စစ္အုပ္စုကို ဆက္ေၾကးေပးၿပီး ဖြင့္ေနတဲ့ ေလာင္းကစားဝိုင္းေတြကို ဖမ္းဆီး မီးရႈိ႕၊

MFP ၊ ေအာက္တိုဘာ – ၂၉

မႏၲေလးတိုင္း စဥ့္ကူးၿမိဳ႕နယ္ ေ႐ႊလုပ္ကြက္ေတြအနီးမွာ စစ္အုပ္စုကို ဆက္ေၾကးေပးၿပီး ဖြင့္လွစ္လုပ္ကိုင္ေနတဲ့ ေလာင္းကစားဝိုင္းေတြကို ဖမ္းဆီး မီးရႈိ႕ၿပီး ႀကိမ္ဒဏ္ေပး အေရးယူခဲ့တယ္လို႔ ျပင္ဦးလြင္ခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ – ပကဖ ဗိုလ္လင္းယုန္အဖြဲ႕က သတင္း ထုတ္ျပန္ပါတယ္

စဥ့္ကူးၿမိဳ႕နယ္ မင္းပန္းေတာင္ ေ႐ႊလုပ္ကြက္ထဲမွာ စစ္အုပ္စုကို တစ္လသိန္း(၃၀) ဆက္ေၾကးေပးၿပီး လူမိုက္ေတြေမြးကာ ဖြင့္လွစ္လုပ္ကိုင္ေနတဲ့ ေလာင္းကစားဝိုင္းေတြကို အေရးယူခဲ့တာလို႔ ဆိုပါတယ္

“ေခြးေကာင္စီကို တစ္လလွ်င္ တစ္ဝိုင္းကို (၃၀)သိန္းေပးၿပီး နယ္ခံ မိုက္ကယ္မ်ားႏွင့္ ေပါင္းသင္းကာ ညအခ်ိန္မေတာ္သည္အထိ ေဆာင္းေဘာက္မ်ားကို ပတ္ဝန္းက်င္ နားမခံႏိုင္ေအာင္ဖြင့္၍ ဂလုံးဂလုံးဝိုင္းမ်ားေထာင္ကာ ေလာင္းကစား ျပဳလုပ္ေနသူမ်ားအား မိမိတို႔ ခ႐ိုင္(ပကဖ) ဗိုလ္လင္းယုန္တပ္ဖြဲ႕မွ ဖမ္းဆီးၿပီး ႀကိမ္ဒဏ္ေပး၍ ေလာင္းကစားဝိုင္း ပစၥည္းမ်ားကို မီးရႈိ႕ အျပစ္ေပး အေရးယူေဆာင္႐ြက္ခဲ့သည္” လို႔ ဗိုလ္လင္းယုန္ ပကဖ က ေဖာ္ျပပါတယ္

စဥ့္ကူးၿမိဳ႕နယ္ႏွင့္ သပိတ္က်င္းၿမိဳ႕နယ္ထဲ စစ္အုပ္စုကို ဆက္ေၾကးေပးၿပီး ဖြင့္လွစ္လုပ္ကိုင္ေနတဲ့ KTV၊ ေလာင္းကစားဝိုင္း၊ မူးယစ္ေဆးႏွင့္ ျမန္မာစည္ဘီယာဆိုင္ေတြကိုလည္း အေရးယူမွာ ျဖစ္ေၾကာင္းနဲ႔ ျပည္သူကို သတ္ဖို႔ စစ္အုပ္စုကို က်ည္ဆံဖိုးေထာက္ပံ့ေနတဲ့ ကုမၸဏီေတြကိုလည္း ဆက္လက္လုပ္ကိုင္ေနပါက အေရးယူမယ္လို႔ ဆိုပါတယ္

“ရပ္တန႔္ဖို႔ ထုတ္ျပန္ထားသည့္ၾကားမွ ဆက္လက္လုပ္ေနပါက ယခုကဲ့သို႔ လက္ေတြ႕ ျပင္းျပင္းထန္ထန္ အျပစ္ေပး အေရးယူ ေဆာင္႐ြက္သြားမည္။ ႏွစ္ၿမိဳ႕နယ္အတြင္းမွာ ရွိတဲ့ မိဘျပည္သူမ်ားအေနျဖင့္ အထပ္ေဖာ္ျပပါ လုပ္ရပ္မ်ားအား က်ဴးလြန္ေနသူမ်ားကို တာဝန္သိစြာ သတင္းေပးလိုပါက ကြၽႏ္ုပ္တို႔၏ ဗိုလ္လင္းယုန္ (Page Messenger)တြင္ လာေရာက္၍ သက္ေသအေထာက္အထား အတိအက်ျဖင့္ သတင္းေပးပို႔ႏိုင္ပါသည္” လို႔ ဗိုလ္လင္းယုန္တပ္ဖြဲ႕ ခ႐ိုင္(ပကဖ) က ေဖာ္ျပပါတယ္

စစ္အုပ္စုဟာ စဥ့္ကူးႏွင့္ သပိတ္က်င္းနယ္က ေ႐ႊလုပ္ကြက္ရွိရာ ေနရာေတြမွာသာမက မႏၲေလးၿမိဳ႕ေပၚႏွင့္ မႏၲေလးတိုင္း ေနရာအႏွံ႔မွာ ေလာင္းကစားႏွင့္ မူးယစ္ေဆးသမားေတြကို ဆက္ေၾကးေကာက္ၿပီး ေပၚတင္ ေရာင္းဝယ္လုပ္ကိုင္ခြင့္ ျပဳထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္

