အိမ္ျပန္ခ်င္ေနေပမဲ့ႀကိဳသူမရွိေတာ့တဲ့မင္းသားညီနႏၵသ႐ုပ္ေဆာင္မင္းသားညီနႏၵနဲ႔ဗ်ိဳက္တို႔ညီအစ္ကိုႏွစ္ေယာက္စလုံးကေတာ့အႏုပညာလမ္းေၾကာင္းေပၚမွာ ႏွစ္အေတာ္ၾကာပရိသတ္နဲ႔

ရင္းႏွီးေနခဲ့ၾကတာျဖစ္ပါတယ္ဗ်ိဳက္ကေတာ့လူ႔ေလာကထဲကေနႏုတ္ဆက္သြားၿပီျဖစ္ေပမဲ့ညီနႏၵ..ကေတာ့ပရိသတ္ေတြရဲ႕အခ်စ္ေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ အခ်စ္ေတြကို ခုထိ

ရယူထားႏိုင္သူျဖစ္ပါတယ္။ ခုလိုျဖစ္ေနတဲ့ ႏိုင္ငံေရးမွာ ျပည္သူေတြနဲ႔အတူ တစ္သားထဲရပ္တည္ခဲ့တဲ့ အႏုပညာရွင္ေတြမွာ ညီနႏၵ..လည္း တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ ညီနႏၵကေတာ့ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ ၅၀၅ က ျဖင့္အမႈဖြင့္ အေရးယူျခင္းခံထားရတာေၾကာင့္ လတ္တေလာမွာ အခက္အခဲေတြနဲ႔ အႏၲရာယ္ေ

တြၾကားကေရွာင္တိမ္းပုန္းခိုေနရသူလည္းျဖစ္ပါတယ္..။လတ္တေလာအေျခအေနေတြမွာအိမ္မျပန္ႏိုင္တာအေတာ္ေလးၾကာေနၿပီျဖစ္တဲ့အတြက္ ခ်စ္ရတဲ့မိသားစုကို လြမ္းေနရၿပီး အိမ္ျပန္ခ်င္တဲ့စိတ္ေဇာေတြေၾကာင့္ အိပ္မက္ မက္ခဲ့တဲ့အေၾကာင္းေတြကိုလည္း လြန္ခဲ့တဲ့လအနည္းငယ္တုန္းက ေဖ့ဘုတ္စာမ်က္ႏွာထ

က္မွာ တင္လာခဲ့တာျဖစ္ပါတယ္။ ခုလိုျဖစ္ေနတဲ့ ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္အေျခအေနကေတာ့ စိုးရိမ္ေရမွတ္ထက္ ေက်ာ္လြန္ေနၿပီပဲ ျဖစ္ပါတယ္။ မနက္ကေတာ့ ညီနႏၵရဲ႕ ဖခင္ႀကီးေနမေကာင္းျဖစ္ေနတာေၾကာင့္ ဖခင္နားမွာ ေနခ်င္တယ္ဆိုၿပီးေတာ့ တင္လာခဲ့ပါေသးတယ္.. မၾကာခင္နာရီပိုင္းမွာေတာ့ သ႐ုပ္ေဆာင္ ညီနႏၵရဲ႕ ဖ

ခင္ႀကီး ကြယ္လြန္သြားတဲ့ အေၾကာင္းကို “ဒီတစ္ခါကြၽန္ေတာ့အလွည့္ ကြၽန္ေတာ့အေဖ ည ၇:၃၁ မွာဆုံးၿပီ” ဆိုၿပီး သ႐ုပ္ေဆာင္ညီနႏၵက လူမႈကြန္ယက္ကေနေျပာလာပါတယ္။ ညီနႏၵကေတာ့ (၅၀၅) နဲ႔တရားစြဲခံထားရတာေၾကာင့္ ဖခင္ႀကီး က်န္းမာေရးမေကာင္းခ်ိန္မွာ အနီးကပ္မျပဳစုေပးႏိုင္လို႔ ဝမ္းနည္းစိတ္မေကာင္းျဖ

