ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ရွိ စစ္တပ္စခန္းတခု KNLA ပူးေပါင္းအဖြဲ႕ သိမ္းပိုက္

ဧရာဝတီ၊ ေအာက္တိုဘာ ၂၆၊ ၂၀၂၂

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ က်ိဳက္ဒုံၿမိဳ႕နယ္ခြဲရွိ စစ္ေကာင္စီတပ္ ခမရ ၃၃၉ ၏ အေျခစိုက္စခန္းတခုျဖစ္ေသာ ကြီလုံးတိုင္စခန္းအား ယေန႔ မနက္တြင္ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (KNLA) ပူးေပါင္းတပ္ဖြဲ႕မ်ားက တိုက္ခိုက္ သိမ္းပိုက္လိုက္ေၾကာင္း KNLA တပ္မဟာ ၆ မွ တပ္မႉးႀကီးတဦးထံ မွ သတင္း ရရွိသည္

စစ္ေကာင္စီ တပ္မ တခုျဖစ္ေသာ အမွတ္ ၁၃ စစ္ဆင္ ေရး ကြပ္ကဲမႈ ဌာနခ်ဳပ္ (စကခ) လက္ေအာက္ခံ ခမရ ၃၃၉ တပ္ရင္းအေျခစိုက္ ကြီးလုံးတိုင္စခန္းအား တိုက္ ခိုက္ သိမ္းပိုက္ရာတြင္ စစ္ေကာင္စီ တပ္သား ၁၇ ဦး လက္နက္ခ်ခဲ့ၿပီး လက္နက္ ၄၃ လက္ႏွင့္ ခဲယမ္းမ်ားစြာလည္း ရရွိခဲ့ေၾကာင္း သိရသည္

အဆိုပါ စခန္းသိမ္း တိုက္ပြဲတြင္ စစ္ေကာင္စီဘက္မွ စစ္ ကူမ်ားအား ရဟတ္ယာဥ္ျဖင့္ ပို႔ေဆာင္ေပးခဲ့သလို၊ ေလ ေၾကာင္းမွ အႀကိမ္ႀကိမ္ တိုက္ခိုက္ခဲ့ေသာ္လည္း စစ္ေကာင္စီ စခန္းအား ေအာင္ျမင္စြာ သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း KNLA က ဆိုသည္

ယင္းတိုက္ပြဲအား KNLA တပ္ရင္း ၁၇၊ ၁၈၊၂၇ ၊ SOF (အထူးတပ္ဖြဲ႕) Federal Win Drone တပ္ဖြဲ႕မ်ားက ပူး ေပါင္း တိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္

ထို႔ျပင္ ယေန႔မနက္ (ေအာက္တိုဘာလ ၂၆ ရက္) တြင္ အာရွလမ္းမႀကီး ကြမ္းသီးၿခံေကြ႕၌ ဂိတ္ဖြင့္ကာ ခရီးသြား ျပည္ သူမ်ားထံမွာ ဆက္ေၾကး ေကာက္ခံေနေသာ စစ္ေကာင္စီဂိတ္အား KNLA တပ္မဟာ လုံၿခဳံေရးစစ္ ေၾကာင္းႏွင့္ က်ားသစ္နက္ စစ္ေၾကာင္းတို႔က သြားေရာက္ တိုက္ခိုက္ခဲ့ၿပီး လက္နက္ ၄ လက္ ရရွိခဲ့ေၾကာင္းလည္း KNLA တပ္မဟာ ၆ မွ တပ္မႉးႀကီးတဦးက ေျပာသည္

ၿပီးခဲ့သည့္ စက္တင္ဘာ ၂၈ ရက္တြင္လည္း ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ရွိ ဘုရားေတာင္စစ္စခန္းအား KNLA ပူးေပါင္းတပ္မ်ားက သိမ္းပိုက္ၿပီး စစ္ေကာင္စီဘက္မွ ဒုတပ္ရင္းမႉးအပါအဝင္ ၁၁ ဦးေသဆုံးခဲ့ကာ၊ လက္နက္ခဲယမ္းမ်ားလည္း ရရွိခဲ့ေၾကာင္း KNU က ထုတ္ျပန္ထား သည္

ပုံစာ – ကြီးလုံးတိုင္စခန္းမွ သိမ္းဆည္းရမိသည့္ လက္နက္မ်ား

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ်စခန်းတခု KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ဧရာဝတီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၂

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲရှိ စစ်ကောင်စီတပ် ခမရ ၃၃၉ ၏ အခြေစိုက်စခန်းတခုဖြစ်သော ကွီလုံးတိုင်စခန်းအား ယနေ့ မနက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KNLA တပ်မဟာ ၆ မှ တပ်မှူးကြီးတဦးထံ မှ သတင်း ရရှိသည်

စစ်ကောင်စီ တပ်မ တခုဖြစ်သော အမှတ် ၁၃ စစ်ဆင် ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ ခမရ ၃၃၉ တပ်ရင်းအခြေစိုက် ကွီးလုံးတိုင်စခန်းအား တိုက် ခိုက် သိမ်းပိုက်ရာတွင် စစ်ကောင်စီ တပ်သား ၁၇ ဦး လက်နက်ချခဲ့ပြီး လက်နက် ၄၃ လက်နှင့် ခဲယမ်းများစွာလည်း ရရှိခဲ့ကြောင်း သိရသည်

အဆိုပါ စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ် ကူများအား ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သလို၊ လေ ကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီ စခန်းအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNLA က ဆိုသည်

ယင်းတိုက်ပွဲအား KNLA တပ်ရင်း ၁၇၊ ၁၈၊၂၇ ၊ SOF (အထူးတပ်ဖွဲ့) Federal Win Drone တပ်ဖွဲ့များက ပူး ပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်

ထို့ပြင် ယနေ့မနက် (အောက်တိုဘာလ ၂၆ ရက်) တွင် အာရှလမ်းမကြီး ကွမ်းသီးခြံကွေ့၌ ဂိတ်ဖွင့်ကာ ခရီးသွား ပြည် သူများထံမှာ ဆက်ကြေး ကောက်ခံနေသော စစ်ကောင်စီဂိတ်အား KNLA တပ်မဟာ လုံခြုံရေးစစ် ကြောင်းနှင့် ကျားသစ်နက် စစ်ကြောင်းတို့က သွားရောက် တိုက်ခိုက်ခဲ့ပြီး လက်နက် ၄ လက် ရရှိခဲ့ကြောင်းလည်း KNLA တပ်မဟာ ၆ မှ တပ်မှူးကြီးတဦးက ပြောသည်

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်တွင်လည်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုရားတောင်စစ်စခန်းအား KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ပြီး စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦးသေဆုံးခဲ့ကာ၊ လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထား သည်

ပုံစာ – ကွီးလုံးတိုင်စခန်းမှ သိမ်းဆည်းရမိသည့် လက်နက်များ

Leave a Reply

Your email address will not be published. Required fields are marked *