ၿပီးခဲ့တဲ့ လပိုင္းကလည္း မႏၲေလၿမိဳ႕ေပၚမွာ စစ္အုပ္စုကို ဆက္ေၾကးေပးၿပီး ေပၚတင္ လုပ္ကိုင္ေနတဲ့ လိုင္းကစားဝိုင္းတခ်ိဳ႕ကို PDF ေတြက ဖမ္းဆီး အေရးယူတာေတြ ရွိခဲ့ပါေသးတယ္။မႏၲေလးၿမိဳ႕ ပုသိမ္ႀကီးၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာေတာ့ ဆက္ေၾကးေပးၿပီး ဖြင့္ေနတဲ့ ေလာင္းကစားဝိုင္းေတြကို စစ္အုပ္စုက လုံၿခဳံေရးပါ ယူေပးထားတာ ေတြ႕ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္

===========

စစ်အုပ်စုကို ဆက်ကြေးပေးပြီး ဖွင့်နေတဲ့ လောင်းကစားဝိုင်းတွေကို ဖမ်းဆီး မီးရှို့၊

MFP ၊ အောက်တိုဘာ – ၂၉

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ရွှေလုပ်ကွက်တွေအနီးမှာ စစ်အုပ်စုကို ဆက်ကြေးပေးပြီး ဖွင့်လှစ်လုပ်ကိုင်နေတဲ့ လောင်းကစားဝိုင်းတွေကို ဖမ်းဆီး မီးရှို့ပြီး ကြိမ်ဒဏ်ပေး အရေးယူခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ဗိုလ်လင်းယုန်အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်

စဉ့်ကူးမြို့နယ် မင်းပန်းတောင် ရွှေလုပ်ကွက်ထဲမှာ စစ်အုပ်စုကို တစ်လသိန်း(၃၀) ဆက်ကြေးပေးပြီး လူမိုက်တွေမွေးကာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ လောင်းကစားဝိုင်းတွေကို အရေးယူခဲ့တာလို့ ဆိုပါတယ်

“ခွေးကောင်စီကို တစ်လလျှင် တစ်ဝိုင်းကို (၃၀)သိန်းပေးပြီး နယ်ခံ မိုက်ကယ်များနှင့် ပေါင်းသင်းကာ ညအချိန်မတော်သည်အထိ ဆောင်းဘောက်များကို ပတ်ဝန်းကျင် နားမခံနိုင်အောင်ဖွင့်၍ ဂလုံးဂလုံးဝိုင်းများထောင်ကာ လောင်းကစား ပြုလုပ်နေသူများအား မိမိတို့ ခရိုင်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ဖမ်းဆီးပြီး ကြိမ်ဒဏ်ပေး၍ လောင်းကစားဝိုင်း ပစ္စည်းများကို မီးရှို့ အပြစ်ပေး အရေးယူဆောင်ရွက်ခဲ့သည်” လို့ ဗိုလ်လင်းယုန် ပကဖ က ဖော်ပြပါတယ်

စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်ထဲ စစ်အုပ်စုကို ဆက်ကြေးပေးပြီး ဖွင့်လှစ်လုပ်ကိုင်နေတဲ့ KTV၊ လောင်းကစားဝိုင်း၊ မူးယစ်ဆေးနှင့် မြန်မာစည်ဘီယာဆိုင်တွေကိုလည်း အရေးယူမှာ ဖြစ်ကြောင်းနဲ့ ပြည်သူကို သတ်ဖို့ စစ်အုပ်စုကို ကျည်ဆံဖိုးထောက်ပံ့နေတဲ့ ကုမ္ပဏီတွေကိုလည်း ဆက်လက်လုပ်ကိုင်နေပါက အရေးယူမယ်လို့ ဆိုပါတယ်

“ရပ်တန့်ဖို့ ထုတ်ပြန်ထားသည့်ကြားမှ ဆက်လက်လုပ်နေပါက ယခုကဲ့သို့ လက်တွေ့ ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူ ဆောင်ရွက်သွားမည်။ နှစ်မြို့နယ်အတွင်းမှာ ရှိတဲ့ မိဘပြည်သူများအနေဖြင့် အထပ်ဖော်ပြပါ လုပ်ရပ်များအား ကျူးလွန်နေသူများကို တာဝန်သိစွာ သတင်းပေးလိုပါက ကျွန်ုပ်တို့၏ ဗိုလ်လင်းယုန် (Page Messenger)တွင် လာရောက်၍ သက်သေအထောက်အထား အတိအကျဖြင့် သတင်းပေးပို့နိုင်ပါသည်” လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့ ခရိုင်(ပကဖ) က ဖော်ပြပါတယ်

စစ်အုပ်စုဟာ စဉ့်ကူးနှင့် သပိတ်ကျင်းနယ်က ရွှေလုပ်ကွက်ရှိရာ နေရာတွေမှာသာမက မန္တလေးမြို့ပေါ်နှင့် မန္တလေးတိုင်း နေရာအနှံ့မှာ လောင်းကစားနှင့် မူးယစ်ဆေးသမားတွေကို ဆက်ကြေးကောက်ပြီး ပေါ်တင် ရောင်းဝယ်လုပ်ကိုင်ခွင့် ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်

ပြီးခဲ့တဲ့ လပိုင်းကလည်း မန္တလေမြို့ပေါ်မှာ စစ်အုပ်စုကို ဆက်ကြေးပေးပြီး ပေါ်တင် လုပ်ကိုင်နေတဲ့ လိုင်းကစားဝိုင်းတချို့ကို PDF တွေက ဖမ်းဆီး အရေးယူတာတွေ ရှိခဲ့ပါသေးတယ်။မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာတွေမှာတော့ ဆက်ကြေးပေးပြီး ဖွင့်နေတဲ့ လောင်းကစားဝိုင်းတွေကို စစ်အုပ်စုက လုံခြုံရေးပါ ယူပေးထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *