




==========

ထိုင်းနိုင်ငံမြောက်ပိုင်းက လန်းပန်းခရိုင်နဲ့ ခရိုင်ချင်းကပ်လျက်ဖြစ်တဲ့ဖရဲ့ခရိုင်မှာ ဒီအပတ်ထွက်သွားတဲ့ ထီနောက်ပိတ် ၃ လုံးဂဏန်းကို တစ်ရွာလုံးလိုက်ထိုးရာက ရွာလုံးကျွတ်ပေါက်ကြရာ ဒိုင်ကမလျော်နိုင်တော့တာကြောင့် ရုန်းရင်းဆံခတ်ဖြစ် ပွားခဲ့ကြောင်းသိရ

ပါတယ်ရွာလုံးကျွတ်ပေါက်ခဲ့ကြတဲ့ ချဲလျော်ကြေးစုစုပေါင်းဟာ ဘတ်ငွေ ၇၄ သန်းခန့်ထိရှိတယ်လို့ သိရပါတယ်။ အဲဒီမှာမှ အချို့ဒိုင်တွေကတော့ ထက်၀က်လျော်ပေးပေမယ့် ဒိုင်အတော်များများဟာ မလျော်နိုင်ကြတာကြောင့် ရွာသားတွေဟာ ချဲဒိုင်တွေရဲ့အိမ်

ကိုဝိုင်းထားကြရာမှ ရဲတွေသွားရောက်ဖြေရှင်းပေးခဲ့ရတယ်လို့သိရပါတယ်ရွာထဲကရွာသားတစ်ဦးဟာ ပါကျဲရိုးကားအသစ်ဝယ်ရာက ကားလိုင်စင်နံပါတ်ကို လိုက်ထိုးကြတာဖြစ်တယ်လို့သိရပါတယ်။ အဲဒီကစပြီး ချဲဂဏန်းဟာစတင်ပျံ့နှံ့ခဲ့ရာက ရွာလုံးကျွတ်ချဲ

ပေါက်ခဲ့ကြတာပါထိုင်းနိုင်ငံမှာ ၆ လုံးထီကြီးသာ တရားဝင်ဖြစ်ပေမယ့် အနယ်နယ်အရပ်ရပ်မှာ ၃ လုံးထီတွေဟာ နယ်မြေခံတွေရဲ့နားလည်မှု့နဲ့ရောင်းချနေကြတာပါ။ ထိုင်းအစိုးရကတော့ ၃ လုံးထီဖမ်းမိပါက ထောင်ဒဏ် ၃ နှစ်နှင့် ၅ ထောင်ထက်မကျော်တဲ့

ဒဏ်ငွေချမှတ်နိုင်ကြောင်းလည်း ဥပဒေထားရှိထားပါတယ်Ref: One31news

Leave a Reply

Your email address will not be published. Required fields are marked *