Breaking News- ေျမာင္ၿမိဳ႕နယ္၊ ပရိမၼေက်း႐ြာကို စစ္တပ္က ေလေၾကာင္းပ-စ္ခ-တ္တိုက္ခိုက္ ေနၿပီး ျပည္သူမ်ား ပိတ္မိေန၊ ႐ြာကို ဝင္ေရာက္စီးန-င္းၿပီး မီ-းရႈိ႕ေနၿပီ

ရန္ကုန္၊ ေအာက္တိုဘာ ၂၈

စစ္ကိုင္းတိုင္း၊ေျမာင္ၿမိဳ႕နယ္၊ပရိမၼေက်း႐ြာကို အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက ယေန႔ နံနက္ပိုင္း ေလေၾကာင္း ပစ္ခတ္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ေနၿပီး ျပည္သူမ်ား ပိတ္မိေနေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကသည္။

ေအာက္တိုဘာလ ၂၈ ရက္ေန႔ နံနက္ ၇ နာရီအခ်ိန္ တိုက္ခိုက္ေရးရဟတ္ယာဥ္ ၁ စီး၊ ရဟတ္ယာဥ္ ၂ စီးျဖင့္ ပစ္ခတ္ေနျခင္းျဖစ္ေၾကာင္း ၊ အဆိုပါေလယာဥ္မ်ားသည္ မုံ႐ြာနမခ အထိုင္စခန္းမွ လာေရာက္ပစ္ခတ္ေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုၾကသည္။

“တိုက္ခိုက္ေရး ရဟတ္ယာဥ္ ၁စီးနဲ႔ မနက္၇နာရီမွာ ပစ္တယ္။ မနက္ ၇နာရီ၁၅မိနစ္မွာ ႐ိုး႐ိုး သယ္ပို႔ ရတတ္ယာဥ္ ၂ စီး ေရာက္လာၿပီ ေျမျပင္ကိုလူခ်တာလာေတာ့မသိဘူး။အဲ၂စီးကလည္း ပစ္ခတ္တာေတြ လုပ္တယ္။

မနက္ခင္း ၅ နာရီက ေက်ာက္ရစ္စခန္းကေန ပရိမၼ႐ြာကို အင္အား၇၀နဲ႔ စစ္ေၾကာင္းထိုးလာတယ္။ အဲဒီမွာ ျပည္သူကာကြယ္ေရးအဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီဘက္ကအက်ဆုံးမ်ားလို႔ အခုလို လာပစ္တာျဖစ္ႏိုင္တယ္” ဟု ေျမာင္ေဒသခံ႐ြာသားတစ္ဦးကေျပာသည္။

ယင္းေနာက္ နံနက္ ၉ နာရီအခ်ိန္တြင္ စစ္တပ္က ေက်း႐ြာအတြင္းသို႔ ပစ္ခတ္ ဝင္ေရာက္စီးနင္း၍ ေက်း႐ြာကို မီးရႈိ႕ေနေၾကာင္း ေဒသခံမ်ားက ဆိုၾကသည္။

စစ္ေကာင္စီတပ္မ်ားက ေျမာင္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ား ကို စစ္ေၾကာင္းထိုးရာတြင္ နံနက္အေစာပိုင္းႏွင့္ ညပိုင္းအခ်ိန္မ်ား တြင္ အငိုက္ဖမ္း စစ္ေၾကာင္းထိုးေနၾကျခင္းျဖစ္ၿပီး ျပည္သူမ်ားမွာ မည္သည့္ ပစၥည္းမွ မယူေဆာင္ႏိုင္ဘဲ အသက္လု ထြက္ေျပးမႈမ်ား မ်ားျပားေနေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ယေန႔ နံနက္ ေက်း႐ြာကို ပစ္ခတ္ေနေသာ အၾကမ္းဖက္စစ္ေကာင္စီ ၏ တိုက္ခိုက္ေရးရဟတ္ယာဥ္တစ္စင္း

=========

Breaking News- မြောင်မြို့နယ်၊ ပရိမ္မကျေးရွာကို စစ်တပ်က လေကြောင်းပ-စ်ခ-တ်တိုက်ခိုက် နေပြီး ပြည်သူများ ပိတ်မိနေ၊ ရွာကို ဝင်ရောက်စီးန-င်းပြီး မီ-းရှို့နေပြီ

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ပရိမ္မကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ နံနက်ပိုင်း လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး ပြည်သူများ ပိတ်မိနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန် တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး၊ ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ၊ အဆိုပါလေယာဉ်များသည် မုံရွာနမခ အထိုင်စခန်းမှ လာရောက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

“တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁စီးနဲ့ မနက်၇နာရီမှာ ပစ်တယ်။ မနက် ၇နာရီ၁၅မိနစ်မှာ ရိုးရိုး သယ်ပို့ ရတတ်ယာဉ် ၂ စီး ရောက်လာပြီ မြေပြင်ကိုလူချတာလာတော့မသိဘူး။အဲ၂စီးကလည်း ပစ်ခတ်တာတွေ လုပ်တယ်။

မနက်ခင်း ၅ နာရီက ကျောက်ရစ်စခန်းကနေ ပရိမ္မရွာကို အင်အား၇၀နဲ့ စစ်ကြောင်းထိုးလာတယ်။ အဲဒီမှာ ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်ကအကျဆုံးများလို့ အခုလို လာပစ်တာဖြစ်နိုင်တယ်” ဟု မြောင်ဒေသခံရွာသားတစ်ဦးကပြောသည်။

ယင်းနောက် နံနက် ၉ နာရီအချိန်တွင် စစ်တပ်က ကျေးရွာအတွင်းသို့ ပစ်ခတ် ဝင်ရောက်စီးနင်း၍ ကျေးရွာကို မီးရှို့နေကြောင်း ဒေသခံများက ဆိုကြသည်။

စစ်ကောင်စီတပ်များက မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများ ကို စစ်ကြောင်းထိုးရာတွင် နံနက်အစောပိုင်းနှင့် ညပိုင်းအချိန်များ တွင် အငိုက်ဖမ်း စစ်ကြောင်းထိုးနေကြခြင်းဖြစ်ပြီး ပြည်သူများမှာ မည်သည့် ပစ္စည်းမှ မယူဆောင်နိုင်ဘဲ အသက်လု ထွက်ပြေးမှုများ များပြားနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက် ကျေးရွာကို ပစ်ခတ်နေသော အကြမ်းဖက်စစ်ကောင်စီ ၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်း

Leave a Reply

Your email address will not be published. Required fields are marked *