ျမ၀တီမင္းႀကီးဆရာေတာ္ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕တြင္ ပ်ံလြန္ေတာ္မူ

ဧရာ၀တီတိုင္းမ္

ေအာက္တိုဘာလ ၂၇ ရက္

ျမဝတီမင္းႀကီးဆရာေတာ္လို႔ လူသိမ်ားထင္ရွားတဲ့ ဆရာေတာ္ ဘဒၵႏၲ အရိယာဝံသဟာ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕ ေဆး႐ုံႀကီးမွာ ႏွလုံးေရာဂါနဲ႔ ယေန႔ (ေအာက္တိုဘာလ ၂၇ ရက္) ည ၁၀ နာရီဝန္းက်င္က ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သိရပါတယ္။

“မနက္က ရင္ဘတ္ေအာင့္တယ္ဆိုလို႔ ေဆး႐ုံလာပို႔တာ။ ႏွလုံးေသြးေၾကာပိတ္တယ္ဆို႔ ေျပာတယ္ဗ်ာ။ ဒီည ၁၀ နာရီေက်ာ္က ပ်ံလြန္ေတာ္မူသြားတာပါ”ဟု ျမ၀တီမင္းႀကီးဆရာ္ေတာ္၏ တပည့္ျဖစ္သူ ဆရာေတာ္ မင္းသုည (ဗုဒၶတကၠသိုလ္)က ဧရာ၀တီတိုင္းမ္ကို မိန႔္ၾကားပါတယ္။

ျမ၀တီမင္းႀကီးဆရာေတာ္ဟာ ဗုဒၶစာေပက်မ္းဂန္ တတ္ကြၽမ္းတဲ့ ဆရာေတာ္တစ္ပါးျဖစ္ၿပီး သတင္းမီဒီယာေတြမွာ လူသိထင္ရွားေဝဖန္ေျပာဆိုမႈေတြေၾကာင့္ စစ္တပ္အာဏာသိမ္း ၿပီးတဲ့ေနာက္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာပဲ မႏၲေလးၿမိဳ႕မွာ အေစာဆုံးအဖမ္းခံရတဲ့ဆရာေတာ္တစ္ပါး ျဖစ္ပါတယ္။

အာဏာသိမ္း စစ္ေကာင္စီရဲ႕ေထာင္ဒဏ္ခ်မွတ္ျခင္းခံရၿပီးေနာက္ မႏၲေလး၊ အိုးဘိုေထာင္ကေန ျပန္လည္လြတ္ေျမာက္လာခ်ိန္မွာ ဆရာေတာ္ဟာ စစ္ေကာင္စီရဲ႕ၿခိမ္းေျခာက္မႈေတြမွာ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕မွာ ေရွာင္တိမ္းသီတင္းသုံးေနထိုင္ရင္း ပ်ံလြန္ေတာ္မူခဲ့တာ ျဖစ္ပါတယ္။

=========

မြ၀တီမင်းကြီးဆရာတော် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပျံလွန်တော်မူ

ဧရာ၀တီတိုင်းမ်

အောက်တိုဘာလ ၂၇ ရက်

မြဝတီမင်းကြီးဆရာတော်လို့ လူသိများထင်ရှားတဲ့ ဆရာတော် ဘဒ္ဒန္တ အရိယာဝံသဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဆေးရုံကြီးမှာ နှလုံးရောဂါနဲ့ ယနေ့ (အောက်တိုဘာလ ၂၇ ရက်) ည ၁၀ နာရီဝန်းကျင်က ပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်။

“မနက်က ရင်ဘတ်အောင့်တယ်ဆိုလို့ ဆေးရုံလာပို့တာ။ နှလုံးသွေးကြောပိတ်တယ်ဆို့ ပြောတယ်ဗျာ။ ဒီည ၁၀ နာရီကျော်က ပျံလွန်တော်မူသွားတာပါ”ဟု မြ၀တီမင်းကြီးဆရာ်တော်၏ တပည့်ဖြစ်သူ ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က ဧရာ၀တီတိုင်းမ်ကို မိန့်ကြားပါတယ်။

မြ၀တီမင်းကြီးဆရာတော်ဟာ ဗုဒ္ဓစာပေကျမ်းဂန် တတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါးဖြစ်ပြီး သတင်းမီဒီယာတွေမှာ လူသိထင်ရှားဝေဖန်ပြောဆိုမှုတွေကြောင့် စစ်တပ်အာဏာသိမ်း ပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ မန္တလေးမြို့မှာ အစောဆုံးအဖမ်းခံရတဲ့ဆရာတော်တစ်ပါး ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ထောင်ဒဏ်ချမှတ်ခြင်းခံရပြီးနောက် မန္တလေး၊ အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာချိန်မှာ ဆရာတော်ဟာ စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုတွေမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ရှောင်တိမ်းသီတင်းသုံးနေထိုင်ရင်း ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *