ဘီယာေသာက္ေနတဲ့ နယ္ထိန္းတဦး ေသနတ္နဲ႔ပစ္ခံရၿပီး ေသဆုံး

သထုံ၊ ေအာက္တိုလာ ၂၇၊ ၂၀၂၂။

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္မွာ ဘီယာေသာက္ေနတဲ့ နယ္ထိန္းတဦးကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြက ေအာက္တိုဘာလ ၂၅ ရက္မေန႔ကညပိုင္းမွာ ေသနတ္နဲ႔ ပစ္ခတ္ရွင္းလင္းခဲ့တယ္လို႔ သိရပါတယ္။

သထုံၿမိဳ႕နယ္၊ ေထာင္မႉးေက်း႐ြာအုပ္စု၊ သုဝဏၰဝတီၿမိဳ႕သစ္ရဲစခန္းက နယ္ထိန္း ေအာင္ဝင္းထြန္း ၃၅ ႏွစ္ကို ေဈးမသြယ္႐ြာ ဘီယာဆိုင္မွာ ဘီယာေသာက္ေနစဥ္ ည ၆ နာရီ ၁၀ မိနစ္ခန႔္မွာ ပစ္ခတ္ရွင္းလင္းခဲ့တာလို႔ သထုံျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕တာဝန္ခံက ေျပာပါတယ္။

“ေဈးမသြယ္ဘီယာဆိုင္မွာ ဘီယာေသာက္ေနခ်ိန္ ဝင္ၿပီး ရွင္းလင္းလိုက္တာပါ၊ သူ႔ကို ေသနတ္နဲ႔ပစ္ၿပီးရွင္းလင္းခဲ့တာ၊ ရင္ဘတ္ကို ၄ ခ်က္ ေခါင္း ၁ ခ်က္ပစ္ခဲ့တာ၊ သူ႔ရဲ႕အမည္ပ်က္စာရင္းက က်ေနာ္တို႔ဆီမွာေရာက္ေနတာၾကာၿပီ၊ နယ္ထိန္းဆိုတဲ့ေကာင္ေတြက ျပည္သူကို အမ်ားဆုံးဒုကၡေပးတာ မ်ားတယ္” လို႔ ေျပာပါတယ္။

နယ္ထိန္း ေအာင္ဝင္းထြန္းဟာ ဓါတ္ဆီဆိုင္ေတြမွာ ဆီထည့္ရင္လည္း က်သင့္တဲ့တန္ဖိုးကို မေပးပဲ ခ်ိန္းေျခာက္တာေတြ ရွိတယ္လို႔ အထက္ပါတာဝန္ခံက ေျပာပါတယ္။

“ျပည္သူဓါတ္ဆီဆိုင္ေတြ ဓါတ္ဆီထည့္ၿပီးရင္ ဓါတ္ဆီဖိုးေတြမေပးဘူး၊ မင္းတို႔လိုင္စင္လုပ္ရင္ ဒီထက္ပိုကုန္မယ္၊ ဆီသာထည့္ေပးလို႔ ၿခိမ္းေျခာက္တယ္” လို႔ ေျပာပါတယ္။

ပစ္ခတ္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္သားေတြနဲ႔ ရဲေတြဟာ ကား ၃ စီးနဲ႔ေရာက္လာၿပီး အခင္းျဖစ္ပြားတဲ့ေနရာတဝိုက္မွာ ရွာေဖြမႈေတြ လုပ္ေဆာင္ခဲ့တဲ့အျပင္ ေဈးမသြယ္႐ြာသူ၊ သားေတြကိုလည္း ခ်ိန္းေျခာက္ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၉ ရက္ကလည္း သထုံၿမိဳ႕နယ္၊ ေဒးဗရိန္းေက်း႐ြာက စစ္ေကာင္စီလက္ေအာက္ခံ ပ်ဴေစာထီးေခါင္းေဆာင္ဆိုသူ ေဒးဗရိန္းဖိုးေထာင္ (ခ) စိုးဝင္းကို သထုံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြက ရွင္းလင္းခဲ့ပါေသးတယ္။

သတင္း – ဒိန္းဂ်ား၊ စာတည္း – လင္း

ေျမလတ္အသံ

=======

ဘီယာသောက်နေတဲ့ နယ်ထိန်းတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

သထုံ၊ အောက်တိုလာ ၂၇၊ ၂၀၂၂။

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ဘီယာသောက်နေတဲ့ နယ်ထိန်းတဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၅ ရက်မနေ့ကညပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ သုဝဏ္ဏဝတီမြို့သစ်ရဲစခန်းက နယ်ထိန်း အောင်ဝင်းထွန်း ၃၅ နှစ်ကို ဈေးမသွယ်ရွာ ဘီယာဆိုင်မှာ ဘီယာသောက်နေစဉ် ည ၆ နာရီ ၁၀ မိနစ်ခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သထုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

“ဈေးမသွယ်ဘီယာဆိုင်မှာ ဘီယာသောက်နေချိန် ဝင်ပြီး ရှင်းလင်းလိုက်တာပါ၊ သူ့ကို သေနတ်နဲ့ပစ်ပြီးရှင်းလင်းခဲ့တာ၊ ရင်ဘတ်ကို ၄ ချက် ခေါင်း ၁ ချက်ပစ်ခဲ့တာ၊ သူ့ရဲ့အမည်ပျက်စာရင်းက ကျနော်တို့ဆီမှာရောက်နေတာကြာပြီ၊ နယ်ထိန်းဆိုတဲ့ကောင်တွေက ပြည်သူကို အများဆုံးဒုက္ခပေးတာ များတယ်” လို့ ပြောပါတယ်။

နယ်ထိန်း အောင်ဝင်းထွန်းဟာ ဓါတ်ဆီဆိုင်တွေမှာ ဆီထည့်ရင်လည်း ကျသင့်တဲ့တန်ဖိုးကို မပေးပဲ ချိန်းခြောက်တာတွေ ရှိတယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

“ပြည်သူဓါတ်ဆီဆိုင်တွေ ဓါတ်ဆီထည့်ပြီးရင် ဓါတ်ဆီဖိုးတွေမပေးဘူး၊ မင်းတို့လိုင်စင်လုပ်ရင် ဒီထက်ပိုကုန်မယ်၊ ဆီသာထည့်ပေးလို့ ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ ကား ၃ စီးနဲ့ရောက်လာပြီး အခင်းဖြစ်ပွားတဲ့နေရာတဝိုက်မှာ ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ဈေးမသွယ်ရွာသူ၊ သားတွေကိုလည်း ချိန်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်ကလည်း သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်ဆိုသူ ဒေးဗရိန်းဖိုးထောင် (ခ) စိုးဝင်းကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရှင်းလင်းခဲ့ပါသေးတယ်။

သတင်း – ဒိန်းဂျား၊ စာတည်း – လင်း

မြေလတ်အသံ

Leave a Reply

Your email address will not be published. Required fields are marked *