ေျမာင္ၿမိဳ႕ေပၚရွိ ျမန္မာ့စီးပြားေရးဘဏ္၌ ကင္းေစာင့္ေနသည့္ စစ္သားမ်ား ပစ္ခတ္တိုက္ခိုက္ခံရၿပီး ၄ ဦးေသဆုံး၊ အရက္ဆိုင္မွ ထြက္လာသည့္ စစ္သားက PDF မ်ားကို ၎အဖြဲ႕ထင္ၿပီး ေျပးလိုက္ရာမွ ပစ္ခတ္ခံရကာ ေသဆုံး(႐ုပ္/သံ)

ရန္ကုန္၊ ေအာက္တိုဘာ ၂၇

စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕ေပၚရွိ ျမန္မာ့စီးပြားေရးဘဏ္တြင္ ကင္းေစာင့္ေနသည့္ စစ္သားမ်ား ပစ္ခတ္ခံရၿပီး စစ္သား ၄ ဦးေသဆုံးေၾကာင္း သိရွိရသည္

ေအာက္တိုဘာလ ၂၇ ရက္ေန႔ နံနက္ ၁၀ နာရီခန႔္တြင္ ေျမာင္ၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္တြင္ ကင္းေစာင့္ေနသည့္ စစ္သား ၁၀ ဦးကို MRA စစ္ကိုင္းခ႐ိုင္တပ္ရင္း (၅) မွ ဝင္ေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ေသဆုံးေၾကာင္း သိရသည္

” စကစ တပ္သား ၄ ဦး ေသဆုံးခဲ့တယ္။ ဘဏ္ေရွ႕မွာ ႏွစ္ေယာက္ေသတယ္။ ဘဏ္နဲ႔ မ်က္ႏွာခ်င္းဆိုင္လမ္းတစ္ဖက္မွာ တစ္ေယာက္ေသတယ္

အရက္ဆိုင္က ထြက္လာတဲ့ တစ္ေကာင္လည္း MRA ရဲေဘာ္မ်ား ေနာက္ကို လူမွားၿပီး လိုက္လာလို႔ ပစ္ခတ္လိုက္တာ တစ္ေကာင္ ထပ္ေသတယ္။ စုစုေပါင္း ေလးေကာင္ ေသတယ္” ဟု MRA စစ္ကိုင္းခ႐ိုင္တပ္ရင္း ၅ မွ ရဲေဘာ္ တစ္ဦးက ေျပာဆိုသည္

ေသဆုံးျခင္း မရွိေသာ စစ္သားမ်ားသည္ ဘဏ္႐ုံးအတြင္းမွ အကာအကြယ္ယူၿပီး ပိုက္ဆံလာထုတ္သည့္ ျပည္သူမ်ားအား ရမ္းသမ္း ပစ္ခတ္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း၊ MRA ရဲေဘာ္မ်ားသည္ ျပည္သူမ်ား ထိခိုက္မည္ကို စိုးရိမ္ေသာေၾကာင့္ ဆက္လက္ ပစ္ခတ္ျခင္း မျပဳလုပ္ဘဲ အထိအခိုက္ မရွိဘဲ ျပန္လည္ ဆုတ္ခြာ ႏိုင္ခဲ့ေၾကာင္း သိရသည္

==============

မြောင်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသည့် စစ်သားများ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး၊ အရက်ဆိုင်မှ ထွက်လာသည့် စစ်သားက PDF များကို ၎င်းအဖွဲ့ထင်ပြီး ပြေးလိုက်ရာမှ ပစ်ခတ်ခံရကာ သေဆုံး(ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း မြောင်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ကင်းစောင့်နေသည့် စစ်သားများ ပစ်ခတ်ခံရပြီး စစ်သား ၄ ဦးသေဆုံးကြောင်း သိရှိရသည်

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကင်းစောင့်နေသည့် စစ်သား ၁၀ ဦးကို MRA စစ်ကိုင်းခရိုင်တပ်ရင်း (၅) မှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးကြောင်း သိရသည်

” စကစ တပ်သား ၄ ဦး သေဆုံးခဲ့တယ်။ ဘဏ်ရှေ့မှာ နှစ်ယောက်သေတယ်။ ဘဏ်နဲ့ မျက်နှာချင်းဆိုင်လမ်းတစ်ဖက်မှာ တစ်ယောက်သေတယ်

အရက်ဆိုင်က ထွက်လာတဲ့ တစ်ကောင်လည်း MRA ရဲဘော်များ နောက်ကို လူမှားပြီး လိုက်လာလို့ ပစ်ခတ်လိုက်တာ တစ်ကောင် ထပ်သေတယ်။ စုစုပေါင်း လေးကောင် သေတယ်” ဟု MRA စစ်ကိုင်းခရိုင်တပ်ရင်း ၅ မှ ရဲဘော် တစ်ဦးက ပြောဆိုသည်

သေဆုံးခြင်း မရှိသော စစ်သားများသည် ဘဏ်ရုံးအတွင်းမှ အကာအကွယ်ယူပြီး ပိုက်ဆံလာထုတ်သည့် ပြည်သူများအား ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ MRA ရဲဘော်များသည် ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဆက်လက် ပစ်ခတ်ခြင်း မပြုလုပ်ဘဲ အထိအခိုက် မရှိဘဲ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်

Leave a Reply

Your email address will not be published. Required fields are marked *