ယင္းမာပင္၊ ဘန႔္ေဘြးေက်း႐ြာရွိ စစ္ေကာင္စီတပ္ဖြဲ႕ကို ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက လ-က္န-က္ႀကီးျဖင့္ -ပစ္ခ-တ္တို-က္ခို-က္

ရန္ကုန္၊ ေအာက္တိုဘာ ၂၈

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္ေျမာက္ျခမ္း၊ ဘန႔္ေဘြးေက်း႐ြာရွိ အၾကမ္းဖက္စစ္တပ္ႏွင့္ ပ်ဴေစာထီး ပူးေပါင္းတပ္ဖြဲ႕ကို ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက ေအာက္တိုဘာ ၂၈ ရက္ ယေန႔နံနက္၌ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။

ဘန႔္ေဘြးေက်း႐ြာရွိ စစ္ေကာင္စီတပ္ဖြဲ႕ကို မုံ႐ြာခ႐ိုင္ အမွတ္ ၁ တပ္ရင္း၊ တပ္ခြဲ ၄ SRAF၊ Shadow၊ သံမဏိ Force MPDF၊ ကနီ Revolution Force ႏွင့္ မဟာမိတ္တပ္ဖြဲ႕မ်ားက လက္နက္ႀကီးမ်ားျဖင့္ နံနက္ ၅ နာရီ ၄၈ မိနစ္မွ ၆ နာရီေက်ာ္အထိ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

တိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕၏ ထိခိုက္ေသဆုံးမႈ စာရင္းကို ကနဦးမသိရွိရေသးဘဲ ကာကြယ္ေရးရဲေဘာ္တစ္ဦးမွာ လက္လုပ္ လက္နက္ႀကီး ခြၽတ္ယြင္းမႈေၾကာင့္ အနည္းငယ္ ဒဏ္ရာရေၾကာင္း SRAF က သတင္းထုတ္ျပန္ထားသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္က ေအာက္တိုဘာလ ၂၇ ရက္ ယမန္ေန႔တြင္ ပုလဲၿမိဳ႕နယ္အတြင္းသို႔ ေလေၾကာင္းမွ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ တုံ႔ျပန္တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း မုံ႐ြာခ႐ိုင္ တပ္ရင္း ၁၊ တပ္ခြဲ ၄ SRAF က ထုတ္ျပန္ထားသည္။

ဓါတ္ပုံ – SRAF တပ္ဖြဲ႕ဝင္မ်ား (ပုံအေဟာင္း ျဖစ္ပါသည္)

ယင်းမာပင်၊ ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လ-က်န-က်ကြီးဖြင့် -ပစ်ခ-တ်တို-က်ခို-က်

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်း၊ ဘန့်ဘွေးကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာ ၂၈ ရက် ယနေ့နံနက်၌ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို မုံရွာခရိုင် အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ ၄ SRAF၊ Shadow၊ သံမဏိ Force MPDF၊ ကနီ Revolution Force နှင့် မဟာမိတ်တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် နံနက် ၅ နာရီ ၄၈ မိနစ်မှ ၆ နာရီကျော်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့၏ ထိခိုက်သေဆုံးမှု စာရင်းကို ကနဦးမသိရှိရသေးဘဲ ကာကွယ်ရေးရဲဘော်တစ်ဦးမှာ လက်လုပ် လက်နက်ကြီး ချွတ်ယွင်းမှုကြောင့် အနည်းငယ် ဒဏ်ရာရကြောင်း SRAF က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၇ ရက် ယမန်နေ့တွင် ပုလဲမြို့နယ်အတွင်းသို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၊ တပ်ခွဲ ၄ SRAF က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – SRAF တပ်ဖွဲ့ဝင်များ (ပုံအဟောင်း ဖြစ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *