




#Tachileik News Agency

==========

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားသည့် အဆိုတော် ပိုပို၊ Beauty Blogger ဝင်းမင်းသန်းနှင့် ဒါရိုက်တာ မိုက်တီးတို့ ပြန်လည် လွတ်မြောက်

စစ်တပ်၏ အာဏာသိမ်းခြင်းကို ဆန့်ကျင်၍ နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ကျခံ‌နေရသည့် အဆိုတော် ပိုပို၊ Beauty Blogger ဝင်းမင်းသန်းနှင့် ဒါရိုက်တာ မိုက်တီးတို့ ယနေ့ အောက်တိုဘာ(၂၈)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့နှင့် နီးစပ်သူများက အတည်ပြုသည်

အဆိုတော် ပိုပိုကို ၂၀၂၁ ဧပြီလက ၅၀၅(က)ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ Beauty Blogger ဝင်းမင်းသန်းကို ၂၀၂၁ ဧပြီလတွင် ပင် ၅၀၅(က)ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အပြင်

ဒါရိုက်တာမိုက်တီးကိုမူ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသား၍ တင်ခဲ့သော အကြောင်းအရာတစ်ခုအတွက် တာမွေမြို့ နယ်ရဲစခန်းက ၂၀၂၁ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်

နိုင်ငံ့အာဏာသိမ်းထားသည့် စစ်တပ်က ၎င်းတို့အား မထောက်ခံဘဲ ဆန့်ကျင်သည့် နိုင်ငံအတွင်းမှ ပြည်သူများအပြင် ထင်ပေါ်ကျော်ကြားသူများ၊ အနုပညာရှင်များကို ဖမ်းဆီးထောင်ချထားခြင်းဖြစ်သည်

#Tachileik News Agency

Leave a Reply

Your email address will not be published. Required fields are marked *