ရင္နာလိုက္တာ…ေဒၚလာေစ်းဂယက္ေၾကာင့္ ျပည္သူေတြ အခုလို ဒုကၡမ်ားၾကရ ျပန္ၿပီ

ေဒၚလာေစ်းဂယက္ေၾကာင့္ စားအုန္းဆီေစ်းႏွင့္ ခရမ္းခ်ဥ္သီးေစ်းမ်ား ျပန္လည္ျမင့္တက္

ျပည္တြင္းေဒၚလာေစ်းဂယက္ေၾကာင့္ အေျခခံစားေသာက္ကုန္ေစ်းႏႈန္းေတြဟာ ယခုရက္ပိုင္းအတြင္း ျပန္လည္ျမင့္တက္လာခဲ့ၿပီး တက္ရိပ္ျပလာခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိ အေျခခံစားေသာက္ကုန္ေစ်းကြက္အတြင္း စားအုန္းဆီတစ္ပိႆာ က်ပ္တစ္ေသာင္းေက်ာ္၊ ခရမ္းခ်ဥ္သီးတပိႆာ က်ပ္သုံးေထာင္ ေက်ာ္ ႏွင့္

ၾကက္သြန္နီ တစ္ပိႆာလွ်င္ က်ပ္ ၃၀၀၀ ေက်ာ္မွ က်ပ္ ၄၀၀၀ အထိ ျပန္ျဖစ္ကာ

ၾကက္ဥတစ္လုံးလွ်င္ က်ပ္ ၂၃၀ မွ ၂၅၀ ၾကားအထိ ေပးဝယ္ေနရတယ္လို႔ အိမ္ရွင္မမ်ားႏွင့္ အေျခခံ စားေသာက္ကုန္ေစ်းကြက္အတြင္းမွ စုံစမ္း သိရွိရပါတယ္။

ယခင္က စားအုန္းဆီတပိႆာလွ်င္ ၈၅၀၀ က်ပ္သာရွိခဲ့ရာမွ ေအာက္တိုဘာ ၂၂ ရက္ေန႔ ညပိုင္းမွ စတင္ကာ က်ပ္တစ္ေသာင္းအထိျမင့္တက္လာခဲ့ၿပီး

ယေန႔တြင္ ၁၁၀၀၀ က်ပ္အထိ ထပ္မံျမင့္တက္လာခဲ့ေၾကာင္း ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္ေနထိုင္သူ အိမ္ရွင္မတစ္ဦးကလည္း ေျပာပါတယ္။

“ကုန္ေဈးႏႈန္းက ျပန္တက္လာၿပီ။ ဆီေဈးက က်တယ္ဆို႐ုံေလးရွိေသးတယ္။ အခု နဂိုေဈးျပန္ျဖစ္သြားၿပီ။ အခု တပိႆာ တစ္ေသာင္းနဲ႔ရတဲ့ဆိုင္က ေဈးမတက္ေသးတာပဲ။

ဆိုင္ေတာ္ေတာ္မ်ားမ်ားက ေသာင္းတစ္ေထာင္ျဖစ္လာၿပီ” ဟု ၎က ရွင္းျပသည္။

ထို႔အျပင္ အေျခခံစားေသာက္မ်ားျဖစ္သည့္ ဟင္းသီးဟင္း႐ြက္ေဈးမ်ားလည္း အနည္းငယ္ျမင့္တက္လာခဲ့သည္ဟု ရန္ကုန္ၿမိဳ႕ခံ အိမ္ရွင္မမ်ားက ေျပာဆိုသည္။

ယခင္က ခရမ္းခ်ဥ္သီးတပိႆာလွ်င္ ၂၀၀၀ က်ပ္သာရွိခဲ့ရာမွ ယမန္ေန႔နံနက္ပိုင္းကစတင္ကာ

ခရမ္းခ်ဥ္သီးတပိႆာ ၃၀၀၀ က်ပ္အထိ ျပန္ျမင့္တက္လာသည္ဟု ဆိပ္ကမ္းသာလမ္းတြင္ေနထိုင္သည့္ အိမ္ရွင္မတစ္ဦးကလည္း ေျပာဆိုသည္။

“အခု ခရမ္းခ်ဥ္သီးက သိသိသာသာတက္လာတာ။ အန္တီေျပာတာ ကိုင္းခရမ္းခ်ဥ္သီး မဟုတ္ေသးဘူးေနာ္။ ကိုင္းသီးက တပိႆာ ၃၅၀၀ က်ပ္ေက်ာ္ရွိတယ္။

လိုင္းေပၚမွာ ျမန္မာက ဘလက္လစ္ဝင္တယ္ဆိုတာနဲ႔ လမ္းေဘးကုန္စိမ္းသည္ကအစ ခ်က္ခ်င္းေခတ္မီပစ္လိုက္တာ။