စ္ေနတာပဲ ျဖစ္ပါတယ္။ ညီနႏၵရဲ႕ ပို႔စ္ေအာက္မွာလည္း မိတ္ေဆြမ်ားနဲ႔ ပရိသတ္မ်ားက အားေပးစကားေျပာေပးထားၾကတာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ ညီနႏၵရဲ႕ ဖခင္ႀကီး ေကာင္းရာသုဂတိ လားပါေစလို႔ Weekly Myanmar ပရိသတ္ႀကီးနဲ႔အတူ ဆုေတာင္းေပးလိုက္ပါတယ္။

UNICODE

အိမ်ပြန်ချင်နေပေမဲ့ကြိုသူမရှိတော့တဲ့မင်းသားညီနန္ဒသရုပ်ဆောင်မင်းသားညီနန္ဒနဲ့ဗျိုက်တို့ညီအစ်ကိုနှစ်ယောက်စလုံးကတော့ အနုပညာလမ်းကြောင်းပေါ်မှာ နှစ်အတော်ကြာပရိသတ်နဲ့ ရင်းနှီးနေခဲ့ကြတာ ဖြစ်ပါတယ်… ဗျိုက်ကတော့ လူ့လောကထဲကနေ နုတ်ဆက်သွားပြီဖြစ်ပေမဲ့ ညီနန္ဒ..ကတော့ ပရိသတ်တွေရဲ့အချစ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အချစ်တွေကို ခုထိ

ရယူထားနိုင်သူဖြစ်ပါတယ်။ ခုလိုဖြစ်နေတဲ့ နိုင်ငံရေးမှာ ပြည်သူတွေနဲ့အတူ တစ်သားထဲရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေမှာ ညီနန္ဒ..လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ညီနန္ဒကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ၅၀၅ က ဖြင့်အမှုဖွင့် အရေးယူခြင်းခံထားရတာကြောင့် လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်ေ

တွကြားက ရှောင်တိမ်းပုန်းခိုနေရသူလည်း ဖြစ်ပါတယ်..။လတ်တလောအခြေအနေတွေမှာ အိမ်မပြန်နိုင်တာ အတော်လေးကြာနေပြီဖြစ်တဲ့အတွက် ချစ်ရတဲ့မိသားစုကို လွမ်းနေရပြီး အိမ်ပြန်ချင်တဲ့စိတ်ဇောတွေကြောင့် အိပ်မက် မက်ခဲ့တဲ့အကြောင်းတွေကိုလည်း လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ဖေ့ဘုတ်စာမျက်နှာထ

က်မှာ တင်လာခဲ့တာဖြစ်ပါတယ်။ ခုလိုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ကိုဗစ်အခြေအနေကတော့ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီပဲ ဖြစ်ပါတယ်။ မနက်ကတော့ ညီနန္ဒရဲ့ ဖခင်ကြီးနေမကောင်းဖြစ်နေတာကြောင့် ဖခင်နားမှာ နေချင်တယ်ဆိုပြီးတော့ တင်လာခဲ့ပါသေးတယ်.. မကြာခင်နာရီပိုင်းမှာတော့ သရုပ်ဆောင် ညီနန္ဒရဲ့ ဖ

ခင်ကြီး ကွယ်လွန်သွားတဲ့ အကြောင်းကို “ဒီတစ်ခါကျွန်တော့အလှည့် ကျွန်တော့အဖေ ည ၇:၃၁ မှာဆုံးပြီ” ဆိုပြီး သရုပ်ဆောင်ညီနန္ဒက လူမှုကွန်ယက်ကနေပြောလာပါတယ်။ ညီနန္ဒကတော့ (၅၀၅) နဲ့တရားစွဲခံထားရတာကြောင့် ဖခင်ကြီး ကျန်းမာရေးမကောင်းချိန်မှာ အနီးကပ်မပြုစုပေးနိုင်လို့ ဝမ်းနည်းစိတ်မကောင်းဖြ

စ်နေတာပဲ ဖြစ်ပါတယ်။ ညီနန္ဒရဲ့ ပို့စ်အောက်မှာလည်း မိတ်ဆွေများနဲ့ ပရိသတ်များက အားပေးစကားပြောပေးထားကြတာ ဖြစ်ပါတယ်။ သရုပ်ဆောင် ညီနန္ဒရဲ့ ဖခင်ကြီး ကောင်းရာသုဂတိ လားပါစေလို့ Weekly Myanmar ပရိသတ်ကြီးနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်။

 

Leave a Reply

Your email address will not be published.