Anonymous Force Mandalay မႏၲေလး UG ရဲေဘာ္ေတြ စုေနတဲ့အိမ္ စီးနင္းခံရ၊

အဖြဲ႕ဝင္တစ္ေယာက္ အဆက္အသြယ္ျပတ္ေနၿပီး Page ကို စစ္အုပ္စုက ထိန္းခ်ဳပ္ထားဟု ယူဆရ၊

MFP ၊ ေအာက္တိုဘာ – ၂၈

မႏၲေလးၿမိဳ႕ျပေျပာက္က်ား Anonymous Force Mandalay – AFM အဖြဲ႕ဝင္ေတြ ေနထိုင္တဲ့ ေနအိမ္ (Safe House) ယမန္ေန႔ ေအာက္တိုဘာ(၂၆)ရက္က စီးနင္းခံရၿပီး အဖြဲ႕ဝင္ ရဲေဘာ္တစ္ေယာက္ အဆက္အသြယ္ ျပတ္ေနတယ္လို႔ အဖြဲ႕ဝင္ ရဲေဘာ္တစ္ဦးက MFP ကို ေျပာပါတယ္

“Safe House အစီးခံရလို႔ ေျပးၾကရင္းနဲ႔ အဆက္အသြယ္ ျပတ္သြားတာပါ။ Page လည္း ေခြးေတြ လက္ထဲ ပါသြားၿပီ ထင္ပါတယ္။ အားလုံး သတိထားရေအာင္လို႔ပါ” လို႔ Anonymous Force Mandalay – AFM ရဲေဘာ္က ဆိုပါတယ္

အဆက္အသြယ္ ျပတ္ေနတဲ့ ရဲေဘာ္ဟာ ဖမ္းဆီးခံရတာ ဟုတ္၊ မဟုတ္ အေသးစိတ္ အေျခအေနေတြကိုေတာ့ အတည္မျပဳႏိုင္ေသးပါဘူး

AFM ဟာ တျခား ၿမိဳ႕ျပေျပာက္က်ား မဟာမိတ္အဖြဲ႕ေတြနဲ႔ပူးေပါင္းၿပီး မႏၲေလးက စစ္ေကာင္စီ လက္နက္ကိုင္ေတြႏွင့္ စစ္အုပ္စုေထာက္တိုင္ေတြကို ေျပာက္က်ားတိုက္ခိုက္ေနတဲ့ အဖြဲ႕ျဖစ္ပါတယ္

မႏၲေလးၿမိဳ႕မွာ စစ္အုပ္စုႏွင့္ ပ်ဴေတြ တစတစ ပိုမို ႀကီးစိုးေသာင္းက်န္း လာေနၿပီး လြန္ခဲ့တဲ့ လေတြကလည္း မႏၲေလးၿမိဳ႕ျပ ေျပာက္က်ားရဲေဘာ္ေတြ ဖမ္းဆီး သတ္ျဖတ္ခံခဲ့ရပါတယ္

==============

Anonymous Force Mandalay မန္တလေး UG ရဲဘော်တွေ စုနေတဲ့အိမ် စီးနင်းခံရ၊

အဖွဲ့ဝင်တစ်ယောက် အဆက်အသွယ်ပြတ်နေပြီး Page ကို စစ်အုပ်စုက ထိန်းချုပ်ထားဟု ယူဆရ၊

MFP ၊ အောက်တိုဘာ – ၂၈

မန္တလေးမြို့ပြပြောက်ကျား Anonymous Force Mandalay – AFM အဖွဲ့ဝင်တွေ နေထိုင်တဲ့ နေအိမ် (Safe House) ယမန်နေ့ အောက်တိုဘာ(၂၆)ရက်က စီးနင်းခံရပြီး အဖွဲ့ဝင် ရဲဘော်တစ်ယောက် အဆက်အသွယ် ပြတ်နေတယ်လို့ အဖွဲ့ဝင် ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်

“Safe House အစီးခံရလို့ ပြေးကြရင်းနဲ့ အဆက်အသွယ် ပြတ်သွားတာပါ။ Page လည်း ခွေးတွေ လက်ထဲ ပါသွားပြီ ထင်ပါတယ်။ အားလုံး သတိထားရအောင်လို့ပါ” လို့ Anonymous Force Mandalay – AFM ရဲဘော်က ဆိုပါတယ်

အဆက်အသွယ် ပြတ်နေတဲ့ ရဲဘော်ဟာ ဖမ်းဆီးခံရတာ ဟုတ်၊ မဟုတ် အသေးစိတ် အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး

AFM ဟာ တခြား မြို့ပြပြောက်ကျား မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး မန္တလေးက စစ်ကောင်စီ လက်နက်ကိုင်တွေနှင့် စစ်အုပ်စုထောက်တိုင်တွေကို ပြောက်ကျားတိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်

မန္တလေးမြို့မှာ စစ်အုပ်စုနှင့် ပျူတွေ တစတစ ပိုမို ကြီးစိုးသောင်းကျန်း လာနေပြီး လွန်ခဲ့တဲ့ လတွေကလည်း မန္တလေးမြို့ပြ ပြောက်ကျားရဲဘော်တွေ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *