“သူ႔ေယာက်ၤားဆီ ဖုန္းဆက္ၿပီး CDM လုပ္ဖို႔ ေျပာခိုင္းတာေတာ့ ရွိတယ္”

ပုလဲ ပအဖ႐ုံး ေလေၾကာင္းက စီးနင္းခံရၿပီး ဖမ္းထားတဲ့ စကစ အရာရွိဇနီးနဲ႔ ပ်ဴ၊ဒလန္ေတြကို စစ္အုပ္စုက ေခၚထုတ္သြားတဲ့ အေျခအေန ေမးျမန္းခ်က္၊

MFP ၊ ေအာက္တိုဘာ – ၂၆

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္ ေတာင္ေပၚေဒသျဖစ္တဲ့ ဖလံပင္႐ြာအနီးက ပုလဲၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးနဲ႔ ျပည္သူ႔ကာကြယ္ေရး႐ုံးေတြ စစ္ရဟတ္ယာဥ္ ငါးစီးနဲ႔ စီးနင္းပစ္ခတ္ခံခဲ့ရေမယ့္ ပကဖနဲ႔ ပအဖ အဖြဲ႕ဝင္တစ္ဦးတစ္ေယာက္မွ် ထိခိုက္ျခင္းမရွိဘဲ ေရွာင္တိမ္းလိုက္ႏိုင္တယ္လို႔ ပုလဲၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕(ပ.အ.ဖ) ဥကၠဌလည္းျဖစ္ လႊတ္ေတာ္အမတ္လည္းျဖစ္တဲ့ ဦးေဇာ္ထက္က MFP ကို ေျပာပါတယ္

မေန႔ ေအာက္တိုဘာ (၂၅) ရက္ ေန႔လယ္ (၃) နာရီဝန္းက်င္ေလာက္က ပုလဲနယ္ ပအဖနဲ႔ ပကဖ ႐ုံးေနရာကို စစ္အုပ္စုက ရဟတ္ယာဥ္ေတြနဲ႔ စီးနင္းခဲ့တာ ျဖစ္ပါတယ္

အဲ့ဒီ ပုလဲၿမိဳ႕နယ္ (ပ.က.ဖ) နဲ႔ (ပ.အ.ဖ) ႐ုံးအေျခစိုက္ရာေနရာမွာ ၿမိဳ႕နယ္အတြင္း ရာဇဝတ္မႈက်ဴးလြန္ထားတဲ့ ပ်ဴနဲ႔ ဒလန္အခ်ိဳ႕ကို ဖမ္းဆီးထိန္းသိမ္းထားၿပီး စစ္အုပ္စုက အဲ့ဒီ ပ်ဴနဲ႔ဒလန္ေတြကို ျပန္ေခၚထုတ္သြားတယ္လို႔ ဆိုပါတယ္

ဒါ့အျပင္ အခုလအေစာပိုင္းမွာ စစ္အုပ္စုသစၥာခံ အရာရွိတစ္ဦးရဲ႕ ဇနီးျဖစ္သူကို ကာကြယ္ေရးတပ္ဖြဲ႕ေတြက ဖမ္းဆီးထိန္းသိမ္းထားရာ အဆိုပါ အမ်ိဳးသမီးကိုလည္း စစ္အုပ္စုက ရဟတ္ယာဥ္နဲ႔ ေခၚေဆာင္သြားတယ္လို႔ ဆိုပါတယ္

လက္ရွိမွာေတာ့ စစ္အုပ္စုက အင္အား (၁၀၀)ေလာက္နဲ႔ ဆက္လက္ စီးနင္းေသာင္းက်န္းေနၿပီး ဖလံပင္႐ြာ အပါအဝင္ အနီးအနားက ႐ြာေတြကို မီးရႈိ႕ေနတယ္လို႔ဆိုပါတယ္

ပုလဲၿမိဳ႕နယ္ ပအဖ႐ုံး စီးနင္းခံရၿပီး ေနာက္ဆက္တြဲ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ပုလဲနယ္ (ပ.အ.ဖ ) ဥကၠဌကို MFP က ဆက္သြယ္ ေမးျမန္းထားပါတယ္

ပုလဲၿမိဳကနယ္ ပအဖ၊ ပလဖ ႐ုံးကို ေလေၾကာင္းကေန ပစ္ခတ္စီးနင္းခဲ့တာနဲ႔ ပတ္သက္ၿပီး စစ္အုပ္စုဘက္က သတင္းျဖန႔္ရာမွာ ၿပီးခဲ့တဲ့ ေအာက္တိုဘာ(၁၂)ရက္က မေကြးတိုင္း ဂန႔္ေဂါနယ္က စစ္ေကာင္စီသစၥာခံ အရာရွိတစ္ေယာက္ရဲ႕ ဇနီး မုံ႐ြာႏွင့္ ေက်ာၿမိဳ႕ၾကားမွာ အဖမ္းခံရၿပီးေနာက္ အဲ့ဒီအမ်ိဳးသမီးကို ကယ္ထုတ္တာလို႔ ဆိုပါတယ္