ေဈးကိုသြားရင္ တစ္ေသာင္းတန္ တ႐ြက္ဆိုတာ ဘာဝယ္မွန္းမသိဘဲ ကုန္သြားတာ” ဟု အဆိုပါအိမ္ရွင္မက ရွင္းျပသည္။

ဒါ့အျပင္အဓိက မရွိမျဖစ္ အေျခခံစားေသာက္ကုန္ျဖစ္တဲ့ ဆန္ေစ်းႏႈန္းမ်ားလည္း ျမင့္တက္ေနၿပီး

ေ႐ႊဘိုေပၚဆန္း ၂၄ ျပည္တစ္အိတ္လွ်င္ ယခင္ ၉၀၇၀၀ က်ပ္မွ ယခု ၁၀၁၅၀၀ က်ပ္အထိ ေပါက္ေစ်းရွိေနတာျဖစ္သလို

ဆန္ၾကမ္းတစ္ျပည္လွ်င္ က်ပ္ ၂၂၀၀ က်ပ္မွစတင္၍ ဆန္ေခ်ာတစ္ျပည္လွ်င္ က်ပ္ ၃၆၀၀ ကေန က်ပ္ ၄၀၀၀ အထိ ေစ်းႏႈန္းျမင့္တက္ေနတာျဖစ္ပါတယ္။

“ဒိုင္ကေန ယူရတဲ့ေစ်းကိုက ျမင့္တာပါ။ အခုက်ေနာ္တို႔ ၾကက္တစ္ေကာင္ကို ဒိုင္ယူေစ်းတင္ ၇၀၀၀ ယူရတယ္။

တစ္ေသာင္းေစ်းနဲ႔မွ ျပန္မေရာင္းရင္မကိုက္ဘူးေပါ့။ ဟိုတေန႔ကဆို အေကာင္ႀကီး ၅ ေကာင္ကို တစ္ေကာင္ ၈၀၀၀ ႏႈန္းနဲ႔ ယူခဲ့ရတယ္ ေလးေသာင္းဖိုးေလ၊ အဲ့လိုေတြဝယ္ေနရတယ္။

အဲ့ေတာ့ ဒီဘက္မွာ ျပန္ေရာင္းေတာ့ ေစ်းေတြက တစ္ေသာင္းေက်ာ္ကုန္တယ္” လို႔ ရန္ကုန္ၿမိဳ႕ ၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ေစ်းအတြင္းရွိ ၾကက္သားေရာင္းခ်သူတစ္ဦးက ေျပာျပခဲ့ပါတယ္။

ရန္ကုန္တိုင္းအတြင္း ၿမိဳ႕နယ္အေပၚမူတည္၍ ကုန္စိမ္းႏွင့္ သားငါးေဈးမ်ား ၁၀၀ က်ပ္မွ ၃၀၀ က်ပ္ၾကား ျမင့္တက္လာခဲ့ၿပီး စားအုန္းဆီေဈးႏွင့္ ခရမ္းခ်ဥ္သီးေဈးမွာမူ သိသိသာသာျမင့္တက္လာျခင္းျဖစ္သည္။

Source – White Sone

==========

ရင်နာလိုက်တာ…ဒေါ်လာစျေးဂယက်ကြောင့် ပြည်သူတွေ အခုလို ဒုက္ခများကြရ ပြန်ပြီ

ဒေါ်လာစျေးဂယက်ကြောင့် စားအုန်းဆီစျေးနှင့် ခရမ်းချဉ်သီးစျေးများ ပြန်လည်မြင့်တက်

ပြည်တွင်းဒေါ်လာစျေးဂယက်ကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းတွေဟာ ယခုရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာခဲ့ပြီး တက်ရိပ်ပြလာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အခြေခံစားသောက်ကုန်စျေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ကျပ်တစ်သောင်းကျော်၊ ခရမ်းချဉ်သီးတပိဿာ ကျပ်သုံးထောင် ကျော် နှင့်

ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀ ကျော်မှ ကျပ် ၄၀၀၀ အထိ ပြန်ဖြစ်ကာ

ကြက်ဥတစ်လုံးလျှင် ကျပ် ၂၃၀ မှ ၂၅၀ ကြားအထိ ပေးဝယ်နေရတယ်လို့ အိမ်ရှင်မများနှင့် အခြေခံ စားသောက်ကုန်စျေးကွက်အတွင်းမှ စုံစမ်း သိရှိရပါတယ်။

ယခင်က စားအုန်းဆီတပိဿာလျှင် ၈၅၀၀ ကျပ်သာရှိခဲ့ရာမှ အောက်တိုဘာ ၂၂ ရက်နေ့ ညပိုင်းမှ စတင်ကာ ကျပ်တစ်သောင်းအထိမြင့်တက်လာခဲ့ပြီး

ယနေ့တွင် ၁၁၀၀၀ ကျပ်အထိ ထပ်မံမြင့်တက်လာခဲ့ကြောင်း ကြည့်မြင်တိုင်မြို့နယ်တွင်နေထိုင်သူ အိမ်ရှင်မတစ်ဦးကလည်း ပြောပါတယ်။

“ကုန်ဈေးနှုန်းက ပြန်တက်လာပြီ။ ဆီဈေးက ကျတယ်ဆိုရုံလေးရှိသေးတယ်။ အခု နဂိုဈေးပြန်ဖြစ်သွားပြီ။ အခု တပိဿာ တစ်သောင်းနဲ့ရတဲ့ဆိုင်က ဈေးမတက်သေးတာပဲ။

ဆိုင်တော်တော်များများက သောင်းတစ်ထောင်ဖြစ်လာပြီ” ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် အခြေခံစားသောက်များဖြစ်သည့် ဟင်းသီးဟင်းရွက်ဈေးများလည်း အနည်းငယ်မြင့်တက်လာခဲ့သည်ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မများက ပြောဆိုသည်။

ယခင်က ခရမ်းချဉ်သီးတပိဿာလျှင် ၂၀၀၀ ကျပ်သာရှိခဲ့ရာမှ ယမန်နေ့နံနက်ပိုင်းကစတင်ကာ

ခရမ်းချဉ်သီးတပိဿာ ၃၀၀၀ ကျပ်အထိ ပြန်မြင့်တက်လာသည်ဟု ဆိပ်ကမ်းသာလမ်းတွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးကလည်း ပြောဆိုသည်။

“အခု ခရမ်းချဉ်သီးက သိသိသာသာတက်လာတာ။ အန်တီပြောတာ ကိုင်းခရမ်းချဉ်သီး မဟုတ်သေးဘူးနော်။ ကိုင်းသီးက တပိဿာ ၃၅၀၀ ကျပ်ကျော်ရှိတယ်။

လိုင်းပေါ်မှာ မြန်မာက ဘလက်လစ်ဝင်တယ်ဆိုတာနဲ့ လမ်းဘေးကုန်စိမ်းသည်ကအစ ချက်ချင်းခေတ်မီပစ်လိုက်တာ။

ဈေးကိုသွားရင် တစ်သောင်းတန် တရွက်ဆိုတာ ဘာဝယ်မှန်းမသိဘဲ ကုန်သွားတာ” ဟု အဆိုပါအိမ်ရှင်မက ရှင်းပြသည်။

ဒါ့အပြင်အဓိက မရှိမဖြစ် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်စျေးနှုန်းများလည်း မြင့်တက်နေပြီး

ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ်လျှင် ယခင် ၉၀၇၀၀ ကျပ်မှ ယခု ၁၀၁၅၀၀ ကျပ်အထိ ပေါက်စျေးရှိနေတာဖြစ်သလို

ဆန်ကြမ်းတစ်ပြည်လျှင် ကျပ် ၂၂၀၀ ကျပ်မှစတင်၍ ဆန်ချောတစ်ပြည်လျှင် ကျပ် ၃၆၀၀ ကနေ ကျပ် ၄၀၀၀ အထိ စျေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။

“ဒိုင်ကနေ ယူရတဲ့စျေးကိုက မြင့်တာပါ။ အခုကျနော်တို့ ကြက်တစ်ကောင်ကို ဒိုင်ယူစျေးတင် ၇၀၀၀ ယူရတယ်။

တစ်သောင်းစျေးနဲ့မှ ပြန်မရောင်းရင်မကိုက်ဘူးပေါ့။ ဟိုတနေ့ကဆို အကောင်ကြီး ၅ ကောင်ကို တစ်ကောင် ၈၀၀၀ နှုန်းနဲ့ ယူခဲ့ရတယ် လေးသောင်းဖိုးလေ၊ အဲ့လိုတွေဝယ်နေရတယ်။

အဲ့တော့ ဒီဘက်မှာ ပြန်ရောင်းတော့ စျေးတွေက တစ်သောင်းကျော်ကုန်တယ်” လို့ ရန်ကုန်မြို့ ၊ ဒဂုံဆိပ်ကမ်းမြို့နယ် စျေးအတွင်းရှိ ကြက်သားရောင်းချသူတစ်ဦးက ပြောပြခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်အပေါ်မူတည်၍ ကုန်စိမ်းနှင့် သားငါးဈေးများ ၁၀၀ ကျပ်မှ ၃၀၀ ကျပ်ကြား မြင့်တက်လာခဲ့ပြီး စားအုန်းဆီဈေးနှင့် ခရမ်းချဉ်သီးဈေးမှာမူ သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်။

Source – White Sone

 

Leave a Reply

Your email address will not be published. Required fields are marked *