ႕ဆက္လုပ္ေဆာင္မည့္ ၿမိဳ႕ျပစစ္ဆင္ေရးမ်ားကို ဖ်က္သိမ္းမည္မဟုတ္ေသာေၾကာင့္ ျပည္သူ မ်ားအေနျဖင့္ အၾကမ္းဖက္စစ္ေကာင္စီႏွင့္သက္ဆိုင္သည့္ေနရာမ်ားကို ေရွာင္ရွားၾကရန္ ရန္ကုန္အေျခစိုက္ ၿမိဳ႕ျပ‌ေျပာက္က်ားအဖြဲ႕မ်ားက ေျပာသည္။

“မစ္ရွင္ေတာ့မဖ်က္ပါဘူးဗ်။ ျပည္သူနဲ႔ ေဝးတဲ့ေနရာေတြကို Target ထားလုပ္မွာပါ”ဟု Generation Y Guerrilla – GY G အဖြဲ႕မွ တာဝန္ရွိသူက ေျပာသည္။

ၿမိဳ႕ျပစစ္ဆင္ေရးမ်ား လုပ္ေဆာင္သည့္အခ်ိန္တိုင္းတြင္ ျပည္သူမ်ားကို စစ္ေကာင္စီႏွင့္ သက္ဆိုင္သည့္ေနရာမ်ားကို ေရွာင္ရွားရန္ သတိေပးထားေသာ္လည္း လိုက္နာျခင္းမရွိေသာေၾကာင့္ ဖ်က္သိမ္းခဲ့ရသည့္ စစ္ဆင္ေရးမ်ား ရွိခဲ့သည္ဟု Myit Ma Kha -STF မွ တာဝန္ရွိသူကလည္း ေျပာသည္။

“စခမ်ား၊ ရဲမ်ားႏွင့္ပတ္သက္ေသာ အေဆာက္အဦမ်ား၊ အစိုးရဝန္ထမ္းမ်ား၊ အစိုးအေဆာက္အဦး မ်ား၊ Boycott လုပ္ထားေသာ ေနရာမ်ား၊ဒလန္မ်ားနဲ႔ ေဝးေဝးေနေပးေစလိုပါတယ္။ ဥပမာဗ်ာ ကားလမ္းတဖက္က ျဖတ္တာတို႔၊ တျခားလမ္းကေနေရွာင္သြားတာတို႔ လုပ္ေပးေစလိုပါတယ္။” ဟု Myit Ma Khaမွ တာဝန္ရွိသူက ေျပာသည္။

စစ္ဆင္ေရးျပဳလုပ္ရာတြင္ အခ်ိန္ေပးလုပ္ေဆာင္ရသလို ဖ်က္သိမ္းရပါက အခ်ိန္‌ ၊ေငြေၾကး အပါအဝင္ အဖြဲ႕သားမ်ား၏ လုံၿခဳံေရးပါ ထိခိုက္မႈရွိႏိုင္ေၾကာင္း ယင္းအဖြဲ႕မ်ားက ဆိုသည္။

“သူတို႔နဲ႔အေဝးဆုံးမွာေနဖို႔ အသံၾကားရင္ ထြက္မၾကည့္ဖို႔ စကစနဲ႔ပက္သက္တဲ့ေနရာေတြမသြားဖို႔နဲ႔စစ္ေရးပစ္မွတ္အျဖစ္ သတ္မွတ္ထားတဲ့ေနရာေတြမသြားဖို႔ပါဗ်။UG ေတြကို ဝိုင္းဖမ္းေပး၊ဓာတ္ပုံ႐ိုက္ျခင္းမလုပ္ၾကဖို႔ ကာကြယ္ေပးဖို႔ေျပာခ်င္ပါတယ္”ဟု GY G မွ တာဝန္ရွိသူက ေျပာသည္။

ေရွ႕ဆက္လုပ္‌ေဆာင္မည့္ စစ္ဆင္ေရးမ်ားကို မည္သည့္အေၾကာင္းႏွင့္မွ ဖ်က္သိမ္းေတာ့မည္မဟုတ္ေသာေၾကာင့္ စစ္ဆင္ေရးျပဳလုပ္မည့္ေနရာမ်ားတြင္ ထိခိုက္မႈရွိလာပါက ၎တို႔ဘက္မွ အႏူးအၫႊတ္ေတာင္းပန္ေၾကာင္းသာ ေျပာႏိုင္ေတာ့မည္ဟု Myit Ma Kha- STF မွ တာဝန္ရွိသူကေျပာသည္။”ပ်က္စီးဆုံးရႈံးထိခိုက္မႈမ်ားရွိခဲ့ရင္ ကြၽန္ေတာ္တို႔ဘက္မွ အႏူးအၫြန႔္ေတာင္းပန္ေၾကာင္း ေျပာခ်င္ပါတယ္။”ဟု ၎က ဆိုသည္။

ထိုကဲ့သို႔ စစ္ဆင္ေရးႏွင့္ ပတ္သက္ၿပီး တာေမြၿမိဳ႕၌ ေနထိုင္သူတစ္ဦးက “လုပ္စရာ ရွိတာ ဆက္လုပ္ပါ။အားလုံးတစ္သားတည္းမို႔မေတာ္လို႔ ထိမိရင္လဲ ေတာ္လွန္‌ေရး ‌‌အတြက္မို႔ အဆင္ေျပပါတယ္။ UGမ်ားအားလုံး ေဘးကင္းပါေစ “ဟု ေျပာသည္။

ရန္ကုန္ၿမိဳ႕၌ စစ္ေကာင္စီအဖြဲ႕ႏွင့္ ပတ္သက္သည့္ေနရာမ်ားအား ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕မ်ားက စစ္ဆင္ေရး လုပ္ေဆာင္ရာတြင္ အဆိုပါ ေနရာမ်ားတြင္ ျပည္သူမ်ားရွိေနျခင္း၊ စစ္ဆင္ေရးျပဳလုပ္သည့္ အရာမ်ားကို ျပည္သူမ်ားက ဝိုင္းဝန္းၾကည့္ရႈ႕မ်ားေၾကာင့္ ဖ်က္သိမ္းခဲ့ရသည့္ ျဖစ္စဥ္မ်ား ရွိခဲ့သည္။

ထို႔အျပင္ အခ်ိဳ႕စစ္ဆင္ေရးလုပ္ေဆာင္ရာတြင္လည္း ျပည္သူမ်ား ထိခိုက္မႈမ်ားလည္း ရွိခဲ့သည္။

(ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕ ၿမိဳ႕ေတာ္ဝန္သၾကၤန္မ႑ပ္အနီး ဧၿပီ ၈ ရက္ ညေနက ဗုံးေပါက္ကြဲခဲ့စဥ္၊ ဓာတ္ပုံ – CJ)

Leave a Reply

Your email address will not be published. Required fields are marked *