သနတ္ကိုင္ထားၿပီး တုတ္ၿပီးဓားၿပီးဟုနာမည္ႀကီးေနသည့္ ရဲဗလတံဆိပ္ရ ရာအိမ္မႉးတစ္ဦး ခုႏွစ္ခ်က္ ပစ္ခံရၿပီး ဆီး၊ဝမ္းမ်ားထြက္က်

CjPlatform🖋️ကိုေပါက္

ေျမာက္ဥကၠလာပၿမိဳ႕နယ္ ဌ ရပ္ကြက္တြင္ ယေန႔နံနက္ပိုင္းက နာမည္ႀကီး ရဲဗလတံဆိပ္ရ တုတ္ၿပီးဓားၿပီး ရာအိမ္မႉးတစ္ဦး ေသနတ္ျဖင့္ခုႏွစ္ခ်က္ပစ္ခံရကာ ဆီး၊ဝမ္းမ်ားထြက္က်ၿပီး ေသဆုံးသြားသည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ ယေန႔ နံနက္ကိုးနာရီက ဆိုင္ကယ္ျဖင့္သြားစဥ္ သဇင္လမ္းေထာင့္အေရာက္၌ အမည္မသိသူအခ်ိဳ႕က ပစ္ခတ္ခံရတာျဖစ္သည္ဟု ရပ္ကြက္ေနသူတစ္ဦးက CJ Platform ကိုေျပာသည္

“ေသနတ္နဲ႔ ဆယ္ခ်က္ေလာက္ဝိုင္းပစ္တာ လည္းပင္းေတြဗိုက္ေတြ ရင္ဘတ္ေတြမွာ ဒဏ္ရာရတယ္ လူနာတင္ယာဥ္နဲ႔ စစ္တပ္ကလာသယ္တာ ပုဆိုးထဲမွာ အီးေတြထြက္က်ေနလို႔ ႐ြံလို႔မကိုင္ၾကဘူး ေဆး႐ုံေရာက္မွ ေသတာျဖစ္မယ္”ဟုေျပာသည္

ေသနတ္ျဖင့္ပစ္ခတ္ခံရသူ ရာအိမ္မႈးဦးစိုးစိုးကို စစ္ေကာင္စီတပ္ မဂ္လာဒုံခုတင္ ၁၀၀၀ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ေသာ္လည္း ေသဆုံးသြားခဲ့ၿပီးေနာက္ စစ္ ေကာင္စီတပ္က ထုတ္ေပးထားသည့္ ေသနတ္ကို ျပန္သိမ္းသြားသည္ဟု စစ္တပ္ႏွင့္နီးစပ္သူတစ္ဦးက CJ Platform ကိုေျပာသည္

“သူက ရပ္ကြက္လူမိုက္ တုတ္ၿပီးဓားၿပီးတယ္လို႔ေျပာတယ္၊ ဒီႏွစ္ထဲမွာပဲ ေဖေဖာ္ဝါရီလကုန္ပိုင္းက သူ႔ကိုပစ္ေသးတယ္ အဲ့ဒီတုန္းကလည္း မေသဘူး အခုေတာ့ ေသသြားၿပီ”ဟု ရွင္းျပသည္

လက္ရွိအေျခအေနတြင္ စစ္ေကာင္စီတပ္က ဌ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ တပ္စြဲထားၿပီး လမ္းသြားလမ္းလာႏွ င့္ဆိုင္ကယ္ေတြကို စစ္ေဆးေနသည္ဟု ရပ္ကြက္ေနသူေတြဆီက သိရသည္

ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၄ ရက္ကလည္း ရာအိမ္မႉးဦးစိုးစိုး အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ ေနအိမ္သို႔ ဆိုင္ကယ္ျဖင့္ ျပန္လာစဥ္ ေသနတ္ျဖင့္ပစ္ခတ္ခံရသည့္ ျဖစ္စဥ္လည္း ရွိသည္။ယခုပစ္ခတ္ရွင္းလင္းမႈကို မည္သည့္အဖြဲ႕က လုပ္ ေဆာင္ခဲ့ေၾကာင္းကို သီးျခား ထုတ္ျပန္လာျခင္း မရွိေသးေပ

ရန္ကုန္တြင္ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ပစ္ခတ္မႈႏွင့္ ဗုံးေပါက္ကြဲမႈေတြေၾကာင့္ ေသဆုံးသူႏွင့္ ဒဏ္ရာရသူမ်ားရွိသည္

==========

သနတ်ကိုင်ထားပြီး တုတ်ပြီးဓားပြီးဟုနာမည်ကြီးနေသည့် ရဲဗလတံဆိပ်ရ ရာအိမ်မှူးတစ်ဦး ခုနှစ်ချက် ပစ်ခံရပြီး ဆီး၊ဝမ်းများထွက်ကျ

CjPlatform🖋️ကိုပေါက်

မြောက်ဥက္ကလာပမြို့နယ် ဌ ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက နာမည်ကြီး ရဲဗလတံဆိပ်ရ တုတ်ပြီးဓားပြီး ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ခုနှစ်ချက်ပစ်ခံရကာ ဆီး၊ဝမ်းများထွက်ကျပြီး သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ယနေ့ နံနက်ကိုးနာရီက ဆိုင်ကယ်ဖြင့်သွားစဉ် သဇင်လမ်းထောင့်အရောက်၌ အမည်မသိသူအချို့က ပစ်ခတ်ခံရတာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်

“သေနတ်နဲ့ ဆယ်ချက်လောက်ဝိုင်းပစ်တာ လည်းပင်းတွေဗိုက်တွေ ရင်ဘတ်တွေမှာ ဒဏ်ရာရတယ် လူနာတင်ယာဉ်နဲ့ စစ်တပ်ကလာသယ်တာ ပုဆိုးထဲမှာ အီးတွေထွက်ကျနေလို့ ရွံလို့မကိုင်ကြဘူး ဆေးရုံရောက်မှ သေတာဖြစ်မယ်”ဟုပြောသည်

သေနတ်ဖြင့်ပစ်ခတ်ခံရသူ ရာအိမ်မှုးဦးစိုးစိုးကို စစ်ကောင်စီတပ် မဂ်လာဒုံခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ပြီးနောက် စစ် ကောင်စီတပ်က ထုတ်ပေးထားသည့် သေနတ်ကို ပြန်သိမ်းသွားသည်ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်

“သူက ရပ်ကွက်လူမိုက် တုတ်ပြီးဓားပြီးတယ်လို့ပြောတယ်၊ ဒီနှစ်ထဲမှာပဲ ဖေဖော်ဝါရီလကုန်ပိုင်းက သူ့ကိုပစ်သေးတယ် အဲ့ဒီတုန်းကလည်း မသေဘူး အခုတော့ သေသွားပြီ”ဟု ရှင်းပြသည်

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်က ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားပြီး လမ်းသွားလမ်းလာနှ င့်ဆိုင်ကယ်တွေကို စစ်ဆေးနေသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်ကလည်း ရာအိမ်မှူးဦးစိုးစိုး အုပ်ချုပ်ရေးမှူးရုံးမှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ဖြစ်စဉ်လည်း ရှိသည်။ယခုပစ်ခတ်ရှင်းလင်းမှုကို မည်သည့်အဖွဲ့က လုပ် ဆောင်ခဲ့ကြောင်းကို သီးခြား ထုတ်ပြန်လာခြင်း မရှိသေးပေ

ရန်ကုန်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူများရှိသည်

Leave a Reply

Your email address will not be published. Required fields are marked *