အဲ့ဒီ စစ္ေကာင္စီ သစၥာခံရဲ႕ ဇနီးကို ကယ္ထုတ္ဖို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ယင္းမာပင္နယ္ ရင္ေပါင္တိုင္႐ြာကို စီးနင္းခဲ့ေသးၿပီး ရင္ေပါင္တိုင္မွာ မေတြ႕လို႔ ဖလံပင္႐ြာကို ဆက္လက္ စီးနင္းတာလို႔ စစ္အုပ္စုက သတင္းျဖန႔္ပါတယ္။ မေန႔က ညေနပိုင္း ဖလံပင္႐ြာအနီး စီးနင္းမႈမွာ အရာရွိဇနီး အပါအဝင္ စုစုေပါင္း (၂၆)ေယာက္ကို ကယ္ထုတ္ႏိုင္ခဲ့ၿပီး PDF ေတြနဲ႔ တိုက္ပြဲျဖစ္ပြားခ်ိန္ အေလာင္းနဲ႔ လက္နက္တခ်ိဳ႕ သိမ္းဆည္းရရွိတယ္လို႔လည္း စစ္အုပ္စုက ဆိုပါတယ္

==============

“သူ့ယောင်္ကျားဆီ ဖုန်းဆက်ပြီး CDM လုပ်ဖို့ ပြောခိုင်းတာတော့ ရှိတယ်”

ပုလဲ ပအဖရုံး လေကြောင်းက စီးနင်းခံရပြီး ဖမ်းထားတဲ့ စကစ အရာရှိဇနီးနဲ့ ပျူ၊ဒလန်တွေကို စစ်အုပ်စုက ခေါ်ထုတ်သွားတဲ့ အခြေအနေ မေးမြန်းချက်၊

MFP ၊ အောက်တိုဘာ – ၂၆

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တောင်ပေါ်ဒေသဖြစ်တဲ့ ဖလံပင်ရွာအနီးက ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးရုံးတွေ စစ်ရဟတ်ယာဉ် ငါးစီးနဲ့ စီးနင်းပစ်ခတ်ခံခဲ့ရမေယ့် ပကဖနဲ့ ပအဖ အဖွဲ့ဝင်တစ်ဦးတစ်ယောက်မျှ ထိခိုက်ခြင်းမရှိဘဲ ရှောင်တိမ်းလိုက်နိုင်တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ) ဥက္ကဌလည်းဖြစ် လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးဇော်ထက်က MFP ကို ပြောပါတယ်

မနေ့ အောက်တိုဘာ (၂၅) ရက် နေ့လယ် (၃) နာရီဝန်းကျင်လောက်က ပုလဲနယ် ပအဖနဲ့ ပကဖ ရုံးနေရာကို စစ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ စီးနင်းခဲ့တာ ဖြစ်ပါတယ်

အဲ့ဒီ ပုလဲမြို့နယ် (ပ.က.ဖ) နဲ့ (ပ.အ.ဖ) ရုံးအခြေစိုက်ရာနေရာမှာ မြို့နယ်အတွင်း ရာဇဝတ်မှုကျူးလွန်ထားတဲ့ ပျူနဲ့ ဒလန်အချို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်အုပ်စုက အဲ့ဒီ ပျူနဲ့ဒလန်တွေကို ပြန်ခေါ်ထုတ်သွားတယ်လို့ ဆိုပါတယ်

ဒါ့အပြင် အခုလအစောပိုင်းမှာ စစ်အုပ်စုသစ္စာခံ အရာရှိတစ်ဦးရဲ့ ဇနီးဖြစ်သူကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားရာ အဆိုပါ အမျိုးသမီးကိုလည်း စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်

လက်ရှိမှာတော့ စစ်အုပ်စုက အင်အား (၁၀၀)လောက်နဲ့ ဆက်လက် စီးနင်းသောင်းကျန်းနေပြီး ဖလံပင်ရွာ အပါအဝင် အနီးအနားက ရွာတွေကို မီးရှို့နေတယ်လို့ဆိုပါတယ်

ပုလဲမြို့နယ် ပအဖရုံး စီးနင်းခံရပြီး နောက်ဆက်တွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ ပုလဲနယ် (ပ.အ.ဖ ) ဥက္ကဌကို MFP က ဆက်သွယ် မေးမြန်းထားပါတယ်

ပုလဲမြိုကနယ် ပအဖ၊ ပလဖ ရုံးကို လေကြောင်းကနေ ပစ်ခတ်စီးနင်းခဲ့တာနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ(၁၂)ရက်က မကွေးတိုင်း ဂန့်ဂေါနယ်က စစ်ကောင်စီသစ္စာခံ အရာရှိတစ်ယောက်ရဲ့ ဇနီး မုံရွာနှင့် ကျောမြို့ကြားမှာ အဖမ်းခံရပြီးနောက် အဲ့ဒီအမျိုးသမီးကို ကယ်ထုတ်တာလို့ ဆိုပါတယ်

အဲ့ဒီ စစ်ကောင်စီ သစ္စာခံရဲ့ ဇနီးကို ကယ်ထုတ်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ယင်းမာပင်နယ် ရင်ပေါင်တိုင်ရွာကို စီးနင်းခဲ့သေးပြီး ရင်ပေါင်တိုင်မှာ မတွေ့လို့ ဖလံပင်ရွာကို ဆက်လက် စီးနင်းတာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ မနေ့က ညနေပိုင်း ဖလံပင်ရွာအနီး စီးနင်းမှုမှာ အရာရှိဇနီး အပါအဝင် စုစုပေါင်း (၂၆)ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး PDF တွေနဲ့ တိုက်ပွဲဖြစ်ပွားချိန် အလောင်းနဲ့ လက်နက်တချို့ သိမ်းဆည်းရရှိတယ်လို့လည်း စစ်အုပ်စုက ဆိုပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *