Faw ကား ၁၅ စီး အင္အားအျပည့္ပဲ စခ ေတြေရာက္လာၿပီ

က်ိဳက္ထီး႐ိုးေတာင္ေျခ၊ ကင္မြန္းေခ်ာင္းေက်း႐ြာတြင္ စစ္ကား ၁၅ စီးျဖင့္ အင္အား ျပည့္ အၾကမ္း ဖက္ တပ္မ်ား ေရာက္ရွိလာ

ရန္ကုန္၊ ေအာက္တိုဘာ ၂၆

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ ကင္မါန္းေခ်ာင္းေက်း႐ြာတြင္ ယေန႔ စစ္ကား ၁၅ စီးျဖင့္ အင္အားအျပည့္ အၾကမ္း ဖက္ စစ္ေကာင္စီတပ္မ်ားေရာက္ရွိလာေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကသည္

ေအာက္တိုဘာလ ၂၆ ရက္ေန႔ မြန္းလြဲ ၂ နာရီ ၁၀ မိနစ္အခ်ိန္တြင္ ေရာက္ရွိလာျခင္းျဖစ္ၿပီး ျဖန႔္ခြဲ၍ ကင္းပုန္းဝပ္ျခင္း၊ အရန္အသင့္ ျပင္ထားျခင္းမ်ားရွိေနသည့္အျပင္ နယ္ေျမရွင္းလင္းရန္ လုပ္ရန္ ရွိသည္ဟု တပ္သတင္းရင္းျမစ္တခ်ိဳ႕ထံမွ သိရွိရသည္

“စစ္ကား Faw ကား ၁၅ စီးအျပည့္ပဲ သူတို႔လူေတြ။ စစ္အင္အား တိုးခ်ဲ႕လာတာ” ဟု ေဒသခံတစ္ဦးက ေျပာသည္

ေအာက္တိုဘာလအတြင္း စစ္တပ္ႏွင့္ KNLA ၊ PDF ပူးေပါင္းတပ္မ်ားအၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ စစ္တပ္ဘက္က စစ္အင္အား တိုးခ်ဲ႕လာျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- အၾကမ္းဖက္ စစ္ေကာင္စီတပ္သားမ်ား။

Photo- AFP။

===========

Faw ကား ၁၅ စီး အင်အားအပြည့်ပဲ စခ တွေရောက်လာပြီ

ကျိုက်ထီးရိုးတောင်ခြေ၊ ကင်မွန်းချောင်းကျေးရွာတွင် စစ်ကား ၁၅ စီးဖြင့် အင်အား ပြည့် အကြမ်း ဖက် တပ်များ ရောက်ရှိလာ

ရန်ကုန်၊ အောက်တိုဘာ ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မါန်းချောင်းကျေးရွာတွင် ယနေ့ စစ်ကား ၁၅ စီးဖြင့် အင်အားအပြည့် အကြမ်း ဖက် စစ်ကောင်စီတပ်များရောက်ရှိလာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်

အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး ဖြန့်ခွဲ၍ ကင်းပုန်းဝပ်ခြင်း၊ အရန်အသင့် ပြင်ထားခြင်းများရှိနေသည့်အပြင် နယ်မြေရှင်းလင်းရန် လုပ်ရန် ရှိသည်ဟု တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်

“စစ်ကား Faw ကား ၁၅ စီးအပြည့်ပဲ သူတို့လူတွေ။ စစ်အင်အား တိုးချဲ့လာတာ” ဟု ဒေသခံတစ်ဦးက ပြောသည်

အောက်တိုဘာလအတွင်း စစ်တပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်က စစ်အင်အား တိုးချဲ့လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်သားများ။

Photo- AFP။

Leave a Reply

Your email address will not be published. Required fields are marked *