ဖားကန႔္ေသြးေႂကြးဆပ္တဲ့အေနနဲ႔ ေပါက္ၿမိဳ႕ ကိုင္းလယ္ရဲစခန္းကို တိုက္ခိုက္(႐ုပ္/သံ)

ေပါက္၊ ေအာက္တိုဘာ ၂၇၊ ၂၀၂၂ ။

ကခ်င္လြတ္ေျမာက္ေရး အဖြဲ႕ခ်ဳပ္(KIO)တည္ေထာင္ျခင္း ၆၂ ႏွစ္ျပည့္အႀကိဳေတးဂီတ ေဖ်ာ္ေျဖပြဲ ျပဳလုပ္ေနစဥ္ အာဏာသိမ္းအၾကမ္းဖက္ စစ္ေကာင္စီက ဂ်က္ေလယာဥ္ ၄ စီးနဲ႔ ဗုံးႀကဲတိုက္ခိုက္မႈကို လက္စားေခ် ေသြးေႂကြးဆပ္သည့္အေနျဖင့္ မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္း၊ ကိုင္းလယ္ရဲစခန္းကို ဝင္ေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။

အဲဒီတိုက္ခိုက္မႈကို ေအာက္တိုဘာလ ၂၆ ရက္ ေန႔လည္ ၁ နာရီမွစတင္ကာ နာရီဝက္ၾကာ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ခဲ့ၿပီး စစ္ေကာင္စီဘက္က ၂ ဦးေသဆုံးတယ္လို႔ people’s Defence Force Yenangyaung ဗိုလ္စံသွ်ားက ေျမလတ္အသံကို ေျပာပါတယ္။

ပစ္ခတ္မႈကို people’s Defence Force Yenangyaung-မွ ကခ်င္လြတ္ေျမာက္ေရး တပ္မေတာ္တပ္မဟာ ၉ ျပန္ရဲေဘာ္မ်ားနဲ႔ ပခုကၠဴခ႐ိုင္တပ္ရင္း ၁၂ (YRF) ဗိုလ္နားေပါက္အဖြဲ႕တို႔ ပူးေပါင္းပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။

ေအာက္တိုဘာလ ၁၉ ရက္ေန႔ကလည္း ေရနံေခ်ာင္းၿမိဳ႕ EPC ႐ုံးခ်ဳပ္ကို people’s Defence Force Yenangyaung က ေလာင္ခ်ာျဖင့္ ပစ္ခတ္ခဲ့ရာ ထိခိုက္ဒဏ္ရာရသူမ်ားအား မေကြးေဆး႐ုံသို႔ ပို႔ရေၾကာင္း သိရပါတယ္။

သတင္း – ဒိန္းဂ်ား

႐ုပ္သံတည္းျဖတ္ – ၿငိမ္းေဇာ္

ေျမလတ္အသံ

==========

ဖားကန့်သွေးကြွေးဆပ်တဲ့အနေနဲ့ ပေါက်မြို့ ကိုင်းလယ်ရဲစခန်းကို တိုက်ခိုက်(ရုပ်/သံ)

ပေါက်၊ အောက်တိုဘာ ၂၇၊ ၂၀၂၂ ။

ကချင်လွတ်မြောက်ရေး အဖွဲ့ချုပ်(KIO)တည်ထောင်ခြင်း ၆၂ နှစ်ပြည့်အကြိုတေးဂီတ ဖျော်ဖြေပွဲ ပြုလုပ်နေစဉ် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက ဂျက်လေယာဉ် ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကို လက်စားချေ သွေးကြွေးဆပ်သည့်အနေဖြင့် မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ ကိုင်းလယ်ရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို အောက်တိုဘာလ ၂၆ ရက် နေ့လည် ၁ နာရီမှစတင်ကာ နာရီဝက်ကြာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးတယ်လို့ people’s Defence Force Yenangyaung ဗိုလ်စံသျှားက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုကို people’s Defence Force Yenangyaung-မှ ကချင်လွတ်မြောက်ရေး တပ်မတော်တပ်မဟာ ၉ ပြန်ရဲဘော်များနဲ့ ပခုက္ကူခရိုင်တပ်ရင်း ၁၂ (YRF) ဗိုလ်နားပေါက်အဖွဲ့တို့ ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း ရေနံချောင်းမြို့ EPC ရုံးချုပ်ကို people’s Defence Force Yenangyaung က လောင်ချာဖြင့် ပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူများအား မကွေးဆေးရုံသို့ ပို့ရကြောင်း သိရပါတယ်။

သတင်း – ဒိန်းဂျား

ရုပ်သံတည်းဖြတ် – ငြိမ်းဇော်

မြေလတ်အသံ

Leave a Reply

Your email address will not be published. Required fields are marked *